ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ရှမွေလ ၂၃:၉၊ ၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ နောက်တစ်ယောက်က အဟောဟိရဲ့မြေး၊ ဒေါဒေါရဲ့သား+ ဧလာဇာပဲ။+ အစ္စရေးတွေကို တိုက်ခိုက်ဖို့ ဖိလိတိလူတွေ စုရုံးချိန်မှာ ဒါဝိဒ်ရဲ့ သူရဲကောင်းသုံးယောက်က ဖိလိတိလူတွေကို စိန်ခေါ်ခဲ့တယ်။ အဲဒီသုံးယောက်ထဲမှာ ဧလာဇာလည်း ပါတယ်။ အစ္စရေးစစ်သည်တွေ ဆုတ်ခွာနေချိန်မှာ၊ ၁၀ သူကတော့ မဆုတ်ခွာဘဲ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ဖိလိတိလူတွေကို လက်အန်သေတဲ့အထိ ဆက်တိုက်ခိုက်တယ်။+ ဒါကြောင့် ယေဟောဝါက အဲဒီနေ့မှာ အကြီးအကျယ် အောင်ပွဲခံစေခဲ့တယ်။+ လူတွေက ဧလာဇာနောက်က လိုက်ပြီး ကျဆုံးသူတွေရဲ့ပစ္စည်းတွေကို ချွတ်ယူကြတယ်။

  • ၂ ရှမွေလ ၂၃:၁၅-၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ ဒါဝိဒ်က “ဘက်သလီဟင်မြို့တံခါးနားမှာ ရှိတဲ့ ရေလှောင်ကန်ထဲကရေကို သောက်ချင်လိုက်တာ” လို့တောင့်တပြီး ပြောတယ်။ ၁၆ အဲဒီအခါ သူရဲကောင်းသုံးယောက်က ဖိလိတိတပ်ကို ထိုးဖောက်ပြီး ဘက်သလီဟင်မြို့တံခါးနားမှာ ရှိတဲ့ ရေလှောင်ကန်ထဲက ရေကို ခပ်ယူလာတယ်။ ဒါပေမဲ့ ဒါဝိဒ်က မသောက်ဘဲ ယေဟောဝါရှေ့မှာ သွန်ချလိုက်တယ်။+ ၁၇ ပြီးတော့ “ယေဟောဝါဘုရား၊ ဒီရေကိုသောက်ဖို့ ကျွန်တော် စဉ်းတောင် မစဉ်းစားဝံ့ပါဘူး။ ဒီရေဟာ ကိုယ့်အသက်ကို ရင်းပြီး သွားယူတဲ့သူတွေရဲ့ သွေးပါ”+ လို့ပြောပြီး မသောက်ဘဲ နေလိုက်တယ်။ ဒါတွေဟာ သူရဲကောင်းသုံးယောက်ရဲ့ စွမ်းဆောင်ချက်တွေပဲ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