ဟောရှေ
၁ ယုဒဘုရင်+ ဩဇိ၊+ ယောသံ၊+ အာခတ်နဲ့+ ဟေဇကိ+ တို့လက်ထက်၊ ယောရှ+ ရဲ့သား အစ္စရေးဘုရင် ယေရောဗောင်+ လက်ထက်မှာ ဗေရိရဲ့သား ဟောရှေ* ဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်။ ၂ ဟောရှေကတစ်ဆင့် ယေဟောဝါ စပြောတယ်။ ဟောရှေကို ယေဟောဝါပြောတာက “သွားပြီး ပြည့်တန်ဆာတစ်ယောက်ကို လက်ထပ်ပါ။ ပြည့်တန်ဆာလုပ်ပြီး မွေးလာမယ့် သားသမီးတွေကို မင်းရလိမ့်မယ်။ တိုင်းပြည်ဟာ ပြည့်တန်ဆာလုပ်ရပ်တွေကြောင့် ယေဟောဝါဆီကနေ လုံးဝ လမ်းလွဲသွားပြီ။”+
၃ ဒါနဲ့ ဟောရှေက သွားပြီး ဒိဗလိမ်ရဲ့သမီး ဂေါမာနဲ့ လက်ထပ်တယ်။ ဂေါမာမှာ ကိုယ်ဝန်ရှိလာပြီး သားတစ်ယောက် မွေးတယ်။
၄ အဲဒီအခါ ယေဟောဝါက “အဲဒီကလေးကို ယေဇရေလ* လို့နာမည်ပေးပါ။ ယေဇရေလမြို့မှာ ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုတွေအတွက် ယေဟုအမျိုးကို+ မကြာခင် ငါဖြေရှင်းချက်တောင်းမယ်။ အစ္စရေးနိုင်ငံရဲ့ မင်းဆက်ကို အဆုံးတိုင်စေမယ်။+ ၅ အဲဒီနေ့ရောက်ရင် ယေဇရေလချိုင့်ဝှမ်းလွင်ပြင်မှာ အစ္စရေးရဲ့လေးကို ငါချိုးမယ်” ဆိုပြီး ဟောရှေကို ပြောတယ်။
၆ အဲဒီနောက် ဂေါမာ ကိုယ်ဝန်ထပ်ရှိလာပြီး သမီးတစ်ယောက် မွေးတယ်။ ဒါနဲ့ ဘုရားသခင်က “ဒီကလေးကို လောရုဟာမာ* လို့နာမည်ပေးပါ။ ဘာလို့လဲဆိုတော့ အစ္စရေးအမျိုးကို ငါ ကရုဏာမပြတော့ဘူး။+ သူတို့ကို ကျိန်းသေ မောင်းထုတ်မယ်။+ ၇ ယုဒအမျိုးကိုတော့ ကရုဏာပြမယ်။+ လေး၊ ဓား၊ စစ်ပွဲ၊ မြင်းတွေ၊ မြင်းစီးသူရဲတွေနဲ့ မဟုတ်ဘဲ+ ငါယေဟောဝါကိုယ်တိုင် သူတို့ကို ကယ်တင်မယ်”+ လို့ဟောရှေကို ပြောတယ်။
၈ လောရုဟာမာ နို့ပြတ်သွားတော့ ဂေါမာက ကိုယ်ဝန်ထပ်ရှိလာပြီး သားတစ်ယောက် မွေးတယ်။ ၉ ဒါနဲ့ ဘုရားသခင်က ဟောရှေကို ပြောတယ်– “ဒီကလေးကို လောအံမိ* လို့နာမည်ပေးပါ။ ဘာလို့လဲဆိုတော့ မင်းတို့ဟာ ငါ့လူတွေ မဟုတ်ဘူး။ ငါကလည်း မင်းတို့ရဲ့ဘုရား မဟုတ်ဘူး။
၁၀ “ဒါပေမဲ့ အစ္စရေးတွေဟာ ပင်လယ်သဲပွင့်တွေလို မချိန်တွယ်နိုင်လောက်အောင်၊ မရေတွက်နိုင်လောက်အောင် များပြားလာမယ်။+ ‘မင်းတို့ဟာ ငါ့လူတွေ မဟုတ်ဘူး’+ လို့ သူတို့ကိုပြောခဲ့တဲ့ နေရာမှာပဲ ‘အသက်ရှင်တဲ့ဘုရားသခင်ရဲ့ သားတွေ’ လို့ သူတို့ အခေါ် ခံရမယ်။+ ၁၁ ယုဒနဲ့ အစ္စရေးတွေဟာ တစ်စည်းတစ်လုံးတည်း စုသိမ်းခံရမယ်။+ သူတို့က ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ပြီး အဲဒီပြည်ကနေ ထွက်လာလိမ့်မယ်။ အဲဒီနေ့ဟာ ယေဇရေလမြို့အတွက်+ နေ့ထူးနေ့မြတ် ဖြစ်လိမ့်မယ်။
၂ “မင်းတို့ရဲ့ ညီအစ်ကိုတွေကို ‘ငါ့လူတွေ၊’*+
မင်းတို့ရဲ့ ညီအစ်မတွေကို ‘ကရုဏာခံရတဲ့ အမျိုးသမီးတွေ’*+ လို့ခေါ်ပါ။
၂ မင်းတို့ရဲ့ မိခင်ကို တရားစွဲပါ။ သူ့ကို တရားစွဲပါ။
သူဟာ ငါ့ဇနီး မဟုတ်ဘူး။+ ငါကလည်း သူ့ခင်ပွန်း မဟုတ်ဘူး။
ပြည့်တန်ဆာလုပ်တာ၊
အိမ်ထောင်ရေးဖောက်ပြန်တာကို သူစွန့်လွှတ်ရမယ်။
၃ အဲဒီလိုမှ မစွန့်လွှတ်ရင် သူ့အဝတ်ကို ငါဆွဲချွတ်ပြီး
မွေးလာတုန်းကလိုပဲ အဝတ်ဗလာ ဖြစ်စေမယ်။
သူ့ကို တောကန္တာရလို၊ ရေမရှိတဲ့ပြည်လို ဖြစ်စေမယ်။
ရေငတ်ပြီး သေဆုံးစေမယ်။
၄ သူ့သားသမီးတွေဟာ ပြည့်တန်ဆာလုပ်ပြီး ရလာတဲ့ ကလေးတွေဖြစ်လို့ ငါကရုဏာမပြဘူး။
၅ သူတို့ရဲ့မိခင်ဟာ ပြည့်တန်ဆာလုပ်တယ်။+
သူတို့ကို ကိုယ်ဝန်ဆောင်တဲ့သူဟာ အရှက်မဲ့တဲ့လုပ်ရပ်တွေ လုပ်တယ်။+
‘ငါ့ကို အစာရေစာတွေ၊
သိုးမွေး၊ ချည်ထည်နဲ့ ဆီအပြင် သောက်စရာကိုပါ ပေးတတ်တဲ့
ရည်းစားတွေနောက်ကိုပဲ လိုက်သွားတော့မယ်’+ လို့ သူပြောခဲ့တယ်။
၆ ဒါကြောင့် သူသွားမယ့်လမ်းကို ဆူးပင်တွေနဲ့ ငါကာဆီးမယ်။
လမ်းတွေ ရှာမတွေ့နိုင်အောင် ကျောက်တံတိုင်းကို တည်ဆောက်မယ်။
၇ သူဟာ ရည်းစားတွေနောက် တကောက်ကောက် လိုက်လိမ့်မယ်။
ဒါပေမဲ့ လိုက်လို့ မီမှာမဟုတ်ဘူး။+ သူတို့ကို ရှာပေမဲ့ တွေ့မှာမဟုတ်ဘူး။
ဒါနဲ့ ‘အရင်ယောက်ျားဆီပဲ ပြန်သွားတော့မယ်။+
