-
ဟေရှာယ ၆၃:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆၃ ဧဒုံပြည်၊+ ဗောဇရမြို့ကနေ+ လာနေတာ ဘယ်သူလဲ။
ခမ်းနားတောက်ပတဲ့* အဝတ်ကို ဝတ်ပြီး ကြီးမားတဲ့တန်ခိုးနဲ့ ချီတက်လာနေတာ ဘယ်သူလဲ။
“ဖြောင့်မတ်မှုနဲ့အညီ ပြောဆိုတဲ့အရှင်၊
ကယ်တင်နိုင်တဲ့ တန်ခိုးကြီးရှင် ငါပဲ။”
၂ ကိုယ်တော့်အဝတ်ဟာ ဘာလို့ နီရဲနေတာလဲ။
ဝတ်ရုံဟာ စပျစ်သီးနင်းနယ်သူတွေရဲ့ ဝတ်ရုံလို ဘာလို့ဖြစ်နေတာလဲ။+
၃ “စပျစ်ကျင်းမှာ ငါတစ်ယောက်တည်း နင်းနယ်ရတယ်။
ငါနဲ့အတူ လူတစ်ယောက်မှ မရှိဘူး။
ဒေါသတကြီး ငါနင်းနယ်ပစ်တယ်။
အမျက်ဒေါသနဲ့ နင်းခြေပစ်တယ်။+
ဒါကြောင့် သူတို့ရဲ့သွေးတွေ ငါ့ဝတ်ရုံမှာ စဉ်ကုန်ပြီ။
ငါ့အဝတ်တွေ ပေကုန်ပြီ။
-