SIN DING THU 42
LA 103 လူ့အသွင်ဆု သိုးထိန်းများ
A Kiseh Pasalte Tungah Na Lungdamna Lak In
“A sangna munah a pai toh ciangin . . . mite tungah letsong a pia hi.”—EFE. 4:8.
အာရုံစိုက်ရာ
ကျွန်တော်တို့ကို အသင်းတော် အမှုထမ်းတွေ၊ အကြီးအကဲတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေ ဘယ်လို ကူညီပေးသလဲ။ သူတို့ရဲ့ လုပ်ဆောင်မှုကို ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လို ပြနိုင်သလဲ။
1. Jesuh’ hong piak letsong pawlkhat in bang ahiam?
ယေရှုလောက် ရက်ရောတဲ့လူ မရှိဘူး။ မြေကြီးပေါ် ရှိစဉ် လူတွေကို ကူညီပေးဖို့ အံ့ဖွယ်တန်ခိုး မတွန့်မတို သုံးခဲ့တယ်။ (လု. ၉:၁၂-၁၇) အသက်စွန့်ခြင်းအားဖြင့် အကြီးမြတ်ဆုံး လက်ဆောင် ပေးခဲ့တယ်။ (ယော. ၁၅:၁၃) ရှင်ပြန်ထမြောက်ပြီးနောက်မှာလည်း ဆက်ရက်ရောနေတုန်းပဲ။ ကျွန်တော်တို့ကို သွန်သင်ပေးမယ့်၊ နှစ်သိမ့်ပေးမယ့် သန့်ရှင်းသော စွမ်းအားတော်ကို ယေဟောဝါဘုရားဆီကနေ တောင်းပေးမယ်လို့ ကတိပေးခဲ့တဲ့အတိုင်း တောင်းပေးနေတယ်။ (ယော. ၁၄:၁၆၊ ၁၇၊ အောက်ခြေမှတ်ချက်။ ၁၆:၁၃) ကမ္ဘာတစ်ဝန်းမှာ လူတွေကို တပည့်ဖြစ်စေနိုင်ဖို့ အသင်းတော် အစည်းအဝေးတွေကတစ်ဆင့် ကျွန်တော်တို့ လိုအပ်တာတွေ ဆက်ပြင်ဆင်ပေးနေတယ်။—မ. ၂၈:၁၈-၂၀။
2. Efesa 4:7, 8 ah a kigen ‘letsongin’ Jesuh hong piakte lakah kuate kihel uh a hiam?
၂ ရက်ရောကြောင်း နောက်တစ်နည်းနဲ့လည်း ယေရှု ပြတယ်။ ယေရှု ကောင်းကင်တက်သွားပြီးနောက် “လူတွေကို လက်ဆောင်အဖြစ် ပြန်ပေးတယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (ဧဖက် ၄:၇၊ ၈ ကို ဖတ်ပါ။) အသင်းတော်ကို နည်းမျိုးစုံနဲ့ ထောက်မဖို့ ပေးတာပါ။ (ဧ. ၁:၂၂၊ ၂၃။ ၄:၁၁-၁၃) ဒီနေ့ခေတ်မှာ “လက်ဆောင်အဖြစ်” ယေရှု ပေးထားသူတွေထဲမှာ အသင်းတော် အမှုထမ်းတွေ၊ အကြီးအကဲတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေ ပါတယ်။a မစုံလင်သူတွေ ဖြစ်လို့ သူတို့ မှားတတ်ကြတယ်။ (ယာ. ၃:၂) ဒါပေမဲ့ ကျွန်တော်တို့ကို ကူညီပေးဖို့ သူတို့ကို သခင် ယေရှုခရစ် သုံးနေတယ်။
