၁၆ အဲဒီအခါ ယောသပ်ရဲ့ သားမြေးတွေက “ဧဖရိမ်တောင်တန်းဒေသဟာ ကျွန်တော်တို့အတွက် မလောက်ဘူး။ ဒါ့အပြင် ချိုင့်ဝှမ်းဒေသဖြစ်တဲ့ ဗက်ရှယန်မြို့နဲ့+ ပတ်ဝန်းကျင်မြို့ငယ်တွေမှာရော၊ ယေဇရေလချိုင့်ဝှမ်းမှာရော+ နေထိုင်ကြတဲ့ ခါနန်လူမျိုးတွေမှာ သံဓားကောက်တပ်ထားတဲ့ စစ်မြင်းရထားတွေရှိတယ်”+ ဆိုပြီး ပြန်ပြောကြတယ်။