ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ဘုရင်များ ၉:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ ဒီအိမ်တော်ဟာလည်း အပျက်အယွင်းပုံကြီး ဖြစ်သွားမယ်။+ လမ်းသွားလမ်းလာတွေက အံ့သြတကြီးကြည့်ပြီး လှောင်ပြောင်ကြမယ်။* ‘ယေဟောဝါက ဒီပြည်နဲ့ ဒီအိမ်တော်ကို ဘာကြောင့် ဒီလိုလုပ်လိုက်တာပါလိမ့်’ လို့ပြောကြလိမ့်မယ်။+

  • ဆာလံ ၇၄:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ အမြဲပျက်စီးနေတဲ့ အရပ်ဆီ ခြေဦးလှည့်ခဲ့ပါဦး။+

      သန့်ရှင်းရာအရပ်မှာ ရှိသမျှကို ရန်သူတွေ ဖျက်ဆီးပစ်လိုက်ပြီ။+

  • ဆာလံ ၇၉:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇၉ အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ အမွေမြေကို လူမျိုးခြားတွေ ကျူးကျော်နေပြီ။+

      သန့်ရှင်းတဲ့ ဗိမာန်တော်ကို ညစ်ညူးစေပြီ။+

      ဂျေရုဆလင်မြို့ကို အပျက်အယွင်းပုံကြီး ဖြစ်စေပြီ။+

  • ဟေရှာယ ၆၄:၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁ ကိုယ်တော့်ကို ဘိုးဘေးတွေ ချီးမွမ်းခဲ့တဲ့နေရာ၊

      သန့်ရှင်းပြီး ဂုဏ်ကျက်သရေရှိတဲ့ အိမ်တော်ဟာ မီးလောင်ကျွမ်းသွားပြီ။+

      ကျွန်တော်တို့ မြတ်နိုးတာမှန်သမျှ ပျက်စီးကုန်ပြီ။

  • ယေရမိ ၇:၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ ဒါကြောင့် မင်းတို့ ယုံကြည်ကိုးစားနေတဲ့ ဒီအိမ်တော်၊+ ငါ့နာမည်ခံယူထားတဲ့ ဒီအိမ်တော်၊+ မင်းတို့နဲ့ ဘိုးဘေးတွေဆီ ပေးခဲ့တဲ့ ဒီနေရာကို ရှိလောအရပ်ကို လုပ်ခဲ့သလို ငါလုပ်ပစ်မယ်။+

  • မြည်တမ်းစကား ၁:၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ သူ့စည်းစိမ်တွေကို ရန်သူတွေ လက်ဝါးကြီးအုပ်လိုက်ပြီ။+

      လူမျိုးတော်နဲ့အတူ မစုဝေးရဘူးလို့ ကိုယ်တော် မိန့်မှာထားသူတွေ

      သန့်ရှင်းရာဌာနတော်ထဲ ဝင်လာတာကို သူမြင်နေရပြီ။+

  • မြည်တမ်းစကား ၂:၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၇ ယေဟောဝါဟာ ပူဇော်ရာပလ္လင်ကို စွန့်ပယ်လိုက်ပြီ။

      သန့်ရှင်းရာဌာနတော်ကို ပစ်ပယ်လိုက်ပြီ။+

      ခံတပ်မျှော်စင်တွေကို ရန်သူလက်ထဲ အပ်လိုက်ပြီ။+

      ပွဲတော်နေ့မှာ ကြွေးကြော်သလို ယေဟောဝါရဲ့ အိမ်တော်မှာ ရန်သူတွေ ကြွေးကြော်နေကြပြီ။+

  • မိက္ခာ ၃:၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ ခင်ဗျားတို့ကြောင့် ဇိအုန်ဟာ လယ်လို ထွန်ယက်ခံရလိမ့်မယ်။

      ဂျေရုဆလင်ဟာ အပျက်အယွင်းပုံ ဖြစ်သွားမယ်။+

      အိမ်တော်တည်တဲ့တောင်ဟာ တောထူတဲ့တောင်လို ဖြစ်သွားမယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