၃ အဲဒီအချိန်မှာ မြစ်ကြီး တစ်ဖက်ကမ်းက ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲနဲ့ အပေါင်းပါတွေ ရောက်လာပြီး “ဒီအိမ်တော်ကို တည်ဆောက်ဖို့၊ ဒီအဆောက်အအုံကို အပြီးသတ်ဖို့ ခင်ဗျားတို့ကို ဘယ်သူအမိန့်ပေးတာလဲ” ဆိုပြီးမေးတယ်။ ၄ “ဒီအိမ်တော်ကို ဘယ်သူတွေ တည်ဆောက်နေတာလဲ၊ သူတို့ရဲ့နာမည်တွေက ဘာလဲ” လို့လည်း မေးကြတယ်။