3. A kiseh pasalte’ nasep bangci panpih thei i hiam? Gentehna pia in.
၃ အသင်းတော်ကို တည်ဆောက်ဖို့ ခန့်အပ်ခံ အမျိုးသားတွေကို ယေရှု တာဝန်ပေးထားတယ်။ (ဧ. ၄:၁၂) ဒီအရေးကြီးတာဝန်ကို သူတို့ ကျေပွန်နိုင်ဖို့ ကျွန်တော်တို့အားလုံး ဝိုင်းထောက်မနိုင်တယ်။ ဒါကို အစည်းအဝေးခန်းမ ဆောက်လုပ်ရေးနဲ့ နှိုင်းယှဉ်နိုင်တယ်။ တချို့က ဆောက်တယ်။ တချို့က ဆောက်လုပ်ရေး ညီအစ်ကို/မတွေကို ထောက်မတဲ့အနေနဲ့ အစားအသောက် ပြင်ဆင်ပေးတယ်။ အစားအသောက်တွေ၊ ပစ္စည်းတွေ သယ်ပို့ပေးတယ်။ တခြားလုပ်ပေးစရာ ရှိတာတွေ လုပ်ပေးတယ်။ အဲဒီလိုပဲ အသင်းတော်ကို တည်ဆောက်ပေးနေတဲ့ အသင်းတော် အမှုထမ်းတွေ၊ အကြီးအကဲတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေကို အပြောအဆို၊ လုပ်ရပ်အားဖြင့် ကျွန်တော်တို့အားလုံး ထောက်မနိုင်တယ်။ သူတို့ကြောင့် ကျွန်တော်တို့ ဘယ်လို အကျိုးရနေသလဲ။ သူတို့နဲ့ သူတို့ကို “လက်ဆောင်အဖြစ်” ပေးထားတဲ့ ယေရှုကို ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လို ပြနိုင်သလဲ။
‘MIDANGTE A HUH’ PAWLPI NASEMTE
4. Kum zalom masa lai-a pawlpi nasemte ii ‘midangte a huh’ dan pawlkhat in bang ahiam?
၄ ပထမရာစုမှာ အသင်းတော် အမှုထမ်းအဖြစ် ညီအစ်ကိုတချို့ ခန့်အပ်ခံရတယ်။ (၁ တိ. ၃:၈) ပေါလု ပြောတဲ့ “ထောက်ပံ့မစသူ” ဆိုတာ အသင်းတော် အမှုထမ်းတွေ ဖြစ်ပုံရတယ်။ (၁ ကော. ၁၂:၂၈) သွန်သင်ခြင်း၊ သိုးထိန်းခြင်းလုပ်ငန်းကို အကြီးအကဲတွေ အာရုံစိုက်နိုင်ဖို့ တခြားအရေးကြီး ကိစ္စအဝဝကို သူတို့ ဆောင်ရွက်ပေးကြပုံပဲ။ ဥပမာ၊ ကျမ်းစောင်တွေ ကူးရေးဖို့ ကူညီပေးတာ၊ ကူးရေးရာမှာ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ခြမ်းပေးတာ ဖြစ်နိုင်တယ်။
5. Tu huna pawlpi nasemte ii midangte a huh dan pawlkhat in bang ahiam?
၅ ကိုယ့်အသင်းတော်ကို အသင်းတော် အမှုထမ်းတွေ ထောက်ပံ့မစနေတဲ့ နည်းတချို့ စဉ်းစားကြည့်ပါ။ (၁ ပေ. ၄:၁၀) အသင်းတော် စာရင်းအင်းတွေ၊ ရပ်ကွက်တွေ စီမံခန့်ခွဲဖို့၊ အသင်းတော်အတွက် စာပေတွေ မှာယူဖို့၊ ရုပ်သံ စက်ပစ္စည်းတွေ ကိုင်တွယ်ဖို့၊ ဧည့်ကြိုလုပ်ဖို့၊ အစည်းအဝေးခန်းမ ထိန်းသိမ်းရာမှာ ကူညီဖို့ သူတို့ တာဝန်ရထားနိုင်တယ်။ အသင်းတော် စည်းစနစ်တကျ လည်ပတ်ဖို့ သိပ်အရေးပါတဲ့ တာဝန်တွေပါပဲ။ (၁ ကော. ၁၄:၄၀) ဒါ့အပြင် တချို့က အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးမှာ တာဝန်တွေ ကျတယ်။ လူထုဟောပြောချက်တွေ ပေးရတယ်။ အုပ်စုကြီးကြပ်မှူးကို ကူညီဖို့ တာဝန်ရထားနိုင်တယ်။ အရည်အချင်း ပြည့်မီတဲ့ အသင်းတော် အမှုထမ်းတွေဟာ အကြီးအကဲတွေနဲ့အတူ သိုးထိန်းလည်ပတ်မှု လိုက်ရနိုင်တယ်။
