-
၂ ရှမွေလ ၆:၃-၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ သူတို့က ဘုရားသခင်ရဲ့ သေတ္တာတော်ကို လှည်းအသစ်ပေါ် တင်ပြီး+ တောင်ကုန်းပေါ်မှာရှိတဲ့ အဘိနဒပ်ရဲ့အိမ်ကနေ+ သယ်သွားတယ်။ အဘိနဒပ်ရဲ့သား သြဇနဲ့အဟိသြက လှည်းအသစ်ကို မောင်းတယ်။
၄ ဘုရားသခင်ရဲ့သေတ္တာတော်ကို တောင်ကုန်းပေါ်မှာရှိတဲ့ အဘိနဒပ်ရဲ့အိမ်ကနေ သယ်သွားတဲ့အခါ အဟိသြက သေတ္တာတော်ရှေ့ကနေ လျှောက်သွားတယ်။ ၅ ဒါဝိဒ်နဲ့ အစ္စရေးတွေက ဂျူနီပါထင်းရှူးသားနဲ့လုပ်တဲ့ တူရိယာအမျိုးမျိုး၊ စောင်း၊ ချူတပ်ဗုံ၊+ လင်းကွင်း၊+ ကြိုးတပ်တူရိယာ၊+ စည်းချက်တူရိယာတွေကို တီးခတ်ပြီး ယေဟောဝါရှေ့မှာ ပွဲခံကြတယ်။ ၆ နာခုန်ကောက်နယ်တလင်းကို ရောက်လာတဲ့အခါ နွားတွေကြောင့် ပြုတ်ကျမလိုဖြစ်သွားတဲ့ သေတ္တာတော်ကို သြဇလှမ်းထိန်းလိုက်တယ်။+ ၇ ယေဟောဝါဘုရားက သြဇရဲ့ မခန့်လေးစားလုပ်ရပ်ကြောင့်+ အမျက်ထွက်ပြီး ဒဏ်ခတ်တဲ့အတွက်+ သေတ္တာတော်နားမှာပဲ သြဇသေသွားတယ်။ ၈ သြဇကို ယေဟောဝါအမျက်ထွက်တဲ့အတွက် ဒါဝိဒ်စိတ်ဆိုးတယ်။ အဲဒီနေရာကို ပေရက်သြဇ* လို့ခေါ်ကြတာ ဒီနေ့အထိပဲ။
-