အရင်ကဆို အခုထက်တောင် အဆင်ပြေသေးတယ်’+ လို့ပြောလိမ့်မယ်။
၈ သူ့အတွက် ကောက်နှံ၊ စပျစ်ဝိုင်သစ်၊ ဆီကို ပေးတဲ့သူ၊
ဗာလဝတ်ပြုရေးမှာသုံးတဲ့ ရွှေငွေအမြောက်အမြားကို+ ပေးတဲ့သူဟာ ငါပဲဆိုတာ
သူအသိအမှတ် မပြုဘူး။+
၉ ‘ဒါကြောင့် ငါစိတ်ပြောင်းသွားပြီ။ ရိတ်သိမ်းချိန်မှာ ငါပေးတဲ့ ကောက်နှံတွေ၊
စပျစ်သီးပေါ်ချိန်မှာ ငါပေးတဲ့ စပျစ်ဝိုင်သစ်တွေကို ရုပ်သိမ်းလိုက်တော့မယ်။+
သူခြုံထားတဲ့ ငါ့သိုးမွေးတွေ၊ ချည်ထည်တွေကို ဆွဲချွတ်မယ်။
၁၀ သူ့ရည်းစားတွေရှေ့မှာ သူ့အဝတ်ကိုလှန်ပြီး အရှက်ပေါ်စေမယ်။
ငါ့လက်ကနေ သူ့ကိုကယ်မယ့်သူ ရှိမှာမဟုတ်ဘူး။+
၁၂ “ဒါတွေဟာ ငါ့ရည်းစားတွေပေးထားတဲ့ လုပ်ခ” ဆိုပြီး သူပြောခဲ့တဲ့
စပျစ်ပင်တွေ၊ သဖန်းပင်တွေကို ငါဖျက်ဆီးမယ်။
အဲဒါတွေကို တောဖြစ်သွားအောင် လုပ်မယ်။
အဲဒါတွေကို တောရိုင်းတိရစ္ဆာန်တွေ စားပစ်မယ်။
၁၃ နားကွင်းတွေ၊ လက်ဝတ်တန်ဆာတွေ ဆင်မြန်းပြီး ရည်းစားတွေနောက် ကောက်ကောက်ပါသွားတဲ့ နေ့တွေအတွက်၊
ဗာလရုပ်တုတွေဆီ သူ ယဇ်ပူဇော်ခဲ့တဲ့ နေ့တွေအတွက် သူ့ကို ငါဖြေရှင်းချက်တောင်းမယ်။+
ငါ့ကိုကျတော့ သူမေ့ထားတယ်’+ လို့ ယေဟောဝါပြောတယ်။
၁၄ ‘ဒါကြောင့် သူ့ကို ငါဖျောင်းဖျပြီး တောကန္တာရထဲ ခေါ်သွားမယ်။
ငါ့ကိုပြန်ချစ်လာအောင် ပြောမယ်။
၁၅ အဲဒီအချိန်ကစပြီး သူ့စပျစ်ခြံတွေကို ငါပြန်ပေးမယ်။+
အာခေါ်ချိုင့်ဝှမ်းလွင်ပြင်ကို+ မျှော်လင့်ခြင်းတံခါးအဖြစ် ပြန်ပေးမယ်။
အဲဒီမှာ သူက ငယ်ငယ်တုန်းကလို၊
အီဂျစ်ပြည်ကနေ ထွက်လာချိန်တုန်းကလို ငါ့ကို တုံ့ပြန်လိမ့်မယ်။+
၁၆ အဲဒီနေ့မှာ သူက ငါ့ကို “သခင်”* လို့မခေါ်တော့ဘဲ
“ယောက်ျားရေ” လို့ခေါ်လိမ့်မယ်’ ဆိုပြီး ယေဟောဝါ ပြောတယ်။
၁၇ ‘ဗာလရုပ်တုတွေရဲ့ နာမည်ကို သူ့နှုတ်ကနေ မတခိုင်းတော့ဘူး။+
အဲဒီနာမည်တွေကို သူ လုံးလုံးမေ့သွားမယ်။+
၁၈ “‘အဲဒီနေ့မှာ ငါ့လူတွေအတွက် တောရိုင်းတိရစ္ဆာန်တွေ၊ မိုးကောင်းကင်ငှက်တွေ၊
ဓား၊ လေး၊ စစ်ပွဲတွေကို တိုင်းပြည်ကနေ ဖယ်ရှားမယ်။+
သူတို့ ဘေးကင်းလုံခြုံစွာ နေထိုင်ရလိမ့်မယ်။+
၁၉ ထာဝရပိုင်ဆိုင်ခွင့်ရဖို့ မင်းကို ငါထိမ်းမြားယူမယ်။
ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊
ခိုင်မြဲတဲ့မေတ္တာ၊ ကရုဏာနဲ့အညီ ထိမ်းမြားယူမယ်။+
၂၀ သစ္စာတရားနဲ့အညီ မင်းကို ထိမ်းမြားယူမယ်။
ငါယေဟောဝါကို မင်းသိလာရလိမ့်မယ်။’+
၂၁ ယေဟောဝါက ‘အဲဒီနေ့မှာ ငါဖြည့်ဆည်းပေးမယ်။
မိုးကောင်းကင် တောင်းဆိုတာကို ဖြည့်ဆည်းမယ်။
မိုးကောင်းကင်ကလည်း ကမ္ဘာမြေ တောင်းဆိုတာကို ဖြည့်ဆည်းမယ်။+
၂၂ ကမ္ဘာမြေက ကောက်နှံ၊ စပျစ်ဝိုင်သစ်၊ ဆီတွေ တောင်းဆိုတာကို ဖြည့်ဆည်းမယ်။
အဲဒါတွေကလည်း ယေဇရေလမြို့* တောင်းဆိုတာကို ဖြည့်ဆည်းပေးမယ်။+
၂၃ သူ့ကို ငါ့အတွက် ကမ္ဘာမြေပေါ်မှာ မျိုးစေ့လို ကြဲမယ်။+
ကရုဏာမခံရတဲ့သူကို* ကရုဏာပြမယ်။
ငါ့လူမဟုတ်တဲ့သူတွေကို* “ငါ့လူတွေ” လို့ ပြောမယ်။+
သူတို့ကလည်း “ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ဘုရားသခင်ပါ” လို့ ပြောကြလိမ့်မယ်။’”+
၃ အဲဒီနောက် ယေဟောဝါက “တခြားယောက်ျားနဲ့ ချစ်ကြိုက်ပြီး ဖောက်ပြန်နေတဲ့ မိန်းမကို မင်း ပြန်ချစ်လိုက်ပါ။+ တခြားဘုရားတွေဆီ လှည့်သွားပြီး+ စပျစ်သီးပျဉ်တွေ ပူဇော်ရတာကို နှစ်သက်တဲ့ အစ္စရေးတွေကို ငါယေဟောဝါ ချစ်သလို+ သူ့ကိုချစ်ပါ” လို့ ကျွန်တော့်ကို ပြောတယ်။
၂ ဒါနဲ့ ကျွန်တော်လည်း သူ့ကို ငွေ ၁၅ စ၊ မုယောတစ်ဟောမဲခွဲနဲ့* ပြန်ဝယ်တယ်။ ၃ ပြီးတော့ “မင်းဟာ ငါ့ဇနီးအဖြစ် ရက်ပေါင်းများစွာ နေရမယ်။ ပြည့်တန်ဆာ မလုပ်ရဘူး။ တခြားယောက်ျားနဲ့ မဖောက်ပြန်ရဘူး။ ငါလည်း မင်းနဲ့အတူ မအိပ်ဘူး” ဆိုပြီး သူ့ကို ပြောတယ်။