6. Nasep a hahkat pawlpi nasemte tungah i lungdamna a hang pawlkhat in bang a hiam?
၆ အသင်းတော် အမှုထမ်းတွေကြောင့် အသင်းတော် ဘယ်လို အကျိုးရနေသလဲ။ “အသင်းတော် အမှုထမ်းတွေရဲ့ ကျေးဇူးကြောင့်သာ အစည်းအဝေးတွေကနေ အကျိုးအပြည့်အဝ ရနေတာ၊ သီချင်းဆိုနိုင်တာ၊ မှတ်ချက်ပေးနိုင်တာ၊ ဟောပြောချက် နားထောင်နိုင်တာ၊ ဗီဒီယိုတွေ၊ ရုပ်ပုံတွေကနေ သင်ယူနိုင်တာပါ။ သူတို့က အသင်းတော် လုံခြုံရေး တာဝန်ယူပေးတယ်။ လူကိုယ်တိုင် အစည်းအဝေး လာမတက်နိုင်သူတွေအတွက် ဗီဒီယို ချိတ်ဆက်ပေးတယ်။ အစည်းအဝေး ပြီးရင်လည်း သန့်ရှင်းရေး လုပ်ရာမှာ ဦးဆောင်တယ်။ စာရင်းအင်းတွေ လုပ်တယ်။ လိုအပ်တဲ့ စာပေတွေ ရှိနေအောင် စီစဉ်ပေးတယ်။ သူတို့ကို သိပ်ကျေးဇူးတင်တယ်” လို့ ဘိုလီးဗီးယားနိုင်ငံက ညီအစ်မ ဘယ်ဘာလီb ပြောတယ်။ ကိုလံဘီယာနိုင်ငံက အကြီးအကဲဇနီး ညီအစ်မ လက်စလီလည်း ဒီလိုပြောတယ်– “ကျွန်မခင်ပွန်း တာဝန်အမျိုးမျိုး ကျေပွန်နိုင်ဖို့ အသင်းတော် အမှုထမ်းတွေကို အားကိုးနေရတယ်။ သူတို့သာ မကူညီရင် တာဝန်တွေ ပိနေမှာ။ အားကြိုးမာန်တက်၊ တလိုတလား ကူညီပေးကြလို့ ကျေးဇူးတင်မိတယ်။” သင်လည်း အဲဒီလိုခံစားရတယ် မဟုတ်လား။—၁ တိ. ၃:၁၃။
7. Pawlpi nasemte tungah i lungdamna bangci lak thei i hiam? (Lim zong en in.)
၇ အသင်းတော် အမှုထမ်းတွေကို ကျေးဇူးတင်တယ်လို့ ခံစားကြရမှာပါ။ ဒါပေမဲ့ ကျေးဇူးတင်ကြောင်း ပြဖို့ ကျမ်းစာ အားပေးတယ်။ (ကော. ၃:၁၅) ကျေးဇူးတင်ကြောင်း ပြတဲ့အနေနဲ့ “ကတ်လေးတွေ၊ စာတိုလေးတွေ ပို့တယ်။ အထဲမှာ ကျမ်းပိုဒ်တစ်ပိုဒ် ရေးတယ်။ သူတို့ကြောင့် အားရှိသွားရတဲ့ သတ်သတ်မှတ်မှတ် အကြောင်းရင်းတစ်ခု ဒါမှမဟုတ် ကျေးဇူးတင်မိတဲ့ အချက်တစ်ချက် ထည့်ရေးတယ်” လို့ ဖင်လန်နိုင်ငံက အကြီးအကဲ ညီအစ်ကို ခရှီရှတော့ဖ် ပြောတယ်။ နယူးကယ်လီဒိုးနီးယားနိုင်ငံက ပါစကယ်နဲ့ ဇီအယ်တို့ ဇနီးမောင်နှံလည်း အသင်းတော် အမှုထမ်းတွေအတွက် သတ်သတ်မှတ်မှတ် ဆုတောင်းပေးတယ်။ “ဒီနောက်ပိုင်း ဆုတောင်းတဲ့အခါ အသင်းတော် အမှုထမ်းတွေကို ကူညီထောက်မပေးပါလို့ ထည့်တောင်းဖြစ်တယ်။ သူတို့ကို ပေးထားတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းတယ်” လို့ ညီအစ်ကို ပါစကယ် ပြောတယ်။ ဒီလိုဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားပေးလို့ အသင်းတော်တစ်ခုလုံး အကျိုးရတယ်။—၂ ကော. ၁:၁၁။
