ဝတ်ပြုရာ ၂၆:၂၆ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၂၆ စားနပ်ရိက္ခာကို* ငါဖျက်ဆီးတဲ့အခါ+ အိမ်ရှင်မ ၁၀ ယောက်အတွက် မုန့်ဖုတ်ဖို့ မီးဖိုတစ်ဖိုပဲ လိုလိမ့်မယ်။ မုန့်ကို ခွဲတမ်းချပြီး+ မဝရေစာ စားရလိမ့်မယ်။+ တရားဟောရာ ၂၈:၅၃ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၅၃ ကိုယ့်ရင်သွေးကို ပြန်စားရမယ်။ ရန်သူတွေ ဝိုင်းရံပိတ်ဆို့ထားတဲ့အတွက် အကြီးအကျယ် ဒုက္ခရောက်ပြီး ယေဟောဝါဘုရား ပေးသနားတဲ့ သားသမီးတွေရဲ့ အသားကိုတောင် ပြန်စားရမယ်။+ ယေရမိ ၃၇:၂၁ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၂၁ ဒါကြောင့် ဘုရင်ဇေဒကိက ယေရမိကို အစောင့်ရင်ပြင်မှာ ချုပ်ထားဖို့ အမိန့်ပေးလိုက်တယ်။+ မြို့ထဲမှာ မုန့်မကုန်မချင်း+ မုန့်သည်တန်းကနေ မုန့်တစ်လုံးကို သူစားဖို့ နေ့တိုင်းပေးတယ်။+ ဒီလိုနဲ့ ယေရမိက အစောင့်ရင်ပြင်မှာ ဆက်နေရတယ်။ ယေရမိ ၃၈:၂ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၂ “‘ဒီမြို့မှာ ဆက်နေထိုင်သူက ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ သေရလိမ့်မယ်။+ ခါလဒဲလူတွေဆီမှာ အညံ့ခံသူကတော့ အသက်ဆက်ရှင်လိမ့်မယ်။ ကိုယ့်အသက်ကို တိုက်ရာပါဥစ္စာလို ရပြီး အသက်ရှင်လိမ့်မယ်’+ လို့ ယေဟောဝါပြောတယ်။ မြည်တမ်းစကား ၄:၄ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၄ နို့စို့ကလေးတွေရဲ့ လျှာဟာ နို့ဆာလို့ အာခေါင်မှာ ကပ်နေတယ်။ ကလေးတွေ စားစရာတောင်းပေမဲ့+ ဘယ်သူမှ မပေးကြဘူး။+ ယေဇကျေလ ၄:၁၆ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၁၆ ဘုရားသခင် ဆက်ပြောတာက “လူသား၊ အခု ဂျေရုဆလင်မြို့မှာ စားနပ်ရိက္ခာကို* ငါဖြတ်တောက်မယ်။+ သူတို့ဟာ အစာကို စိုးရိမ်တကြီးနဲ့ ခွဲတမ်းချပြီး စားရလိမ့်မယ်။+ ရေကို ကြောက်ကြောက်နဲ့ ခွဲတမ်းချပြီး သောက်ရလိမ့်မယ်။+ ယေဇကျေလ ၅:၁၀ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၁၀ “‘“ဒါကြောင့် မင်းဆီက မိဘတွေဟာ ကိုယ့်သားသမီးတွေရဲ့ အသားကို စားကြလိမ့်မယ်။+ သားသမီးကလည်း မိဘရဲ့အသားကို စားကြလိမ့်မယ်။ မင်းကို ငါတရားစီရင်မယ်။ မင်းဆီမှာ ကျန်ကြွင်းသူတွေကို အရပ်ရပ် ကွဲလွင့်စေမယ်။”’+ ယေဇကျေလ ၅:၁၂ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၁၂ လူသုံးပုံတစ်ပုံဟာ မြို့ထဲမှာ ကပ်ရောဂါဘေးကြောင့်၊ အငတ်ဘေးကြောင့် သေဆုံးရလိမ့်မယ်။ နောက်တစ်ပုံက မြို့ပတ်လည်မှာ ဓားဘေးကြောင့် ကျဆုံးရလိမ့်မယ်။+ နောက်ဆုံးတစ်ပုံကိုတော့ အရပ်ရပ်ဆီ ငါကွဲလွင့်စေမယ်။ ငါက ဓားဆွဲထုတ်ပြီး နောက်ကနေ လိုက်ခိုင်းမယ်။+