၄ အလားတူ၊ အစ္စရေးတွေလည်း ဘုရင် မရှိ၊+ မင်းညီမင်းသား မရှိ၊ ပူဇော်သက္ကာ မရှိ၊ ကိုးကွယ်ရာကျောက်တိုင် မရှိ၊ သင်တိုင်း*+ မရှိ၊ တေရပ်ရုပ်တု*+ မရှိဘဲ ရက်ပေါင်းများစွာ နေထိုင်ရမယ်။ ၅ အဲဒီနောက် အစ္စရေးတွေ ပြန်လာပြီး သူတို့ရဲ့ဘုရား ယေဟောဝါနဲ့ ဘုရင်ဒါဝိဒ်ကို ရှာကြလိမ့်မယ်။+ အဆုံးပိုင်းကာလတွေမှာ ကောင်းမြတ်ခြင်းကျေးဇူးကို ခံစားရဖို့ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ ပြန်လာကြလိမ့်မယ်။+
၄ အစ္စရေးတို့၊ ယေဟောဝါပြောတာကို နားထောင်ပါ။
တိုင်းပြည်မှာ အမှန်တရား၊ ခိုင်မြဲတဲ့မေတ္တာ၊ ဘုရားသခင်ကို သိကျွမ်းတာတွေ မရှိဘူး။+
ဒါကြောင့် ပြည်သူပြည်သားတွေကို ယေဟောဝါ တရားစွဲပြီ။+
၂ မဟုတ်မမှန်ကျိန်ဆိုတာ၊ လိမ်ညာတာ၊+ သတ်ဖြတ်တာ၊+
ခိုးတာ၊ အိမ်ထောင်ရေးဖောက်ပြန်တာတွေ+ တိုင်းပြည်မှာ ပျံ့နှံ့နေတယ်။
လူသတ်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတယ်။+
၃ ဒါကြောင့် တိုင်းပြည်ဟာ ညည်းတွားငိုကြွေးရလိမ့်မယ်။+
ပြည်သားအားလုံး ချုံးချုံးကျသွားမယ်။
တောရိုင်းတိရစ္ဆာန်တွေ၊ မိုးကောင်းကင်ငှက်တွေ၊
ပင်လယ်ငါးတွေပါမကျန် ပျက်စီးလိမ့်မယ်။
၄ “ဒါပေမဲ့ မင်းရဲ့လူတွေဟာ ပုရောဟိတ်ကိုတောင် ပြန်ငြင်းခုံတဲ့ လူစားမျိုးတွေဆိုတော့+
သူတို့ကို ဘယ်သူမှ ငြင်းခုံမနေနဲ့။ ပဲ့ပြင်မနေနဲ့။+
၅ ဒါကြောင့် မင်းတို့ဟာ ညဘက်မှာ တိုက်လဲသလို နေ့ဘက်မှာ တိုက်လဲလိမ့်မယ်။
ပရောဖက်လည်း မင်းတို့နဲ့အတူ လဲကျလိမ့်မယ်။
မင်းတို့ရဲ့မိခင်ကို ငါဖျက်ဆီးမယ်။
၆ ငါ့လူတွေဟာ အသိပညာမရှိတဲ့အတွက် ပျက်စီးရလိမ့်မယ်။
အသိပညာကို ပစ်ပယ်တဲ့အတွက်+
ငါလည်း မင်းတို့ကို ငါ့ပုရောဟိတ်အဖြစ်ကနေ ပစ်ပယ်မယ်။
ဘုရားသခင်ရဲ့ ပညတ်ချက်ကို မင်းတို့ မေ့လျော့တဲ့အတွက်+
ငါလည်း မင်းတို့ရဲ့သားတွေကို မေ့လျော့မယ်။
၇ ပုရောဟိတ်တွေ တိုးများလာလေ အပြစ်များလေပဲ။+
ဒါကြောင့် ငါလည်း သူတို့ရဲ့ ဂုဏ်ကျက်သရေကို အရှက်ကွဲခြင်း ဖြစ်စေမယ်။*
၈ သူတို့က ငါ့လူတွေ အပြစ်လုပ်တဲ့အခါ အသားစားရတယ်။
ဒါကြောင့် ငါ့လူတွေရဲ့ အမှားကို ငမ်းငမ်းတက် ဖြစ်နေကြတယ်။
၉ လူတွေရော ပုရောဟိတ်တွေပါ ကြုံရမယ့်အရာဟာ အတူတူပဲ။
သူတို့ရဲ့ လမ်းစဉ်တွေအတွက် ငါဖြေရှင်းချက်တောင်းမယ်။
သူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ပြန်ခံစေမယ်။+
၁၀ သူတို့ စားရပေမဲ့ တင်းတိမ်မှာ မဟုတ်ဘူး။+
ယေဟောဝါကို အရေးမစိုက်တဲ့အတွက်
လူတကာနဲ့ ဖောက်ပြန်တာတောင် သားသမီးတစ်ယောက်မှ ထွန်းကားမှာ မဟုတ်ဘူး။+
၁၁ ပြည့်တန်ဆာလုပ်တာ၊ ဝိုင်တွေ၊ စပျစ်ဝိုင်သစ်တွေ သောက်သုံးတာဟာ
မှန်ရာလုပ်ချင်တဲ့စိတ်ကို ပျက်စီးစေတယ်။+
၁၂ ငါ့လူတွေက သစ်သားရုပ်တုတွေနဲ့ တိုင်ပင်တယ်။
နတ်ဆရာရဲ့တောင်ဝှေး အကြံပေးတာကို လုပ်ကြတယ်။
ပြည့်တန်ဆာလုပ်ချင်စိတ်ကြောင့် လမ်းလွဲနေကြတယ်။
သူတို့ရဲ့ ဘုရားသခင်ကို လက်အောက်မခံဘဲ ပြည့်တန်ဆာလုပ်ကြတယ်။
၁၃ သူတို့က တောင်ထိပ်တွေပေါ်မှာ ယဇ်ပူဇော်တယ်။+
တောင်ကုန်းတွေပေါ်မှာ၊
ဝက်သစ်ချပင်တွေ၊ လိဗနာပင်တွေ၊*
အပင်ကြီးတွေရဲ့ အရိပ်အောက်မှာ+ ယဇ်ပူဇော်တယ်။
ဒါကြောင့် သမီးတွေလည်း ပြည့်တန်ဆာလုပ်တယ်။
ချွေးမတွေလည်း အိမ်ထောင်ရေးဖောက်ပြန်တယ်။
၁၄ ဒါပေမဲ့ ပြည့်တန်ဆာလုပ်တဲ့ သမီးတွေ၊ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ချွေးမတွေကို
ငါဖြေရှင်းချက် မတောင်းဘူး။
ဘာလို့လဲဆိုတော့ ယောက်ျားတွေကိုယ်တိုင်က ပြည့်တန်ဆာတွေနဲ့အတူ ထွက်သွားပြီး
ဗိမာန်ပြည့်တန်ဆာတွေနဲ့အတူ ယဇ်ပူဇော်နေကြလို့ပဲ။
သိနားလည်နိုင်စွမ်းမရှိတဲ့ အဲဒီလိုလူတွေဟာ+ ပျက်စီးသွားမယ်။
၁၅ အို အစ္စရေး၊ မင်းကတော့ ပြည့်တန်ဆာလုပ်နေတယ်။+
အို ယုဒ၊ အဲဒီအပြစ်မျိုး မင်းမကျူးလွန်ပါနဲ့။+
ဂိလဂါလမြို့ကို မလာကြနဲ့။+ ဗေသဝင်မြို့ကိုလည်း မလာကြနဲ့။+
‘အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ပြောမယ်’ လို့လည်း မကျိန်ဆိုကြနဲ့။+
