-
ယေရမိ ၂၈:၁-၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၈ ယုဒဘုရင်ဇေဒကိ+ နန်းစံအစောပိုင်း စတုတ္ထနှစ်၊ ငါးလပိုင်းဖြစ်တဲ့ အဲဒီနှစ်မှာပဲ ဂိဗောင်မြို့က+ အာဇုရရဲ့သား ပရောဖက်ဟာနနိက ယေဟောဝါရဲ့အိမ်တော်မှာ၊ ပုရောဟိတ်တွေနဲ့ လူအားလုံးရှေ့မှာ ကျွန်တော့်ကို ပြောတယ်– ၂ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို ငါချိုးမယ်။+ ၃ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ သိမ်းသွားတဲ့ ယေဟောဝါရဲ့အိမ်တော် အသုံးအဆောင်ပစ္စည်းအားလုံးကို နောက်နှစ်နှစ်အတွင်း ဒီကို ငါပြန်ယူဆောင်လာမယ်။’”+ ၄ “‘ဗာဗုလုန်ကို ရောက်နေတဲ့+ ယောယကိမ်ရဲ့သား+ ယုဒဘုရင် ယေခေါနိနဲ့+ ယုဒပြည်နှင်ခံတွေကို ဒီနေရာ ငါပြန်ခေါ်ဆောင်လာမယ်။ ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို ငါချိုးမယ်’ လို့ ယေဟောဝါပြောတယ်။”
-