-
ထွက်မြောက်ရာ ၈:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ အာရုန်လည်း အီဂျစ်ပြည်ရဲ့ ရေတွေပေါ် လက်ကိုဆန့်လိုက်တော့ ဖားတွေတက်လာပြီး တစ်ပြည်လုံး ပြည့်သွားတယ်။
-
-
ထွက်မြောက်ရာ ၉:၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ သူတို့လည်း မီးဖိုထဲကပြာကို ယူ၊ ဖာရောရှေ့ရပ်ပြီး မောရှေက လေထဲကြဲလိုက်တယ်။ လူနဲ့တိရစ္ဆာန်တွေမှာ အနာစိမ်းပေါက်လာတယ်။
-
-
ထွက်မြောက်ရာ ၁၀:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ယေဟောဝါက မောရှေကို “အီဂျစ်ပြည်အပေါ် လက်ကိုဆန့်လိုက်ပါ။ ကျိုင်းကောင်တွေ ရောက်လာပြီး မိုးသီးဒဏ်ကလွတ်လို့ ကျန်ခဲ့သမျှ အပင်အားလုံးကို စားပစ်လိမ့်မယ်” လို့ပြောတယ်။
-
-
ထွက်မြောက်ရာ ၁၀:၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ ယေဟောဝါက မောရှေကို “မိုးပေါ် လက်ဆန့်လိုက်ပါ။ အီဂျစ်ပြည်မှာ အမှောင်ထုကြီး ကျရောက်လာမယ်” လို့ပြောတယ်။
-