၂၆ စားနပ်ရိက္ခာကို* ငါဖျက်ဆီးတဲ့အခါ+ အိမ်ရှင်မ ၁၀ ယောက်အတွက် မုန့်ဖုတ်ဖို့ မီးဖိုတစ်ဖိုပဲ လိုလိမ့်မယ်။ မုန့်ကို ခွဲတမ်းချပြီး+ မဝရေစာ စားရလိမ့်မယ်။+
၅၃ ကိုယ့်ရင်သွေးကို ပြန်စားရမယ်။ ရန်သူတွေ ဝိုင်းရံပိတ်ဆို့ထားတဲ့အတွက် အကြီးအကျယ် ဒုက္ခရောက်ပြီး ယေဟောဝါဘုရား ပေးသနားတဲ့ သားသမီးတွေရဲ့ အသားကိုတောင် ပြန်စားရမယ်။+
၂၁ ဒါကြောင့် ဘုရင်ဇေဒကိက ယေရမိကို အစောင့်ရင်ပြင်မှာ ချုပ်ထားဖို့ အမိန့်ပေးလိုက်တယ်။+ မြို့ထဲမှာ မုန့်မကုန်မချင်း+ မုန့်သည်တန်းကနေ မုန့်တစ်လုံးကို သူစားဖို့ နေ့တိုင်းပေးတယ်။+ ဒီလိုနဲ့ ယေရမိက အစောင့်ရင်ပြင်မှာ ဆက်နေရတယ်။
၂ “‘ဒီမြို့မှာ ဆက်နေထိုင်သူက ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ သေရလိမ့်မယ်။+ ခါလဒဲလူတွေဆီမှာ အညံ့ခံသူကတော့ အသက်ဆက်ရှင်လိမ့်မယ်။ ကိုယ့်အသက်ကို တိုက်ရာပါဥစ္စာလို ရပြီး အသက်ရှင်လိမ့်မယ်’+ လို့ ယေဟောဝါပြောတယ်။
၄ နို့စို့ကလေးတွေရဲ့ လျှာဟာ နို့ဆာလို့ အာခေါင်မှာ ကပ်နေတယ်။ ကလေးတွေ စားစရာတောင်းပေမဲ့+ ဘယ်သူမှ မပေးကြဘူး။+
၁၆ ဘုရားသခင် ဆက်ပြောတာက “လူသား၊ အခု ဂျေရုဆလင်မြို့မှာ စားနပ်ရိက္ခာကို* ငါဖြတ်တောက်မယ်။+ သူတို့ဟာ အစာကို စိုးရိမ်တကြီးနဲ့ ခွဲတမ်းချပြီး စားရလိမ့်မယ်။+ ရေကို ကြောက်ကြောက်နဲ့ ခွဲတမ်းချပြီး သောက်ရလိမ့်မယ်။+
၁၀ “‘“ဒါကြောင့် မင်းဆီက မိဘတွေဟာ ကိုယ့်သားသမီးတွေရဲ့ အသားကို စားကြလိမ့်မယ်။+ သားသမီးကလည်း မိဘရဲ့အသားကို စားကြလိမ့်မယ်။ မင်းကို ငါတရားစီရင်မယ်။ မင်းဆီမှာ ကျန်ကြွင်းသူတွေကို အရပ်ရပ် ကွဲလွင့်စေမယ်။”’+
၁၂ လူသုံးပုံတစ်ပုံဟာ မြို့ထဲမှာ ကပ်ရောဂါဘေးကြောင့်၊ အငတ်ဘေးကြောင့် သေဆုံးရလိမ့်မယ်။ နောက်တစ်ပုံက မြို့ပတ်လည်မှာ ဓားဘေးကြောင့် ကျဆုံးရလိမ့်မယ်။+ နောက်ဆုံးတစ်ပုံကိုတော့ အရပ်ရပ်ဆီ ငါကွဲလွင့်စေမယ်။ ငါက ဓားဆွဲထုတ်ပြီး နောက်ကနေ လိုက်ခိုင်းမယ်။+