-
၂ ရာဇဝင်ချုပ် ၃၆:၂၂၊ ၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ ပါးရှားဘုရင်ဆိုင်းရပ်+ နန်းစံပထမနှစ်မှာ သူ့စိတ်ကို ယေဟောဝါ လှုံ့ဆော်တယ်။ ယေရမိကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့စကား+ ပြည့်စုံစေဖို့ပဲ။ ဘုရင်က နိုင်ငံတစ်ဝန်းလုံးမှာ အမိန့်တော်စာ ထုတ်ပြန်ပြီး အခုလို ကြေညာစေတယ်။+ ၂၃ “ပါးရှားဘုရင် ဆိုင်းရပ်ရဲ့ အမိန့်တော်– ‘ကောင်းကင်အုပ်စိုးရှင် ယေဟောဝါဘုရားက ငါ့ကို ကမ္ဘာ့တိုင်းနိုင်ငံအားလုံး ပေးအပ်ပြီ။+ ယုဒပြည်၊ ဂျေရုဆလင်မြို့မှာ အိမ်တော် တည်ဆောက်ပါလို့လည်း တာဝန်ပေးလိုက်ပြီ။+ လူမျိုးတော်ထဲမှာပါတဲ့ မင်းတို့အားလုံးနဲ့အတူ ယေဟောဝါဘုရား ရှိပါစေ။ ဂျေရုဆလင်မြို့ကို ပြန်သွားကြစေ။’”+
-
-
ဧဇရ ၆:၃၊ ၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ “ဆိုင်းရပ်မင်း နန်းစံပထမနှစ်မှာ ဂျေရုဆလင်မြို့ ဘုရားသခင့်အိမ်တော်နဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့အမိန့်တော်–+ ‘ဂျူးလူမျိုးတွေ ပူဇော်သက္ကာ ဆက်သနိုင်ဖို့ အိမ်တော်ကို ပြန်တည်ဆောက်စေ။ အုတ်မြစ်ချစေ။ အိမ်တော်ဟာ အမြင့်အတောင် ၆၀၊* အနံ အတောင် ၆၀ ရှိရမယ်။+ ၄ ကျောက်တုံးကြီးသုံးဆင့်ပေါ် သစ်သားတစ်ဆင့်ထပ်ပြီး+ နံရံတွေကို တည်ဆောက်ရမယ်။ ကုန်ကျစရိတ်ကို နန်းတော်ဘဏ္ဍာထဲကနေ ထုတ်ပေးစေ။+
-