-
ယောရှု ၈:၃၀-၃၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၀ အဲဒီနောက် ယောရှုက ဧဗလတောင်ပေါ်မှာ+ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါအတွက် ပူဇော်ရာပလ္လင် တည်တယ်။ ၃၁ အစ္စရေးတွေကို ယေဟောဝါရဲ့ကျွန် မောရှေ မှာကြားခဲ့တဲ့အတိုင်း၊ မောရှေရဲ့ပညတ်ကျမ်းမှာ+ ရေးထားတဲ့အတိုင်း “သံကိရိယာမသုံးဘဲ ကျောက်ရိုင်းတုံးတွေနဲ့တည်တဲ့ ပူဇော်ရာပလ္လင်”+ ဖြစ်တယ်။ အဲဒီပလ္လင်ပေါ်မှာ ယေဟောဝါအတွက် မီးရှို့ရာအလှူတွေနဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေကို ပူဇော်ကြတယ်။+
၃၂ အဲဒီနေရာမှာ ယောရှုက အစ္စရေးတွေရှေ့ မောရှေရေးခဲ့တဲ့+ ပညတ်ကျမ်းကို ကျောက်တုံးတွေပေါ် ကူးရေးတယ်။+
-