-
၂ ရာဇဝင်ချုပ် ၃၃:၇-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ မနာရှေက ရုပ်တုတစ်ခု ထွင်းထုပြီး စစ်မှန်တဲ့ဘုရားသခင့် အိမ်တော်ထဲမှာ ထားတယ်။+ ဘုရားသခင်က အဲဒီအိမ်တော်နဲ့ပတ်သက်ပြီး ဒါဝိဒ်နဲ့ သားရှောလမုန်ကို “အစ္စရေးအနွယ်အားလုံးထဲကနေ ငါရွေးချယ်ထားတဲ့ ဂျေရုဆလင်မြို့မှာ၊ ဒီအိမ်တော်မှာ ငါ့နာမည်ကို အမြဲတည်စေမယ်။+ ၈ အစ္စရေးတွေက မောရှေကတစ်ဆင့် ငါမိန့်မှာခဲ့တဲ့ ပညတ်တရားတွေ၊ စည်းမျဉ်းတွေ၊ တရားစီချက်တွေအတိုင်း ဂရုတစိုက် လိုက်နာမယ်ဆိုရင် ဘိုးဘေးတွေကို ငါပေးတဲ့ပြည်ကနေ သူတို့ကို ငါထွက်ခွာစေမှာ မဟုတ်ဘူး” လို့ကတိပေးခဲ့တယ်။ ၉ ဒါပေမဲ့ မနာရှေက ယုဒပြည်သားတွေနဲ့ ဂျေရုဆလင်မြို့သားတွေ လမ်းလွဲသွားအောင်၊ အစ္စရေးတွေရှေ့ကနေ ယေဟောဝါ ချေမှုန်းခဲ့တဲ့ လူမျိုးတွေထက် ဆိုးဆိုးရွားရွား ပြုမူအောင် ဦးဆောင်လမ်းပြတယ်။+
-