၁၆ အစ္စရေးက ရိုင်းတဲ့နွားမလို ခေါင်းမာတယ်။+
ကျယ်ဝန်းတဲ့စားကျက်မှာ သိုးသငယ်ကို ထိန်းကျောင်းသလို ငါယေဟောဝါက အခု သူတို့ကို ထိန်း
ကျောင်းပါတော့မလား။
၁၇ ဧဖရိမ်က ရုပ်တုတွေကို စွဲလမ်းနေတယ်။+
သူ့ကို ရှိစေတော့။
၁၈ ဘီယာကုန်သွားတော့
လူတကာနဲ့ ဖောက်ပြန်ကြတယ်။
သူ့အုပ်စိုးရှင်တွေကလည်း အရှက်တကွဲဖြစ်ရတာကိုပဲ နှစ်ခြိုက်ကြတယ်။+
၁၉ သူဟာ လေတိုက်ရာ လွင့်ပါသွားမယ်။
ပူဇော်တဲ့ယဇ်တွေကြောင့် လူတွေ အရှက်ကွဲရလိမ့်မယ်။”
၅ “ပုရောဟိတ်တို့၊ နားထောင်ကြ။+
အစ္စရေးအမျိုး၊ အာရုံစိုက်ကြ။
နန်းတွင်းသူ နန်းတွင်းသားတို့၊ နားထောင်ကြ။
မင်းတို့လည်း တရားစီရင်ခံရမယ်။
မင်းတို့ဟာ မိဇပါမြို့က ထောင်ချောက်ပဲ။
တာဗော်တောင်ပေါ်မှာ+ ဖြန့်ထားတဲ့ ပိုက်ကွန်ပဲ။
၂ ငါ့ဆီကနေ လမ်းလွဲသွားသူတွေဟာ အကြီးအကျယ် သတ်ဖြတ်နေကြတယ်။
သူတို့အားလုံးကို ငါသတိပေးနေတယ်။*
၃ ဧဖရိမ်ကို ငါသိတယ်။
အစ္စရေးဟာ ငါ့ကိုပုန်းရှောင်လို့ မရဘူး။
ဧဖရိမ်၊ မင်းဟာ အခု လူတကာနဲ့ ဖောက်ပြန်နေပြီ။
အစ္စရေးက ကိုယ့်ကိုယ်ကိုယ် ညစ်ညူးအောင်လုပ်နေပြီ။+
၄ သူတို့ဆီမှာ ပြည့်တန်ဆာလုပ်ချင်စိတ် ရှိနေတဲ့အတွက်+
သူတို့လုပ်ရပ်တွေက ဘုရားသခင်ဆီ ပြန်မလာနိုင်အောင် တားဆီးနေတယ်။
ယေဟောဝါဟာ သူတို့ရဲ့ ဘုရားသခင်ဖြစ်မှန်း အသိအမှတ်မပြုကြဘူး။
၅ အစ္စရေးရဲ့မာနက မိမိအကြောင်း သက်သေထွက်ဆိုနေတယ်။+
အစ္စရေးရော ဧဖရိမ်ပါ အပြစ်နွံထဲ လဲနေတယ်။
ယုဒလည်း အတူလဲကျတယ်။+
၆ သူတို့က သိုးအုပ်တွေ၊ တိရစ္ဆာန်အုပ်တွေနဲ့အတူ ယေဟောဝါကို လာရှာတယ်။
ဒါပေမဲ့ မတွေ့ဘူး။
သူတို့ဆီကနေ ထွက်ခွာသွားပြီ။+
၇ ယေဟောဝါကို သူတို့ သစ္စာဖောက်တယ်။+
တိုင်းတစ်ပါးကလေးတွေကို မွေးကြတယ်။
အခု၊ သူတို့ရော သူတို့ရဲ့လယ်မြေပါ တစ်လအတွင်း ဝါးမျိုခံရလိမ့်မယ်။
၈ ဂိဗာမြို့မှာ တံပိုးမှုတ်ကြ။+ ရာမမြို့မှာ ခရာမှုတ်ကြ။+
ဗေသဝင်မြို့မှာ စစ်ငြာသံပေးကြ။+ အို ဗင်ယာမိန်၊ မင်းနောက်ကို ငါတို့လိုက်မယ်။
၉ အို ဧဖရိမ်၊ ပြစ်ဒဏ်ခံရတဲ့နေ့မှာ မင်းဟာ လူတွေထိတ်လန့်စရာ ဖြစ်သွားမယ်။+
အစ္စရေးအနွယ်တွေ ကျိန်းသေကြုံရမယ့်အရာကို ငါအသိပေးပြီးသားပဲ။
၁၀ ယုဒမင်းညီမင်းသားတွေဟာ နယ်နိမိတ်မှတ်တိုင် ရွှေ့တဲ့သူတွေနဲ့ တူတယ်။+
သူတို့အပေါ် ငါ့အမျက်ဒေါသကို ရေလိုသွန်ချမယ်။
၁၁ ဧဖရိမ်ဟာ ဖိနှိပ်ခံလိုက်ရပြီ။ နင်းခြေခံရလိုက်ပြီ။ ဒါဟာ သူခံထိုက်တဲ့အရာပဲ။
ရန်သူနောက်ကိုလိုက်ဖို့ သူစိတ်ပိုင်းဖြတ်ထားတာကိုး။+
၁၂ ပိုးစားသလို ဧဖရိမ်ကို ငါစားပစ်မယ်။
ယုဒအမျိုးကို ပုပ်ဆွေးစေမယ်။
၁၃ ဧဖရိမ်က ကိုယ့်ရောဂါကို မြင်တဲ့အခါ၊ ယုဒက ကိုယ့်အနာကို မြင်တဲ့အခါ
ဧဖရိမ်က အဆီးရီးယားဆီ သွားတယ်။+ ဘုရင်တစ်ပါးဆီ စေတမန်တွေ လွှတ်တယ်။
ဒါပေမဲ့ အဲဒီဘုရင်က မင်းကို မကုသပေးနိုင်ဘူး။
မင်းရဲ့အနာ ပျောက်အောင် မလုပ်ပေးနိုင်ဘူး။
၁၄ ငါဟာ ဧဖရိမ်အတွက် ခြင်္သေ့ပျိုလို၊
ယုဒအမျိုးအတွက် သန်မာတဲ့ခြင်္သေ့လို ဖြစ်မယ်။
သူတို့ကို အပိုင်းပိုင်းဆွဲဖဲ့ပြီး ထွက်သွားမယ်။+
သူတို့ကို ကိုက်ချီသွားမယ်။ ကယ်တင်မယ့်သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။+
၁၅ ငါထွက်သွားပြီး ငါ့နေရာဆီ ပြန်သွားမယ်။ အပြစ်ရဲ့ အကျိုးဆက်ကို သူတို့ပြန်ခံရပြီးချိန်အထိ အဲဒီမှာပဲ နေမယ်။
သူတို့က ငါ့မျက်နှာသာရဖို့ ကြိုးစားကြလိမ့်မယ်။+
ဒုက္ခရောက်တဲ့အခါ ငါ့ကိုရှာကြလိမ့်မယ်။”+
၆ “လာကြ။ ယေဟောဝါဆီ ပြန်သွားကြစို့။
ဘုရားက ငါတို့ကို အပိုင်းပိုင်း ဆွဲဖဲ့ပေမဲ့+ ပြန်ကုသပေးမှာပါ။
ငါတို့ကို ရိုက်ပေမဲ့ ဒဏ်ရာကို ပြန်စည်းပေးမှာပါ။
၂ နှစ်ရက်လွန်ရင် ဘုရားက ငါတို့ကို အားသစ်လောင်းပေးမယ်။
သုံးရက်မြောက်နေ့မှာ ငါတို့ကို ပြန်ထစေမယ်။
ရှေ့တော်မှာ ငါတို့ အသက်ရှင်ရလိမ့်မယ်။
၃ ယေဟောဝါကို ငါတို့ သိကျွမ်းလာမယ်။ ဘုရားကို သိကျွမ်းဖို့ အင်တိုက်အားတိုက် ကြိုးစားကြမယ်။
