-
တရားဟောရာ ၂၈:၄၈-၅၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၈ ရန်သူတွေကို ယေဟောဝါ စေလွှတ်လိုက်မှာဖြစ်လို့ ခင်ဗျားတို့ဟာ စားစရာ၊ သောက်စရာ၊ ဝတ်စရာ အရာရာချို့တဲ့ပြီး+ ကျွန်ခံရမယ်။+ ဘုရားသခင်က ခင်ဗျားတို့ပခုံးပေါ် သံထမ်းပိုး တင်ပေးမယ်။ ဒီလိုနဲ့ ခင်ဗျားတို့ လုံးလုံးပျက်စီးသွားမယ်။
၄၉ “ယေဟောဝါဘုရားက ခင်ဗျားတို့ကို တိုက်ခိုက်မယ့် လူမျိုးတစ်မျိုးကို+ ဝေးလံလှတဲ့ မြေကြီးတစ်ဖက်စွန်းကနေ ပေါ်ထွက်စေမယ်။ သူတို့က လင်းယုန်လို တစ်ဟုန်ထိုး တိုက်ခိုက်မယ်။+ ခင်ဗျားတို့နားမလည်တဲ့ ဘာသာစကားကိုပြောတဲ့ လူမျိုး၊+ ၅၀ ကြီးသူကို မလေးစား၊ ငယ်သူကို မသနားဘဲ ရက်စက်ကြမ်းကြုတ်တဲ့ လူမျိုး ဖြစ်တယ်။+ ၅၁ တိရစ္ဆာန်သားပေါက်တွေ၊ မြေထွက်သီးနှံတွေကို သူတို့ စားလိုက်မှာဖြစ်လို့ ခင်ဗျားတို့ လုံးလုံးပျက်စီးသွားရလိမ့်မယ်။ ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးနွားသားပေါက်တွေကို ချန်မထားဘဲ အားလုံးကို ဖျက်ဆီးပစ်မယ်။+
-