-
တောလည်ရာ ၄:၁၄၊ ၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ပူဇော်ရာပလ္လင်မှာ အမှုဆောင်တဲ့အခါ သုံးနေကျ ပစ္စည်းတွေဖြစ်တဲ့ မီးခဲအိုးတွေ၊ ခက်ရင်းခွတွေ၊ ဂေါ်ပြားတွေ၊ ဇလုံတွေ၊ ပူဇော်ရာပလ္လင်အသုံးအဆောင်တွေကို+ ပူဇော်ရာပလ္လင်ပေါ် တင်ပြီး ဖျံသားရေနဲ့ အုပ်ရမယ်။ ထမ်းပိုးတွေကိုလည်း+ လျှိုထားရမယ်။
၁၅ “စခန်းသိမ်းချိန်ရောက်ရင် သန့်ရှင်းရာဌာနတော်+ ရဲ့ ပစ္စည်းအားလုံးကို အာရုန်နဲ့ သူ့သားတွေ ဖုံးအုပ်ပြီးတဲ့နောက် ကောဟတ်အမျိုးသားတွေ ဝင်လာပြီး သယ်သွားရမယ်။+ သန့်ရှင်းရာဌာနတော်မှာသုံးတဲ့ ပစ္စည်းတွေကိုတော့ မထိရဘူး။ ထိမိရင် သေလိမ့်မယ်။+ ဒါတွေဟာ တွေ့ဆုံရာတဲတော်နဲ့ဆိုင်တဲ့ ကောဟတ်အမျိုးသားတွေရဲ့ တာဝန်ဖြစ်တယ်။
-