ဟေရှာယ
၁၇ ဒမတ်စကတ်မြို့နဲ့ပတ်သက်တဲ့ တရားစီရင်ချက်–+
“ဒမတ်စကတ်ဟာ မြို့တစ်မြို့အဖြစ် မတည်ရှိတော့ဘူး။
အပျက်အယွင်းပုံကြီး ဖြစ်သွားမယ်။+
၂ အာရော်မြို့တွေဟာ+ လူသူဆိတ်သုဉ်းရာ ဖြစ်သွားမယ်။
သိုးအုပ်တွေ ကျက်စားတဲ့နေရာ ဖြစ်သွားမယ်။
ခြောက်လှန့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။
ကျန်ကြွင်းတဲ့ ဆီးရီးယားတွေရဲ့ ဂုဏ်ကျက်သရေဟာ
အစ္စရေးတွေရဲ့ ဂုဏ်ကျက်သရေလို ဖြစ်သွားမယ်” လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၄ “အဲဒီနေ့မှာ ယာကုပ်ရဲ့ ဂုဏ်ကျက်သရေ မှေးမှိန်သွားမယ်။
ကျန်းမာတဲ့ သူ့ခန္ဓာကိုယ်လည်း ပိန်ချုံးသွားမယ်။
၅ ကောက်နှံတွေကို စုစည်းပြီး
ရိတ်သိမ်းတဲ့အခါ
ရေဖိမ်ချိုင့်ဝှမ်းလွင်ပြင်မှာ
ကောက်သင်းကောက်ရသလိုမျိုး ဖြစ်လိမ့်မယ်။+
၆ သံလွင်ပင်ကို ရိုက်ခြွေတဲ့အခါ
ကိုင်းဖျားမှာ သံလွင်သီးမှည့် နှစ်လုံးသုံးလုံး၊
အကိုင်းမှာ လေးငါးလုံးပဲ ကောက်သင်းကောက်ဖို့ ကျန်သလိုမျိုး ဖြစ်လိမ့်မယ်”+ လို့
အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတယ်။
၇ အဲဒီနေ့မှာ လူတွေက ဖန်ဆင်းရှင်ကို မျှော်ကိုးပြီး အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ကိုပဲ ငေးမောကြည့်မယ်။ ၈ လူ့လက်နဲ့လုပ်ထားတဲ့+ ယဇ်ပလ္လင်တွေကို ကြည့်တော့မှာ မဟုတ်ဘူး။+ လူ့လက်နဲ့လုပ်ထားတဲ့ ကိုးကွယ်ရာသစ်တိုင်တွေ၊* နံ့သာပေါင်းပလ္လင်တွေကို ငေးမောကြည့်တော့မှာ မဟုတ်ဘူး။
၉ အဲဒီနေ့မှာ ခံတပ်မြို့တွေဟာ တောထဲက လူသူမရှိတဲ့နေရာလို၊+
အစ္စရေးတွေရှေ့မှာ စွန့်ပစ်ထားတဲ့ အကိုင်းအခက်လို ဖြစ်သွားမယ်။
လွင်တီးခေါင်ဖြစ်သွားမယ်။
ဒါကြောင့် လှပတဲ့အပင်တွေကို စိုက်ပြီး
သူစိမ်းရဲ့* အပင်ပေါက်ကိုလည်း စိုက်ပျိုးတယ်။
၁၁ စိုက်ခင်းကို အသေအချာ ခြံခတ်တဲ့နေ့၊
အဲဒီမနက်မှာပဲ မျိုးစေ့ဟာ အညှောက်ပေါက်လာတယ်။
ဒါပေမဲ့ ရောဂါရပြီး မပျောက်နိုင်တဲ့ဝေဒနာ ခံစားရတဲ့အတွက် ဘာကိုမှ ရိတ်သိမ်းရမှာ မဟုတ်ဘူး။+
၁၂ နားထောင်ပါ။ ပင်လယ်ရေ ဟုန်းဟုန်းထနေသလို
လူတွေ ဆူပူအုံကြွနေတယ်။
ရေထုကြီးအော်မြည်သံလို
လူမျိုးတွေရဲ့ ရုတ်ရုတ်သဲသဲ အသံတွေ ထွက်ပေါ်နေတယ်။
၁၃ လူမျိုးတွေ ရေထုကြီးလို မြည်ဟည်းလိမ့်မယ်။
ဘုရား ဆုံးမလိုက်တဲ့အတွက် အဝေးကို ထွက်ပြေးသွားကြလိမ့်မယ်။
တောင်ပေါ်မှာ လေတိုက်ရာ လွင့်သွားတဲ့ ဖွဲလို၊
လေပွေထဲပါသွားတဲ့ ဆူးခက်လို ဖြစ်သွားမယ်။
၁၄ ညနေပိုင်းမှာ ဘေးဆိုးရောက်လာတယ်။
မိုးမလင်းခင်မှာပဲ ရန်သူတွေ ပျောက်ကွယ်သွားတယ်။
ဒါဟာ ငါတို့ကို လုယက်သူတွေ ရမယ့် ဝေစု၊
ငါတို့ကို တိုက်ခိုက်သူတွေရမယ့် ဝေပုံပဲ။