-
နေဟမိ ၇:၇၀-၇၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇၀ ဆွေမျိုးစုခေါင်းဆောင်တချို့က လုပ်လက်စလုပ်ငန်းအတွက်* ပေးလှူကြတယ်။+ ဘုရင်ခံကလည်း ရွှေဒရက်မာ* ၁,၀၀၀၊ ဖလား ၅၀၊ ပုရောဟိတ်ဝတ်လုံ ၅၃၀ ကို+ ဘဏ္ဍာတိုက်ဆီ ပေးလှူတယ်။ ၇၁ ဆွေမျိုးစုခေါင်းဆောင်တချို့က ရွှေဒရက်မာ ၂၀,၀၀၀၊ ငွေ မိုင်နာ* ၂,၂၀၀ ကို စီမံကိန်းဘဏ္ဍာတိုက်ဆီ ပေးလှူကြတယ်။ ၇၂ ကျန်တဲ့လူတွေက ရွှေဒရက်မာ ၂၀,၀၀၀၊ ငွေမိုင်နာ ၂,၀၀၀၊ ပုရောဟိတ်ဝတ်လုံ ၆၇ စုံကို ပေးလှူကြတယ်။
-