“NASEP A HAHKAT” PAWLPI UPATE
8. Paul in kum zalom masa lai-a pawlpi upate pen “nasep a hahkatte,” ci-in bang hangin gen a hiam? (1 Thesalonika 5:12, 13, ZSV)
၈ ပထမရာစု အကြီးအကဲတွေဟာ အသင်းတော်အတွက် အလုပ်ကြိုးစားကြတယ်။ (၁ သက်သာလောနိတ် ၅:၁၂၊ ၁၃ ကို ဖတ်ပါ။ ၁ တိ. ၅:၁၇) အစည်းအဝေးတွေ ကျင်းပခြင်း၊ အကြီးအကဲအဖွဲ့လိုက် ဆုံးဖြတ်ချက်တွေ ချခြင်းအားဖြင့် အသင်းတော်ကို “ဦးစီး” ကြတယ်။ ညီအစ်ကို/မတွေကို ကာကွယ်ပေးဖို့ သတ်သတ်မှတ်မှတ်၊ မေတ္တာပါပါ “အကြံပေးဆုံးမ” ကြတယ်။ (၁ သက်. ၂:၁၁၊ ၁၂။ ၂ တိ. ၄:၂) ဒါ့အပြင် မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ကြရတယ်။ ယေဟောဝါနဲ့ ကိုယ့်မိသားစု ဆက်ဆံရေး ခိုင်မြဲနေဖို့ ကြိုးစားကြရတယ်။—၁ တိ. ၃:၂၊ ၄။ တိ. ၁:၆-၉။
9. Tu huna pawlpi upate’ tavuan pawlkhat in bang a hiam?
၉ ဒီနေ့ခေတ် အကြီးအကဲတွေဟာ အလုပ်များကြတယ်။ သူတို့ဟာ သတင်းကောင်း ဟောပြောသူတွေ ဖြစ်တယ်။ (၂ တိ. ၄:၅) ရှေ့ကနေ စံနမူနာပြပြီး ထက်ထက်သန်သန် ဟောပြောတယ်။ အသင်းတော် ရပ်ကွက်မှာ ဟောပြောဖို့ စီစဉ်ပေးတယ်။ ကျွန်တော်တို့ ထိထိရောက်ရောက် ဟောပြောသွန်သင်တတ်ဖို့ လေ့ကျင့်ပေးတယ်။ အကြီးအကဲတွေဟာ ကရုဏာရှိတဲ့၊ မျက်နှာမလိုက်တဲ့ တရားသူကြီးတွေလည်း ဖြစ်တယ်။ အသင်းတော်ထဲက တစ်ယောက်ယောက် ကြီးလေးတဲ့အပြစ် လုပ်တဲ့အခါ ယေဟောဝါနဲ့ သူ ဆက်ဆံရေး ပြန်ကောင်းဖို့ ကြိုးစားကူညီပေးတယ်။ တစ်ချိန်တည်းမှာ အသင်းတော် စင်ကြယ်နေဖို့လည်း ဂရုစိုက်တယ်။ (၁ ကော. ၅:၁၂၊ ၁၃။ ဂလ. ၆:၁) အဓိကကတော့ အကြီးအကဲတွေဟာ သိုးထိန်းတွေ ဖြစ်တယ်။ (၁ ပေ. ၅:၁-၃) ကျမ်းစာဟောပြောချက်တွေ သေသေချာချာ ပြင်ဆင်ပြီး ပေးတယ်။ အသင်းတော်မှာ ရှိသူအားလုံးအကြောင်း သိဖို့ ကြိုးစားတယ်။ သိုးထိန်းလည်ပတ်မှုတွေ လုပ်တယ်။ တချို့ဆိုရင် တခြားတာဝန်တွေ ရှိတဲ့ကြားက အစည်းအဝေးခန်းမ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေး၊ အစည်းအဝေးကြီး စီစဉ်ကွပ်ကဲရေး၊ ဆေးရုံဆက်သွယ်ရေး ကော်မတီနဲ့ လူနာလည်ပတ်ရေးအုပ်စုတွေမှာ ကူညီတယ်။ တကယ် အလုပ်ကြိုးစားသူတွေပါပဲ။
