-
တမန်တော် ၁:၁၆-၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ “ညီအစ်ကိုတို့၊ ယေရှုကိုဖမ်းဖို့ လမ်းပြပေးတဲ့ ယုဒနဲ့ပတ်သက်ပြီး+ ဒါဝိဒ်ကတစ်ဆင့် သန့်ရှင်းသော စွမ်းအားတော် ကြိုဟောထားတဲ့ ကျမ်းချက်အတိုင်း ပြည့်စုံရမယ်။+ ၁၇ ယုဒဟာ ကျွန်တော်တို့ တမန်တော်တွေထဲက တစ်ယောက်အဝင် ဖြစ်ခဲ့တယ်။+ အတူအမှုဆောင်ခဲ့တယ်။ ၁၈ (အဲဒီလူက သူ့ရဲ့ မဖြောင့်မတ်မှုကြောင့်ရတဲ့ ငွေနဲ့ မြေတစ်ကွက်ဝယ်တယ်။+ ဇောက်ထိုးကျပြီး ဗိုက်ပေါက်သွားလို့ အူတွေ ထွက်ကျကုန်တယ်။+ ၁၉ ဒီအကြောင်းကို ဂျေရုဆလင်မြို့သားအားလုံး သိတဲ့အတွက် အဲဒီမြေကွက်ကို သူတို့ဘာသာစကားနဲ့ ‘အကေလဒမ’ လို့ခေါ်တယ်။ အဓိပ္ပာယ်ကတော့ သွေးမြေ။) ၂၀ ဆာလံကျမ်းမှာ ‘သူ့နေရာ လူသူကင်းမဲ့ပါစေ။ နေထိုင်သူ မရှိပါစေနဲ့။+ သူ့ရဲ့ ကြီးကြပ်မှူးတာဝန်ကို တခြားသူ ရပါစေ’+ လို့ရေးထားတယ်။
-