ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၄:၂၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၉ “အဲဒီပြည်တွေမှာ ယေဟောဝါဘုရားကို ခင်ဗျားတို့ ရှာမယ်၊+ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ရှာဖွေမေးမြန်းမယ် ဆိုရင်တော့+ တွေ့ကိုတွေ့ရလိမ့်မယ်။

  • တရားဟောရာ ၆:၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ ယေဟောဝါဘုရားကို ကြောက်ရွံ့ပါ။+ ဘုရားကိုပဲ ဝတ်ပြုပါ။+ နာမတော်ကိုပဲ တိုင်တည်ပြီး သစ္စာဆိုပါ။+

  • တရားဟောရာ ၁၁:၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ “အခု ကျွန်တော် မှာကြားနေတဲ့ ပညတ်ချက်တွေကို ကြိုးစားနာခံပြီး ယေဟောဝါဘုရားကို ချစ်မယ်၊ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှနဲ့ ဝတ်ပြုမယ်ဆိုရင်၊+

  • ယောရှု ၂၄:၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ ယေဟောဝါဘုရားကို ဝတ်မပြုသင့်ဘူးလို့ ခင်ဗျားတို့ထင်ရင် မြစ်ကြီးတစ်ဖက်မှာ ဘိုးဘေးတွေ ကိုးကွယ်ခဲ့တဲ့ ဘုရားတွေကို ဝတ်ပြုမလား+ ဒါမှမဟုတ် ခင်ဗျားတို့ နေထိုင်တဲ့ပြည်က အာမောရိလူမျိုးရဲ့ ဘုရားတွေကို ဝတ်ပြုမလား၊+ ဘယ်ဘုရားကို ဝတ်ပြုမယ်ဆိုတာ ဒီနေ့ ရွေးချယ်ကြ။+ ကျုပ်နဲ့ ကျုပ်ရဲ့မိသားစုကတော့ ယေဟောဝါဘုရားကိုပဲ ဝတ်ပြုမယ်။”

  • မာကု ၁၂:၃၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၀ ယေဟောဝါ* ဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်ပါ’+ ဆိုတဲ့ပညတ်ဟာ အရေးကြီးဆုံးပဲ။

  • မာကု ၁၂:၃၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၃ ဘုရားသခင်ကို စိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်တာ၊ လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်တာဟာ အကုန်အစင် မီးရှို့ပူဇော်တဲ့အလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သတာထက် ပိုအရေးကြီးပါတယ်”+ လို့ပြောတယ်။

  • လုကာ ၄:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ ယေရှုက “‘ယေဟောဝါ* ဘုရားကို ကိုးကွယ်ရမယ်။ ကိုယ်တော်တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်’+ လို့ ကျမ်းစာမှာ ရေးထားတယ်” ဆိုပြီးပြန်ပြောတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