-
ဧဇရ ၁:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ နေဗုခဒ်နေဇာက ယေဟောဝါရဲ့အိမ်တော် အသုံးအဆောင်ပစ္စည်းတွေကို ဂျေရုဆလင်မြို့ကနေ သိမ်းယူလာပြီး သူ့ဘုရားဗိမာန်မှာ ထည့်ထားခဲ့တယ်။ အဲဒီပစ္စည်းတွေကို ပါးရှားဘုရင်ဆိုင်းရပ်က ထုတ်ပေးတယ်။+ ၈ ဘဏ္ဍာထိန်း မိသရေဒတ်ရဲ့ ကြီးကြပ်မှုအောက်မှာ အဲဒီပစ္စည်းတွေကို ထုတ်လာခိုင်းတယ်။ သူက ပစ္စည်းစာရင်းလုပ်ပြီးနောက် ယုဒခေါင်းဆောင် ရှေရှဗာဇာကို*+ အပ်လိုက်တယ်။
-