ဘုရားက အရုဏ်ဦးလို ထွက်ပေါ်လာမှာ သေချာတယ်။
သဲသဲမဲမဲရွာတဲ့ မိုးလို၊ မြေကို စိုစွတ်စေတဲ့ နွေဦးမိုးလို ရောက်လာမယ်။”
၄ “အို ဧဖရိမ်၊ မင်းကို ငါဘာလုပ်ရမလဲ။
အို ယုဒ၊ မင်းကို ငါဘာလုပ်ရမလဲ။
မင်းတို့ရဲ့ ခိုင်မြဲတဲ့မေတ္တာဟာ မနက်ခင်းမိုးတိမ်လို၊ နှင်းတွေလို
ပျက်ပြယ်သွားတာ မြန်လိုက်တာ။
၅ ဒါကြောင့် ပရောဖက်တွေကတစ်ဆင့် ငါခုတ်ဖြတ်မယ်။+ ငါ့နှုတ်ထွက်စကားတွေနဲ့ ကွပ်မျက်မယ်။+
မင်းတို့ခံရတဲ့ တရားစီရင်ချက်တွေဟာ အလင်းရောင်လို မြင်သာထင်ရှားလာမယ်။+
၆ ငါနှစ်သက်တာ ခိုင်မြဲတဲ့မေတ္တာပဲ။ ပူဇော်သက္ကာ မဟုတ်ဘူး။
အကုန်အစင် မီးရှို့ရာအလှူထက် ငါ့အကြောင်း သိကျွမ်းတာကို ငါပိုနှစ်သက်တယ်။+
၇ ဒါပေမဲ့ အပြစ်ရှိတဲ့လူတွေလိုပဲ ပဋိညာဉ်ကို သူတို့ ချိုးဖောက်ကြတယ်။+
သူတို့ရဲ့တိုင်းပြည်မှာ ငါ့ကို သစ္စာဖောက်ကြတယ်။
၈ ဂိလဒ်ဟာ လူယုတ်မာတွေရဲ့ မြို့ပဲ။+
တစ်မြို့လုံးမှာ သွေးစွန်းတဲ့ ခြေရာတွေချည်းပဲ။+
၉ ပုရောဟိတ်အဖွဲ့ဟာ လူကိုတိုက်ဖို့ ချောင်းမြောင်းနေတဲ့ ဓားပြအုပ်စုလိုပဲ။
ရှေခင်မြို့ရဲ့+ လမ်းပေါ်မှာ သတ်ဖြတ်ကြတယ်။
သူတို့ရဲ့အကျင့်ဟာ ရှက်စရာကောင်းတယ်။
၁၀ သိပ်ဆိုးဝါးတဲ့အရာကို အစ္စရေးအမျိုးမှာ ငါမြင်လိုက်ရပြီ။
ဧဖရိမ်က အဲဒီမှာ ပြည့်တန်ဆာလုပ်တယ်။+
အစ္စရေးက ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတယ်။+
၁၁ အို ယုဒ၊ အချိန်သတ်မှတ်ထားတယ်။ ရိတ်သိမ်းချိန်မှာ စုသိမ်းသလိုမျိုး မင်းကို ပြန်စုသိမ်းမယ်။
ငါ့လူမျိုး သုံ့ပန်းတွေကို နေရင်းပြည်ဆီ ပြန်စုသိမ်းမယ်။”+
သူတို့ဟာ လှည့်စားတတ်တယ်။+
သူခိုးတွေ ဖောက်ထွင်းတယ်။
အပြင်မှာ ဓားပြအုပ်စုတွေ တိုက်ခိုက်လုယက်နေတယ်။+
၂ ဒါပေမဲ့ သူတို့ရဲ့ ဆိုးညစ်မှုမှန်သမျှကို ငါအမှတ်ရမယ်ဆိုတာ မတွေးမိကြဘူး။+
အဲဒီဆိုးညစ်မှုတွေကနေ ရုန်းမထွက်နိုင်အောင် ဖြစ်နေကြတယ်။
သူတို့လုပ်သမျှကို ငါမြင်တယ်။
၃ သူတို့က ဆိုးညစ်တာတွေလုပ်ပြီး ဘုရင်ကို ဝမ်းမြောက်စေတယ်။
ကလိမ်ကကျစ်လုပ်ပြီး မင်းညီမင်းသားတွေကို ဝမ်းမြောက်စေတယ်။
၄ သူတို့တွေဟာ အိမ်ထောင်ရေးဖောက်ပြန်သူတွေပဲ။
မုန့်ဖုတ်သမား ဖိုထားတဲ့ မီးဖိုလို တငွေ့ငွေ့လောင်နေတယ်။
မုန့်နယ်ချိန်ကနေ မုန့်ညက်ဖောင်းကြွလာချိန်အထိ မီးထိုးပေးစရာမလိုတဲ့ မီးဖိုလိုပဲ။
၅ ရှင်ဘုရင် ပွဲခံတဲ့နေ့မှာ မင်းညီမင်းသားတွေ ဖျားနာနေတယ်။
စပျစ်ဝိုင်အရှိန်ကြောင့် ဒေါသထွက်နေတယ်။+
ဘုရင်က လှောင်ပြောင်သူတွေကို လက်ကမ်းပေးတယ်။
၆ သူတို့ဟာ မီးဖိုလို တငွေ့ငွေ့လောင်နေတဲ့ စိတ်နှလုံးနဲ့ ရှေ့ဆက်တိုးကြတယ်။*
မုန့်ဖုတ်သမားက တစ်ညလုံး အိပ်နေတယ်။
မနက်ရောက်တော့ မီးဖိုဟာ တောက်လောင်နေတုန်းပဲ။
၇ သူတို့အားလုံး မီးဖိုလိုပဲ ပူလောင်နေတယ်။
အုပ်စိုးရှင်တွေကို* ဝါးမျိုပစ်တယ်။
သူတို့ရဲ့ဘုရင်တွေ ကျဆုံးသွားပြီ။+
တစ်ယောက်မှ ငါ့ကို အကူအညီ မတောင်းကြဘူး။+
၈ ဧဖရိမ်က လူမျိုးခြားတွေနဲ့ ရောနှောနေတယ်။+
မလှန်ရသေးလို့ တစ်ဖက်ပဲကျက်တဲ့ မုန့်ပြားနဲ့တူတယ်။
၉ သူ့ခွန်အားကို သူစိမ်းတွေ ဝါးမျိုလိုက်ပေမဲ့+ သူ မသိဘူး။
သူ့ဆံပင်တွေ ဖွေးဖွေးဖြူနေပေမဲ့ သူသတိမထားမိဘူး။
၁၀ အစ္စရေးရဲ့မာနက မိမိအကြောင်း သက်သေထွက်ဆိုနေတယ်။+
ဒါတောင် သူတို့ရဲ့ဘုရား ယေဟောဝါဆီ ပြန်မလာကြဘူး။+
ငါ့ကို မရှာကြဘူး။
၁၁ ဧဖရိမ်ဟာ ဆင်ခြင်ဉာဏ်မရှိတဲ့၊* ယုံလွယ်တတ်တဲ့ ချိုးငှက်လိုပဲ။+
အီဂျစ်ကို သူတို့ အကူအညီတောင်းတယ်။+ အဆီးရီးယားဆီ သွားတယ်။+
၁၂ ငါက သူတို့ဘယ်သွားသွား ပိုက်ကွန်နဲ့ အုပ်မယ်။
မိုးကောင်းကင်ငှက်တွေလို ဆွဲချမယ်။
သူတို့အားလုံးကို သတိပေးထားတဲ့အတိုင်း သူတို့ကို ငါဆုံးမမယ်။+
၁၃ ငါ့ဆီကနေ ထွက်ပြေးတဲ့အတွက် သူတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။
ငါ့ကိုပြစ်မှားတဲ့အတွက် ဖျက်ဆီးခံရလိမ့်မယ်။
