-
ဩဗဒိ ၁၀-၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
ထာဝစဉ် ပျက်စီးသွားမယ်။+
၁၁ ယာကုပ်ရဲ့ စစ်တပ်ကို သူစိမ်းတွေ ဖမ်းခေါ်သွားတဲ့နေ့၊+
ဂျေရုဆလင်မြို့တံခါးထဲ တိုင်းတစ်ပါးသားတွေ ဝင်လာပြီး မြို့ကို မဲချတဲ့နေ့မှာ+
မင်းက ဘေးကနေ ဒီအတိုင်း ရပ်ကြည့်နေခဲ့တယ်။
ရန်သူတွေနဲ့ အလိုတူအလိုပါ ဖြစ်ခဲ့တယ်။
၁၂ မင်းဟာ ညီဖြစ်သူ အဖြစ်ဆိုးကြုံရချိန်မှာ ဝမ်းသာအားရ မဖြစ်သင့်ဘူး။+
ယုဒလူတွေ ပျက်စီးသွားတဲ့နေ့မှာ ဝမ်းမသာသင့်ဘူး။+
သူတို့ ဒုက္ခရောက်တဲ့နေ့မှာ မောက်မောက်မာမာ မပြောသင့်ဘူး။
၁၃ ငါ့လူတွေ ဒုက္ခရောက်တဲ့နေ့မှာ သူတို့ရဲ့မြို့တံခါးထဲ မင်း မဝင်သင့်ဘူး။+
ဒုက္ခရောက်တဲ့နေ့မှာ သူကြုံရတဲ့ဘေးဆိုးကြောင့် ဝမ်းသာအားရ မဖြစ်သင့်ဘူး။
သူဒုက္ခရောက်တဲ့နေ့မှာ သူ့စည်းစိမ်ဥစ္စာတွေကို မသိမ်းယူသင့်ဘူး။+
-