10. Nasep a hahkat pawlpi upate tungah i lungdamna a hang pawlkhat in bang a hiam?
၁၀ တကယ် ထိန်းကျောင်းမယ့် သိုးထိန်းတွေကို ပေါ်ထွန်းစေမှာ ဖြစ်လို့ ကျွန်တော်တို့ “ကြောက်လန့်” စရာ မရှိဘူးလို့ ယေဟောဝါ ပြောထားတယ်။ (ယေ. ၂၃:၄) မိခင် အကြီးအကျယ် နေမကောင်း ဖြစ်ချိန်မှာ ဖင်လန်နိုင်ငံက ညီအစ်မ ယိုဟန်နာ အဲဒီလိုခံစားခဲ့ရတယ်။ “တခြားသူတွေကို ကိုယ့်အပူတွေ ထုတ်ပြောဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပဲ။ ဒါပေမဲ့ ကျွန်မ ပြောချင်လာတဲ့အချိန်မှာ အကြီးအကဲတစ်ယောက်က စိတ်ရှည်ရှည် နားထောင်ပေးတယ်။ အတူတူ ဆုတောင်းပေးတယ်။ ကျွန်မကို ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချစေတယ်။ တကယ်ဆိုရင် အဲဒီအကြီးအကဲနဲ့ အဲဒီလောက် ရင်းနှီးတာ မဟုတ်ဘူး။ သူ ဘာပြောခဲ့သလဲ ကျွန်မ အတိအကျ မမှတ်မိပေမဲ့ စိတ်လုံခြုံနွေးထွေးသွားတာကိုတော့ မှတ်မိနေတယ်။ အဲဒီအကြီးအကဲကတစ်ဆင့် ယေဟောဝါ အချိန်ကိုက် ကူညီပေးလိုက်တာပဲ” လို့ ယိုဟန်နာ ပြောတယ်။ သင့်အသင်းတော် အကြီးအကဲတွေကော သင့်ကို ဘယ်လို ကူညီပေးခဲ့သလဲ။
11. Pawlpi upate tungah i lungdamna bangci lak thei i hiam? (Lim zong en in.)
၁၁ “[အကြီးအကဲတွေ]ရဲ့ အလုပ်ကို ထောက်ပြီး” ကျေးဇူးတင်လေးမြတ်ကြောင်း ကျွန်တော်တို့ကို ယေဟောဝါ ပြစေချင်တယ်။ (၁ သက်. ၅:၁၂၊ ၁၃) ဖင်လန်နိုင်ငံက ညီအစ်မ ဟန်ရီအက်တာ ဒီလိုပြောတယ်– “အကြီးအကဲတွေ လိုလိုလားလား ကူညီပေးတယ်ဆိုတာ အချိန်၊ ခွန်အား ပိုလို့၊ ဘဝမှာ အပူအပင် ကင်းလို့ မဟုတ်ဘူး။ ဒါကြောင့် ‘ညီအစ်ကိုက တကယ့် အကြီးအကဲကောင်းပဲ။ ညီအစ်ကိုနဲ့ပတ်သက်ပြီး အဲဒီလိုခံစားရတယ်ဆိုတာ သိစေချင်လို့ပါ’ ဆိုပြီး တစ်ခါတလေ သွားပြောတယ်။” တူရကီနိုင်ငံက ညီအစ်မ ဆီရာလည်း ဒီလိုပြောတယ်– “အကြီးအကဲတွေ ရှေ့ဆက်နိုင်ဖို့ ‘လောင်စာ’ လိုတယ်။ ဒါကြောင့် ‘လောင်စာ’ ဖြည့်ပေးတဲ့အနေနဲ့ ကတ်လေးတွေ ရေးပေးလို့ရတယ်။ ထမင်း ဖိတ်ကျွေးလို့ရတယ်။ အတူတူ အမှုဆောင်လို့ရတယ်။” သင်ကော အထူးတလည် ကျေးဇူးတင်လေးမြတ်မိတဲ့ အကြီးအကဲ ရှိသလား။ ရှိတယ်ဆိုရင် နည်းလမ်း ရှာပြီး ကျေးဇူးတင်လေးမြတ်ကြောင်း ပြပါ။—၁ ကော. ၁၆:၁၈။
