-
၂ ရှမွေလ ၂၃:၁၃-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ရိတ်သိမ်းချိန်မှာ ခေါင်းဆောင် ၃၀ ထဲက သုံးယောက်ဟာ အဒုလံလိုဏ်ဂူမှာ ရှိနေတဲ့+ ဒါဝိဒ်ဆီ ဆင်းသွားကြတယ်။ ဖိလိတိတပ်က ရေဖိမ်ချိုင့်ဝှမ်းမှာ စခန်းချထားတယ်။+ ၁၄ အဲဒီတုန်းက ဒါဝိဒ်ဟာ သူ့ရဲ့ခံတပ်မှာ ရောက်နေပြီး+ ဖိလိတိကင်းတပ်ကတော့ ဘက်သလီဟင်မြို့မှာ ရှိနေတယ်။ ၁၅ ဒါဝိဒ်က “ဘက်သလီဟင်မြို့တံခါးနားမှာ ရှိတဲ့ ရေလှောင်ကန်ထဲကရေကို သောက်ချင်လိုက်တာ” လို့တောင့်တပြီး ပြောတယ်။ ၁၆ အဲဒီအခါ သူရဲကောင်းသုံးယောက်က ဖိလိတိတပ်ကို ထိုးဖောက်ပြီး ဘက်သလီဟင်မြို့တံခါးနားမှာ ရှိတဲ့ ရေလှောင်ကန်ထဲက ရေကို ခပ်ယူလာတယ်။ ဒါပေမဲ့ ဒါဝိဒ်က မသောက်ဘဲ ယေဟောဝါရှေ့မှာ သွန်ချလိုက်တယ်။+ ၁၇ ပြီးတော့ “ယေဟောဝါဘုရား၊ ဒီရေကိုသောက်ဖို့ ကျွန်တော် စဉ်းတောင် မစဉ်းစားဝံ့ပါဘူး။ ဒီရေဟာ ကိုယ့်အသက်ကို ရင်းပြီး သွားယူတဲ့သူတွေရဲ့ သွေးပါ”+ လို့ပြောပြီး မသောက်ဘဲ နေလိုက်တယ်။ ဒါတွေဟာ သူရဲကောင်းသုံးယောက်ရဲ့ စွမ်းဆောင်ချက်တွေပဲ။
-