သူတို့ကို ရွေးယူဖို့ ငါအသင့်ရှိခဲ့ပေမဲ့ ငါ့အကြောင်း လိမ်ပြောကြတယ်။+
ကောက်နှံနဲ့ စပျစ်ဝိုင်သစ်ကိုရဖို့ ကိုယ်ကို ဓားနဲ့မွှန်းကြတယ်။
ငါ့ကိုတော့ ကျောခိုင်းထားကြတယ်။
၁၅ သူတို့ကို ဆုံးမပြီး သူတို့ရဲ့လက်ရုံးကို ငါအားဖြည့်ပေးခဲ့ပေမဲ့
ငါ့ကို ဆန့်ကျင်ကြတယ်။ မကောင်းတာပဲ ကြံစည် ကြတယ်။
၁၆ သူတို့ရဲ့လမ်းစဉ်ကိုတော့ ပြောင်းလဲကြပါရဲ့။ ပိုမြင့်တဲ့အရာဆီကိုတော့* ပြန်မလာကြဘူး။
ကြိုးလျော့နေတဲ့ လေးလိုပဲ စိတ်ချလို့ မရဘူး။+
မင်းညီမင်းသားတွေဟာ ကလန်ကဆန် ပြောတတ်တဲ့အတွက် ဓားဘေးနဲ့ ကျဆုံးလိမ့်မယ်။
ဒါကြောင့် သူတို့ဟာ အီဂျစ်ပြည်မှာ လူတွေ လှောင်ပြောင်စရာ ဖြစ်ရလိမ့်မယ်။”+
ရန်သူဟာ ယေဟောဝါရဲ့ လူမျိုးတော်ဆီ* လင်းယုန်လို ရောက်လာတယ်။+
သူတို့က ငါ့ပဋိညာဉ်ကို ချိုးဖောက်ပြီး+ ပညတ်ချက်တွေကို ဖောက်ဖျက်ကြလို့ပဲ။+
၃ အစ္စရေးတွေက ကောင်းတာကို ပစ်ပယ်တဲ့အတွက်+
ရန်သူတွေ လိုက်ဖမ်းပါစေ။
၄ သူတို့က ငါ့အခွင့်မရှိဘဲ ဘုရင်တွေ တင်မြှောက်ကြတယ်။
ငါအသိအမှတ်မပြုဘဲ မင်းညီမင်းသားတွေ ခန့်အပ်ကြတယ်။
ရွှေငွေတွေနဲ့ ရုပ်တုတွေ လုပ်ပြီး+ ကိုယ်ပျက်စီးရာပျက်စီးကြောင်း ဖန်တီးကြတယ်။+
၅ အို ရှမာရိ၊ မင်းရဲ့ နွားသငယ်ရုပ်တုကို ငါရှင်းထုတ်မယ်။+
မင်းကို ငါအကြီးအကျယ် အမျက်ထွက်တယ်။+
မင်း ဘယ်တော့မှ အပြစ်ကင်းစင်နိုင်မှာလဲ။
၆ နွားသငယ်ရုပ်တုဟာ အစ္စရေးကနေ စတင်တယ်။
လက်မှုပညာသည်ရဲ့ လက်ရာဖြစ်လို့ စစ်မှန်တဲ့ဘုရား မဟုတ်ဘူး။
ရှမာရိရဲ့ နွားသငယ်ရုပ်တုဟာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားမယ်။
အဆန်အောင်တဲ့ ကောက်ပင် ပေါက်လာမှာ မဟုတ်ဘူး။+
ပေါက်လာရင်လည်း ဂျုံမှုန့်ရမှာ မဟုတ်ဘူး။
ဂျုံမှုန့်ရရင်လည်း တိုင်းတစ်ပါးသားတွေ စားသွားလိမ့်မယ်။+
လူမျိုးခြားတွေအလယ်မှာ+
ဘယ်သူမှ မလိုချင်တဲ့အိုးခွက်လို ဖြစ်သွားမယ်။
၉ သူတို့ဟာ ထီးတည်းနေတတ်တဲ့ မြည်းရိုင်းလို အဆီးရီးယားဆီ တက်သွားကြတယ်။+
ဧဖရိမ်က ရည်းစားတွေကို ငှားတယ်။+
၁၀ သူတို့က လူမျိုးခြားတွေဆီကနေ ရည်းစားတွေ ငှားပေမဲ့ သူတို့ကို ငါစုသိမ်းမယ်။
ဘုရင်နဲ့ မင်းညီမင်းသားတွေတင်တဲ့ ဝန်ထုပ်ကြောင့် သူတို့ မကြာခင် ဒုက္ခကြုံရတော့မယ်။+
၁၁ ဧဖရိမ်က ယဇ်ပလ္လင်အများကြီး တည်ပြီး အပြစ်ကျူးလွန်တယ်။+
အပြစ်ကျူးလွန်စေတဲ့ ယဇ်ပလ္လင်တွေပဲ။+
၁၃ သူတို့က ငါ့ဆီ လက်ဆောင်ပူဇော်သက္ကာတွေ ဆက်သပြီး အသားတွေ စားကြတယ်။
ဒါပေမဲ့ ငါယေဟောဝါက အဲဒါတွေကို မနှစ်သက်ဘူး။+
အခု၊ သူတို့အမှားကို သတိရပြီး အပြစ်တွေအတွက် ဒဏ်ပေးမယ်။+
အီဂျစ်ပြည်ကို သူတို့ ပြန်သွားခဲ့ကြတယ်။*+
၁၄ အစ္စရေးက ဖန်ဆင်းရှင်ကို မေ့လျော့ပြီး+ ဗိမာန်တွေ တည်ဆောက်တယ်။+
ယုဒက ခံတပ်မြို့အများကြီး တည်ဆောက်တယ်။+
ဒါပေမဲ့ သူ့မြို့တွေကို ငါမီးရှို့မယ်။
မြို့တိုင်းမှာရှိတဲ့ မျှော်စင်တွေကို မီးဝါးမျိုသွားမယ်။”+
၉ “အို အစ္စရေး၊ ဝမ်းမြောက်မနေနဲ့။+
လူမျိုးခြားတွေလို ရွှင်လန်းမနေနဲ့။
မင်းဟာ ပြည့်တန်ဆာလုပ်ပြီး ဘုရားသခင်ဆီကနေ လမ်းလွဲသွားပြီ။+
ကောက်နယ်တလင်းတွေမှာ ပြည့်တန်ဆာလုပ်လို့ရတဲ့ အခကို နှစ်သက်နေပြီ။+
၂ ဒါပေမဲ့ ကောက်နယ်တလင်းနဲ့ စပျစ်သီးနယ်ရာကျင်းက မင်းကို ကျွေးမွေးမှာ မဟုတ်ဘူး။
စပျစ်ဝိုင်အသစ်လည်း ထွက်တော့မှာ မဟုတ်ဘူး။+
၃ ယေဟောဝါရဲ့ပြည်မှာ မင်း ဆက်နေထိုင်ရမှာ မဟုတ်ဘူး။+
အဲဒီအစား ဧဖရိမ်က အီဂျစ်ကို ပြန်သွားရမယ်။
အဆီးရီးယားပြည်မှာ မသန့်ရှင်းတဲ့အရာကို စားသုံးရမယ်။+
၄ ယေဟောဝါအတွက် စပျစ်ဝိုင်အလှူကို သွန်းလောင်းရတော့မှာ မဟုတ်ဘူး။+
သူတို့ရဲ့ ပူဇော်သက္ကာတွေကို ဘုရားနှစ်သက်မှာ မဟုတ်ဘူး။+
အဲဒါတွေဟာ ညည်းတွားငိုကြွေးချိန်မှာ စားရတဲ့အစာလို ဖြစ်လိမ့်မယ်။
စားတဲ့သူတိုင်း ညစ်ညူးလိမ့်မယ်။
သူတို့ရဲ့အစာကို သူတို့ပဲ စားရလိမ့်မယ်။