ခန့်အပ်ခံ အမျိုးသားတွေ ရှေ့ဆက်ဖို့ လိုအပ်တဲ့ “လောင်စာ” သင် ဖြည့်ပေးနိုင် (စာပိုဒ် ၇၊ ၁၁၊ ၁၅ ကို ကြည့်ပါ)
THA A HONG PIA KHAWKVAANTE
12. Jesuh in kum zalom masa lai-a pawlpite tungah tha a pia dingin kuate na seh a hiam? (1 Thesalonika 2:7, 8)
၁၂ အသင်းတော်အတွက် နောက်တစ်နည်းတစ်ဖုံ အမှုဆောင်ဖို့လည်း အမျိုးသားတချို့ကို ခရစ်တော် ယေရှု ခန့်အပ်ထားတယ်။ ပေါလု၊ ဗာနဗနဲ့ တခြားသူတွေကို နယ်လှည့်ကြီးကြပ်မှူးတွေအဖြစ် စေလွှတ်ဖို့ ဂျေရုဆလင်မြို့က အကြီးအကဲတွေကို ယေရှု ညွှန်ကြားတယ်။ (တ. ၁၁:၂၂) ဘာကြောင့်လဲ။ အသင်းတော် အမှုထမ်းတွေ၊ အကြီးအကဲတွေ ခန့်အပ်ရတဲ့ အကြောင်းရင်းနဲ့ အတူတူပါပဲ။ အသင်းတော်ကို အားပေးတည်ဆောက်ဖို့ပါ။ (တ. ၁၅:၄၀၊ ၄၁) တခြားသူတွေကို သွန်သင်အားပေးနိုင်ဖို့ နယ်လှည့်ကြီးကြပ်မှူးတွေဟာ အများကြီး စွန့်လွှတ်အနစ်နာခံကြတယ်။ သက်စွန့်ဆံဖျား အမှုဆောင်ရတဲ့အချိန်တွေတောင် ရှိတယ်။—၁ သက်သာလောနိတ် ၂:၇၊ ၈ ကို ဖတ်ပါ။
13. Khawkvaante’ nasep pawlkhat in bang ahiam?
၁၃ တိုက်နယ်ကြီးကြပ်မှူးတွေဟာ တစ်ချိန်လုံး ခရီးသွားရတယ်။ တချို့ဆိုရင် အသင်းတော်တစ်ခုနဲ့ တစ်ခုကြား မိုင်ပေါင်းများစွာ သွားရတယ်။ အပတ်တိုင်း ဟောပြောချက် အများကြီး ပေးရတယ်။ သိုးထိန်းလည်ပတ်မှုတွေ သွားရတယ်။ ရှေ့ဆောင်အစည်းအဝေး၊ အကြီးအကဲအစည်းအဝေး၊ လယ်ကွင်းစုဆုံမှုတွေ လုပ်ရတယ်။ တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေးတွေ စီစဉ်ရတယ်၊ ဟောပြောချက်တွေ ပြင်ဆင်ရတယ်။ ရှေ့ဆောင်သင်တန်း ပို့ချရတယ်။ တိုက်နယ်အတွင်းက ရှေ့ဆောင်တွေအတွက် အထူးအစည်းအဝေး စီစဉ်ရတယ်။ တခြားအရေးကြီးတာဝန်တွေအပြင် ဌာနခွဲရုံးက ပေးလာတဲ့ အရေးပေါ် တာဝန်တွေလည်း ရှိသေးတယ်။
