-
၂ ရှမွေလ ၅:၆-၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ဒါဝိဒ်မင်းနဲ့ သူ့လူတွေက ဂျေရုဆလင်မြို့မှာ နေထိုင်တဲ့ ယေဗုသိလူမျိုးကို+ သွားတိုက်ခိုက်တယ်။ ယေဗုသိလူတွေက “ဒီမြို့ထဲကို မင်း လုံးဝမဝင်ရဘူး။ မျက်မမြင်သူ၊ ခြေဆွံ့သူတွေတောင် မင်းကို မောင်းထုတ်လိမ့်မယ်” ဆိုပြီး ခနဲ့တယ်။ ‘ဒီမြို့ထဲကို ဒါဝိဒ် လုံးဝဝင်နိုင်မှာ မဟုတ်ဘူး’ လို့ သူတို့ထင်နေကြတယ်။+ ၇ ဒါပေမဲ့ ဒါဝိဒ်က ဇိအုန်ခံတပ်ကို သိမ်းပိုက်လိုက်တယ်။ အခုတော့ အဲဒီနေရာဟာ ဒါဝိဒ်မြို့လို့ နာမည်တွင်နေပြီ။+ ၈ အဲဒီနေ့မှာ ဒါဝိဒ်က “ယေဗုသိလူတွေကို တိုက်မယ့် စစ်သည်တို့၊ ရေသွင်းဥမင်လမ်းအတိုင်း သွားကြ။ ဒါဝိဒ်မုန်းတဲ့ ခြေဆွံ့သူနဲ့ မျက်မမြင်တွေကို သတ်ပစ်ကြ” လို့ အမိန့်ပေးတယ်။ ဒါကြောင့် “မျက်မမြင်သူ၊ ခြေဆွံ့သူတွေ အိမ်ထဲ မဝင်စေရဘူး” ဆိုပြီး ပြောစမှတ်တွင်သွားတယ်။ ၉ ဒါဝိဒ်က ဇိအုန်ခံတပ်မြို့မှာ နေထိုင်တယ်။ အဲဒီမြို့ကို ဒါဝိဒ်မြို့လို့ ခေါ်တယ်။ ဒါဝိဒ်က တောင်ကုန်း*+ ပေါ်မှာရော မြို့ထဲမှာပါ မြို့ရိုးနဲ့ တခြားအဆောက်အအုံတွေကို ဆောက်လုပ်တယ်။+ ၁၀ ဒီလိုနဲ့ ဒါဝိဒ်ဟာ အင်အားကြီးသည်ထက် ကြီးလာတယ်။+ ဗိုလ်ခြေတို့ရဲ့ဘုရားသခင် ယေဟောဝါလည်း သူနဲ့အတူရှိတယ်။+
-