ယေဟောဝါရဲ့ အိမ်တော်ဆီ ယူသွားလို့ရမှာ မဟုတ်ဘူး။
၅ စည်းဝေးတဲ့နေ့၊ ယေဟောဝါအတွက် ပွဲခံတဲ့နေ့ရောက်ရင်
မင်းတို့ ဘာလုပ်ကြမလဲ။
၆ ဖျက်ဆီးခြင်းဘေးကြောင့် သူတို့ ထွက်ပြေးရလိမ့်မယ်။+
အီဂျစ်က သူတို့ကို ပြန်စုသိမ်းမယ်။+ မင်ဖိမြို့က သူတို့ကို သင်္ဂြိုဟ်မယ်။+
အဖိုးတန်ငွေထည်တွေနေရာမှာ ဖက်ယားပင်တွေ ပေါက် လာမယ်။
တဲတွေမှာလည်း ဆူးချုံတွေ ပေါက်လာမယ်။
၇ စစ်ဆေးမယ့်နေ့၊ ဒဏ်ခတ်မယ့်နေ့ ရောက်လာတော့မယ်။+
ဒါကို အစ္စရေး သိရလိမ့်မယ်။
ပရောဖက်တွေ ရူးကုန်လိမ့်မယ်။
ဘုရားဆီကလာတဲ့ သတင်းစကားကို ပြောတဲ့သူလည်း ရူးသွပ်လိမ့်မယ်။
မင်းရဲ့အမှားတွေ၊ အမုန်းရန်ငြိုးတွေ များလွန်းတာကိုး။”
၈ ဧဖရိမ်ရဲ့ကင်းစောင့်က+ ဘုရားသခင်နဲ့အတူ ရှိခဲ့ဖူးတယ်။+
အခုတော့ ပရောဖက်တွေရဲ့ လုပ်ရပ်ဟာ+ ငှက်ဖမ်းသမားရဲ့ ထောင်ချောက်နဲ့ တူတယ်။
ဘုရားရဲ့အိမ်တော်မှာ အမုန်းရန်ငြိုးတွေ ရှိနေတယ်။
၉ သူတို့ဟာ ဂိဗာမြို့မှာဖြစ်ခဲ့သလို ပျက်စီးစေတဲ့ အကျင့်တွေထဲ နစ်မွန်းနေတယ်။+
ဘုရားက သူတို့အမှားကို သတိရပြီး အပြစ်တွေအတွက် ဒဏ်ပေးမယ်။+
၁၀ “အစ္စရေးကို ငါတွေ့တုန်းက သူဟာ တောကန္တာရထဲက စပျစ်သီးတွေနဲ့ တူတယ်။+
မင်းရဲ့ဘိုးဘေးတွေကို တွေ့တုန်းက သူတို့ဟာ သဖန်းပင်ရဲ့ သီးဦးသီးဖျားတွေနဲ့ တူတယ်။
ဒါပေမဲ့ ဗာလပေဂုရဆီ သူတို့သွားကြတယ်။+
ရှက်ဖွယ်ကောင်းတဲ့ ဘုရားဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်ကြတယ်။+
သူတို့ကြည်ညိုတဲ့အရာလိုပဲ ရွံရှာဖွယ်ဖြစ်လာတယ်။
၁၁ ဧဖရိမ်ရဲ့ ဂုဏ်ကျက်သရေဟာ ငှက်လို ပျံသွားပြီ။
ကလေးမွေးတာ၊ ကိုယ်ဝန်ဆောင်တာ၊ သန္ဓေတည်တာတွေ မရှိတော့ဘူး။+
၁၂ သားသမီးတွေ မွေးခဲ့ရင်တောင် တစ်ယောက်မကျန် ဆုံးပါးစေမယ်။+
ငါလှည့်ထွက်သွားတဲ့အခါ သူတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။+
၁၃ စားကျက်မြေမှာ ပေါက်နေတဲ့ ဧဖရိမ်ဟာ ငါ့အတွက်တော့ တိုင်ရာမြို့နဲ့ တူတယ်။+
အခုတော့ ဧဖရိမ်က သူ့သားတွေကို အသတ်ခံရဖို့ ခေါ်လာရမယ်။”
၁၄ အို ယေဟောဝါ၊ သူတို့ရထိုက်တာကို ပေးလိုက်ပါ။
ကိုယ်ဝန်ပျက်တတ်တဲ့ဝမ်း၊ နို့မထွက်တဲ့ သားမြတ်ကို ပေးလိုက်ပါ။
၁၅ “ဂိလဂါလမြို့မှာ ဆိုးညစ်မှုမှန်သမျှ ပြုလုပ်ကြတဲ့အတွက်+ သူတို့ကို ငါမုန်းတယ်။
မကောင်းမှုတွေ လုပ်တဲ့အတွက် ငါ့အိမ်တော်ကနေ မောင်းထုတ်မယ်။+
သူတို့ကို မချစ်တော့ဘူး။+
မင်းညီမင်းသားအားလုံး ခေါင်းမာကြတယ်။
အမြစ်တွေ ခြောက်သွေ့ ပြီး အသီးသီးတော့မှာ မဟုတ်ဘူး။
ကလေးမွေးခဲ့ရင်တောင် ချစ်ရတဲ့ရင်သွေးတွေကို ငါကွပ်မျက်မယ်။”
၁၇ ဘုရားသခင့်စကားကို နားမထောင်တဲ့အတွက် သူတို့ကို ဘုရား စွန့်ပစ်မယ်။+
လူမျိုးခြားတွေအလယ်မှာ ဝရမ်းပြေး ဖြစ်သွားမယ်။+
၁၀ “အစ္စရေးဟာ အသီးသီးပေမဲ့ ညံ့ဖျင်းတဲ့* စပျစ်မျိုးပဲ။+
အသီးတွေ များလာသလို ယဇ်ပလ္လင်တွေလည်း များလာတယ်။+
တိုင်းပြည် ကောင်းစားလာသလို ကိုးကွယ်ရာကျောက်တိုင်တွေလည်း ပိုခမ်းနားလာတယ်။+
၂ သူတို့ရဲ့စိတ်နှလုံးဟာ ဟန်ဆောင်တတ်တယ်။
အခုတော့ သူတို့မှာ အပြစ်ရှိမှန်း ထင်ရှားလာမယ်။
ယဇ်ပလ္လင်တွေကို ဖြိုချပြီး ကိုးကွယ်ရာကျောက်တိုင်တွေကို ဖျက်ဆီးမယ့်သူ ရှိတယ်။
၃ အဲဒီအခါ သူတို့က ‘ယေဟောဝါကို မကြောက်တော့ ငါတို့မှာ ဘုရင် မရှိဘူး။+
ရှိခဲ့ရင်လည်း ငါတို့အတွက် ဘာလုပ်ပေးနိုင်မှာလဲ’ လို့ ပြောရလိမ့်မယ်။
၄ သူတို့က အဓိပ္ပာယ်မရှိတဲ့စကား ပြောတယ်။ မဟုတ်မမှန် ကျိန်ဆိုပြီး+ ကတိသစ္စာတွေ ပြုကြတယ်။
ဒါကြောင့် သူတို့ စီရင်ဆုံးဖြတ်တာတွေဟာ ထယ်ကြောင်းကြားက အဆိပ်ပြင်းတဲ့ ပေါင်းပင်တွေနဲ့ တူတယ်။+
၅ ရှမာရိမြို့သူမြို့သားတွေက ဗေသဝင်မြို့ရဲ့ နွားသငယ်ရုပ်တုကြောင့် ကြောက်ရွံ့ကြလိမ့်မယ်။+
အဲဒီရုပ်တုဟာ ဟိုးအဝေးကို ပြည်နှင်ဒဏ်ခံရမှာဖြစ်လို့
လူတွေ ညည်းတွားငိုကြွေးကြလိမ့်မယ်။