14. Nasep a hahkat khawkvaante tungah i lungdamna a hang pawlkhat in bang a hiam?
၁၄ တိုက်နယ်ကြီးကြပ်မှူးတွေကြောင့် အသင်းတော်တွေ ဘယ်လို အကျိုးရသလဲ။ တိုက်နယ်လည်ပတ်မှုတွေနဲ့ပတ်သက်ပြီး တူရကီနိုင်ငံက ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “ညီအစ်ကို/မတွေကို အချိန်ပိုပေးပြီး ကူညီဖို့ တိုက်နယ်လည်ပတ်မှုတိုင်းက ကျွန်တော့်ကို လှုံ့ဆော်ပေးတယ်။ တိုက်နယ်ကြီးကြပ်မှူး အများကြီးနဲ့ ဆုံဖူးတယ်။ အလုပ်များလွန်းတဲ့ပုံစံ၊ မခေါ်မပြောချင်တဲ့ပုံစံ တစ်ယောက်မှ မဖမ်းကြဘူး။” အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ယိုဟန်နာအကြောင်း စဉ်းစားကြည့်ပါ။ အမှုဆောင်မှာ တိုက်နယ်ကြီးကြပ်မှူးနဲ့ တွဲရတယ်။ အိမ်ရှင်တစ်ယောက်မှ မတွေ့ဘူး။ “ဟောခွင့်မရပေမဲ့ အဲဒီနေ့ကို ကျွန်မ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး။ အဲဒီတုန်းက ကျွန်မရဲ့ အစ်မနှစ်ယောက်စလုံး တခြားနေရာကို ပြောင်းရွှေ့သွားခါစမို့လို့ သူတို့ကို သတိရနေတာ။ အခုအချိန်မှာ ချစ်ရသူတွေနဲ့ အတူတူ နေခွင့်ရချင်မှ ရမှာ ဖြစ်ပေမဲ့ ကမ္ဘာသစ် ရောက်ရင်တော့ တစ်သက်လုံး အတူတူ နေခွင့်ရမှာလို့ တိုက်နယ်ကြီးကြပ်မှူး အားပေးတယ်” ဆိုပြီး ယိုဟန်နာ ပြောတယ်။ ဒီလိုချစ်ခင်လေးစားစရာကောင်းတဲ့ တိုက်နယ်ကြီးကြပ်မှူး အများကြီး ရှိပါတယ်။—တ. ၂၀:၃၇–၂၁:၁။
15. (a) Johan Thumna 5-8 ah a gen bangin, khawkvaante tungah i lungdamna bangci lak thei i hiam? (Lim zong en in.) (b) A kiseh pasalte ii a zite tungah hehpih ihihlam bang hang lak kul a hiam? Bangci lak thei i hiam? (“A Zite Uh Mangngilh Kei Un,” cih kiu li bawm pen en in.)
၁၅ နယ်လှည့်ညီအစ်ကိုတွေကို ဧည့်ဝတ်ပြုဖို့၊ “သူတို့ ခရီးဆက်တဲ့အခါ ဘုရားသခင် နှစ်သက်တဲ့အတိုင်း ကူညီပေး” ဖို့ ဂါယုကို တမန်တော် ယောဟန် အားပေးတယ်။ (၃ ယောဟန် ၅-၈ ကို ဖတ်ပါ။) ကျွန်တော်တို့လည်း တိုက်နယ်ကြီးကြပ်မှူးတွေကို ကူညီပေးနိုင်တယ်။ တစ်နည်းကတော့ ထမင်းစားဖိတ်တာပါ။ နောက်တစ်နည်းကတော့ တိုက်နယ်အပတ်မှာ လယ်ကွင်းစုဆုံမှုတွေ တက်တာပါ။ တိုက်နယ်ကြီးကြပ်မှူးတွေကို အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ လက်စလီ ကျေးဇူးတင်လေးမြတ်ကြောင်း ပြတဲ့ နည်းတွေကို သတိပြုပါ။ “သူတို့ လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးတယ်။ သူတို့ဆီ ကျွန်မတို့လင်မယား စာရေးတယ်။ သူတို့လည်ပတ်မှုကြောင့် ဘယ်လို အကျိုးရခဲ့တယ်ဆိုတာ ပြောပြတယ်” လို့ လက်စလီ ပြောတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေလည်း လူထဲက လူပါပဲ။ ဖျားတတ်နာတတ်တယ်။ စိုးရိမ်စရာတွေ ရှိတယ်။ စိတ်ဓာတ်ကျတဲ့အချိန်တွေတောင် ရှိတယ်။ ကျွန်တော်တို့ရဲ့ ကြင်နာမှု ရှိတဲ့ စကားတစ်ခွန်း၊ လက်ဆောင်လေးတစ်ခုဟာ တိုက်နယ်ကြီးကြပ်မှူးရဲ့ ဆုတောင်းချက်အဖြေ ဖြစ်နေနိုင်တယ်။—ပညာ. ၁၂:၂၅။
