-
၂ ရှမွေလ ၂၁:၈-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ဒါနဲ့ အာယရဲ့သမီး၊ ရှောလုရဲ့မောင်းမ ရိဇပ+ မွေးတဲ့ အာမောနိနဲ့ မေဖိဗောရှက်တို့နှစ်ယောက်ကို ခေါ်တယ်။ မဟောလမြို့သား ဗာဇိလဲရဲ့သား အဒြေလနဲ့+ ရှောလုရဲ့သမီး မိခါလ*+ ရတဲ့သား ငါးယောက်ကိုလည်း ခေါ်တယ်။ ၉ ပြီးတော့ သူတို့ကို ဂိဗောင်မြို့သားတွေလက်ထဲ အပ်လိုက်တော့ သူတို့အလောင်းတွေကို ယေဟောဝါရှေ့ တောင်ပေါ်မှာ ဆွဲထားကြတယ်။+ ခုနစ်ယောက်စလုံး အတူ ကွပ်မျက်ခံလိုက်ရတယ်။ အဲဒီအချိန်ဟာ ရိတ်သိမ်းချိန်အစပိုင်း၊ မုယောစပါး ရိတ်သိမ်းခါစ ဖြစ်နေတယ်။ ၁၀ အာယရဲ့သမီး ရိဇပက+ အထည်ကြမ်းကိုယူ၊ ကျောက်ပေါ်မှာ ခင်းထိုင်ပြီး နေ့ဘက်မှာအလောင်းတွေပေါ် ငှက်တွေ မနားရအောင်၊ ညဘက်မှာ သားရဲတွေ မလာရအောင် ရိတ်သိမ်းချိန်အစပိုင်းကနေ မိုးဦးကျချိန်အထိ စောင့်ရှောက်တယ်။
၁၁ အာယရဲ့သမီး၊ ရှောလုရဲ့မောင်းမ ရိဇပလုပ်တာတွေကို ဒါဝိဒ် သိသွားတဲ့အခါ၊
-