၁၀ “ခြောက်နှစ်လုံး ထွန်ယက်စိုက်ပျိုးပြီး သီးနှံတွေ စုသိမ်းပါ။+ ၁၁ ဒါပေမဲ့ ခုနစ်နှစ်မြောက်မှာ မြေကိုမစိုက်ပျိုးဘဲ အလွတ်ထားရမယ်။ အဲဒီမြေကထွက်တဲ့ သီးနှံတွေကို ဆင်းရဲသားတွေ စားလိမ့်မယ်၊ ကျန်တာတွေကို တိရစ္ဆာန်တွေ စားလိမ့်မယ်။ စပျစ်ခြံနဲ့ သံလွင်ခြံတွေကိုလည်း အဲဒီလိုလုပ်ရမယ်။