-
တရားဟောရာ ၁၇:၁၄၊ ၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ “ယေဟောဝါဘုရားပေးတဲ့ ပြည်ထဲ ဝင်ရောက်သိမ်းပိုက်ပြီး နေထိုင်တဲ့အခါ ‘ပတ်ဝန်းကျင်က လူမျိုးတွေလို ဘုရင်တစ်ပါး နန်းတင်မယ်’ လို့ ခင်ဗျားတို့ ပြောလာလိမ့်မယ်။+ ၁၅ အဲဒီအခါ ယေဟောဝါဘုရား ရွေးချယ်တဲ့သူကိုပဲ နန်းတင်ရမယ်။+ အဲဒီဘုရင်ဟာ ကိုယ့်ညီအစ်ကိုတွေထဲက ဖြစ်ရမယ်။ ကိုယ့်ညီအစ်ကို မဟုတ်တဲ့ တိုင်းတစ်ပါးသား မဖြစ်ရဘူး။
-
-
၁ ရာဇဝင်ချုပ် ၁:၄၃-၅၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၃ အစ္စရေးလူမျိုးကို ဘုရင်တစ်ပါးမှ မအုပ်စိုးခင် ဧဒုံပြည်ကို+ အုပ်စိုးတဲ့ ဘုရင်တွေကတော့-+ ဗောရရဲ့သား ဗေလက ဒင်နဗာမြို့မှာ နန်းထိုင်တယ်။ ၄၄ ဗေလမင်း ကွယ်လွန်တော့ ဗောဇရမြို့က+ ဇေရရဲ့သား ယောဗပ် နန်းတက်တယ်။ ၄၅ ယောဗပ်မင်း ကွယ်လွန်တော့ တေမန်နယ်သား ဟုရှံ နန်းတက်တယ်။ ၄၆ ဟုရှံမင်း ကွယ်လွန်တော့ ဗေဒဒ်ရဲ့သား ဟာဒဒ် နန်းတက်တယ်။ မြို့တော်က အာဝိတ်မြို့။ ဟာဒဒ်က မောဘပြည်မှာ မိဒျန်လူမျိုးတွေကို အနိုင်ရခဲ့သူဖြစ်တယ်။ ၄၇ ဟာဒဒ်မင်း ကွယ်လွန်တော့ မာသရက်အရပ်သား စာမလ နန်းတက်တယ်။ ၄၈ စာမလမင်း ကွယ်လွန်တော့ ရဟောဘုတ်မြို့သား ရှောလ နန်းတက်တယ်။ အဲဒီမြို့က မြစ်နားမှာ ရှိတယ်။ ၄၉ ရှောလမင်း ကွယ်လွန်တော့ အာခဗော်ရဲ့သား ဗာလဟာနန် နန်းတက်တယ်။ ၅၀ ဗာလဟာနန်မင်း ကွယ်လွန်တော့ ဟာဒဒ် နန်းတက်တယ်။ မြို့တော်က ပေါမြို့ပဲ။ မိဖုရားက မေဇဟပ်ရဲ့မြေး၊ မာတရေဒရဲ့သမီး မဟေတဗေလလို့ ခေါ်တယ်။
-