A KISEH PASALTE I KISAM MAHMAH HI
16. Paunak 3:27-a a gen bangin, unau pasalte in amau le amau bang dotnate a kidot ding uh kisam a hiam?
၁၆ ကမ္ဘာတစ်ဝန်းမှာ ခန့်အပ်ခံ အမျိုးသားတွေ ပိုလိုအပ်လာတယ်။ သင်ဟာ နှစ်ခြင်းခံပြီးသား ညီအစ်ကိုဆိုရင် ခန့်အပ်ခံ အမျိုးသားအဖြစ် “ကူညီပေးနိုင်စွမ်း” ရှိသလား။ (ပညာအလိမ္မာ ၃:၂၇ ကို ဖတ်ပါ။) အသင်းတော် အမှုထမ်း ဖြစ်ဖို့ တက်လှမ်းချင်သလား။ အသင်းတော် အမှုထမ်း ဖြစ်နေပြီဆိုရင် အကြီးအကဲအဖြစ် ညီအစ်ကို/မတွေအကျိုး သယ်ပိုးဖို့ တက်လှမ်းချင်သလား။c သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း လျှောက်ဖို့ ဘဝမှာ အပြောင်းအလဲတွေ လုပ်နိုင်သလား။ ယေရှုအတွက် အပြည့်အဝ အသုံးတော်ခံနိုင်သူ ဖြစ်ဖို့ ဒီသင်တန်းမှာ လေ့ကျင့်ခံရမယ်။ အရည်အချင်း မပြည့်မီဘူးလို့ ခံစားရရင် ယေဟောဝါဆီ ဆုတောင်းပါ။ ရလာသမျှ ဘယ်တာဝန်ကိုမဆို ကျေပွန်နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော် တောင်းခံပါ။—လု. ၁၁:၁၃။ တ. ၂၀:၂၈။
17. Kumpi Jesuh in a kiseh pasalte hong piakna pan ama thu bang hong kilangsak a hiam?
၁၇ “လက်ဆောင်အဖြစ်” ခန့်အပ်ခံ အမျိုးသားတွေကို ပေးထားတာဟာ နောက်ဆုံးကာလအတွင်း ကျွန်တော်တို့ကို ယေရှု ဦးဆောင်နေကြောင်း သက်သေပါပဲ။ (မ. ၂၈:၂၀) ဘုရင် ယေရှုဟာ မေတ္တာရှိတယ်၊ ရက်ရောတယ်၊ ဂရုစိုက်တတ်တယ်။ ကျွန်တော်တို့ကို ဂရုစိုက်ပေးဖို့ အရည်အချင်းရှိ ညီအစ်ကိုတွေ ခန့်အပ်ပေးထားတယ်။ ဒီလိုဘုရင်မျိုး ရထားလို့ သင် ကျေးဇူးတင်တယ် မဟုတ်လား။ ဒါဆိုရင် အလုပ်ကြိုးစားတဲ့ ခန့်အပ်ခံ အမျိုးသားတွေကို အခွင့်အရေး ရှာပြီး ကျေးဇူးတင်လေးမြတ်ကြောင်း ပြပါ။ “ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင် မှန်သမျှ” ပေးထားတဲ့ ယေဟောဝါကိုလည်း ကျေးဇူးတင်လေးမြတ်ကြောင်း ပြဖို့ မမေ့ပါနဲ့။—ယာ. ၁:၁၇။
LA 99 မြောက်မြားလှတဲ့ ညီအစ်ကိုများ
a “လက်ဆောင်အဖြစ်” ယေရှု ပေးထားသူတွေထဲမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့ အကူတွေ၊ ဌာနခွဲ ကော်မတီဝင်တွေ၊ တခြားတာဝန်တွေ ထမ်းဆောင်နေတဲ့ အကြီးအကဲတွေလည်း ပါတယ်။
b အမည်လွှဲများ။
c အသင်းတော် အမှုထမ်း၊ အကြီးအကဲအဖြစ် တက်လှမ်းနိုင်ပုံအကြောင်း ထပ်ဆင့် သိချင်ရင် ၂၀၂၄၊ နိုဝင်ဘာ ကင်းမျှော်စင် မှာ ပါတဲ့ “ညီအစ်ကိုတို့၊ အသင်းတော် အမှုထမ်း ဖြစ်ဖို့ တက်လှမ်းနေသလား” ဆောင်းပါးနဲ့ “ညီအစ်ကိုတို့၊ အကြီးအကဲ ဖြစ်ဖို့ တက်လှမ်းနေသလား” ဆောင်းပါးကို ကြည့်ပါ။