တိုင်းတစ်ပါးဘုရားရဲ့ ပုရောဟိတ်တွေလည်း ရုပ်တုနဲ့ ရုပ်တုရဲ့ ဂုဏ်ကျက်သရေကြောင့် ဝမ်းမြောက်ခဲ့ပေမဲ့ ညည်းတွားငိုကြွေးကြလိမ့်မယ်။
၆ အဲဒီရုပ်တုကို အဆီးရီးယားပြည်ကို သယ်လာပြီး ဘုရင်ကြီးဆီ လက်ဆောင်အဖြစ် ဆက်သမယ်။+
ဧဖရိမ် အရှက်ကွဲသွားမယ်။
အစ္စရေးကလည်း သူလိုက်ခဲ့တဲ့ အကြံဉာဏ်ကြောင့် အရှက်ကွဲသွားမယ်။+
၇ ရှမာရိနဲ့ ရှမာရိဘုရင်ဟာ ပယ်ရှင်းခံရမယ်။+
အချိုးခံရပြီး ရေမျောသွားတဲ့ သစ်ခက်လို ဖြစ်သွားမယ်။
၈ အစ္စရေးရဲ့ အပြစ်ဖြစ်တဲ့+ ဗေသဝင်မြို့ရဲ့ အထွတ်အမြတ်နေရာတွေ+ သုတ်သင်ပယ်ရှင်း ခံရမယ်။+
ယဇ်ပလ္လင်တွေပေါ်မှာ ဆူးပင်တွေ၊ ဆူးချုံတွေ ပေါက်နေမယ်။+
လူတွေက တောင်တွေကို ‘ငါတို့ကို ဖုံးအုပ်ပစ်ပါ၊’
တောင်ကုန်းတွေကို ‘ငါတို့အပေါ် ပြိုကျပါ’+ လို့ ပြောလိမ့်မယ်။
၉ အို အစ္စရေး၊ မင်းဟာ ဂိဗာမြို့မှာကတည်းက အပြစ်လုပ်ခဲ့တာ။+
အခုချိန်ထိ အပြစ်လုပ်နေတုန်းပဲ။
ဂိဗာမြို့မှာ စစ်ဖြစ်ခဲ့တုန်းက မဖြောင့်မတ်သူတွေကို အကုန်အစင် မသုတ်သင်ခဲ့ဘူး။
၁၀ ငါက အလိုရှိတဲ့အချိန်မှာ အစ္စရေးကို ဆုံးမမယ်။
အမှားနှစ်ခုကို ထမ်းပိုးလို သူတို့ထမ်းထားရချိန်မှာ
လူတွေ သူတို့ကိုတိုက်ဖို့ စုဝေးကြလိမ့်မယ်။
၁၁ ဧဖရိမ်က ကျင့်သားရနေလို့ ကောက်နယ်ဖို့ အသင့်ဖြစ်နေတဲ့ နွားမပျိုပဲ။
ဒါကြောင့် သူ့ရဲ့လှပတဲ့ လည်ကုပ်ကို ငါသက်ညှာပေးခဲ့တယ်။
အခုတော့ လူတစ်ယောက်ကို ဧဖရိမ်ပေါ် တက်စီးစေမယ်။+
ယုဒက ထယ်ထိုးလိမ့်မယ်။ ယာကုပ်က အဲဒီလူအတွက် ထွန်ယက်လိမ့်မယ်။
၁၂ ဖြောင့်မတ်ခြင်းမျိုးစေ့ကို ကြဲပြီး ခိုင်မြဲတဲ့မေတ္တာကို ရိတ်သိမ်းကြပါ။
ယေဟောဝါကိုရှာဖို့ အချိန်ရှိနေတုန်း+
ဖြစ်ထွန်းတဲ့မြေကို ထယ်ထိုးကြပါ။+
ဒါဆိုရင် ဘုရားရောက်လာပြီး ဖြောင့်မတ်ခြင်းနဲ့အညီ သွန်သင်ပေးမယ်။+
၁၃ ဒါပေမဲ့ မင်းတို့က ဆိုးညစ်မှုကို ထယ်ထိုးတယ်။
မဖြောင့်မတ်မှုကို ရိတ်သိမ်းရတယ်။+
လှည့်စားခြင်း အသီးအပွင့်တွေကို စားသုံးရတယ်။
ကိုယ့်အကြံကိုပဲ အားကိုးတာကိုး။
စစ်သူရဲအလုံးအရင်းကိုပဲ ကိုးစားတာကိုး။
၁၄ မင်းတို့အလယ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေမယ်။
ရှာလမန်မင်းရဲ့ လက်ချက်နဲ့ ဗေသာဗေလမြို့ ပျက်စီးခဲ့သလို
မင်းတို့ရဲ့ ခံတပ်မြို့တွေ ပျက်စီးသွားမယ်။+
အဲဒီတိုက်ပွဲတုန်းက မိခင်တွေရော သားသမီးတွေပါ ကိုင်ဆောင့်ပြီး အသတ်ခံခဲ့ရတယ်။
၁၅ ဗေသလမြို့၊+ ကမ်းကုန်အောင်ဆိုးတဲ့ မင်းတို့လည်း အဲဒီလိုပဲ ခံရမယ်။
အရုဏ်တက်ချိန်မှာ အစ္စရေးဘုရင်ဟာ ကျိန်းသေ ပယ်ရှင်းခံရမယ်။”+
၁၁ “အစ္စရေးကို သူငယ်ငယ်ကတည်းက ငါချစ်ခဲ့တယ်။+
ငါ့သားကို အီဂျစ်ပြည်ကနေ ငါခေါ်ခဲ့တယ်။+
အစ္စရေးက ပြေးလေလေပဲ။+
ဗာလရုပ်တုတွေဆီ ပူဇော်မြဲပူဇော်တယ်။+
ရုပ်တုတွေဆီ ပူဇော်သက္ကာတွေ ဆက်သတယ်။+
၃ ဒါပေမဲ့ ဧဖရိမ်ကို လမ်းလျှောက်တတ်အောင် ငါသင်ပေးခဲ့တယ်။+ ရင်ခွင်ထဲ ချီပိုက်ခဲ့တယ်။+
သူတို့ကတော့ ငါကုသပေးခဲ့မှန်း အသိအမှတ် မပြုကြဘူး။
၄ လူတွေသုံးတဲ့ကြိုး၊* မေတ္တာကြိုးနဲ့ သူတို့ကို ငါ အမြဲဆွဲငင်ခဲ့တယ်။+
သူတို့ပခုံး* ပေါ်က ထမ်းပိုးကို ဖယ်ပေးပြီး
တစ်ယောက်စီကို ညင်ညင်သာသာ အစာကျွေးခဲ့တယ်။
၅ သူတို့က ငါ့ဆီ ပြန်မလာတဲ့အတွက်+ အီဂျစ်ပြည်ကို ပြန်သွားရမှာ မဟုတ်ဘူး။
အဆီးရီးယားက သူတို့ကို အုပ်စိုးရလိမ့်မယ်။+
၆ သူ့ရဲ့မြို့တွေပေါ် ဓားဘေး ကျရောက်လိမ့်မယ်။+
သူတို့ရဲ့ အကြံအစည်တွေကြောင့် မြို့ကန့်လန့်ကျင်တွေကို ဖျက်ဆီးပြီး သူတို့ကို ဝါးမျိုပစ်မယ်။+
၇ ငါ့လူတွေက ငါ့ကို တအားသစ္စာဖောက်ချင်ကြတယ်။+
အထက်အရပ်ဆီ* သွားဖို့ ပရောဖက်တွေခေါ်ပေမဲ့ တစ်ယောက်မှ မထကြဘူး။
၈ အို ဧဖရိမ်၊ မင်းကို ငါစွန့်လွှတ်ရက်ပါ့မလား။+
အို အစ္စရေး၊ မင်းကို ရန်သူ့လက်ထဲ အပ်ရက်ပါ့မလား။
မင်းကို အာဒမာမြို့လို ဖြစ်သွားအောင် လုပ်ရက်ပါ့မလား။
ဇေဘိုင်မြို့ကို လုပ်ခဲ့သလို လုပ်ရက်ပါ့မလား။+
ငါ့စိတ် ပြောင်းသွားပြီ။
သနားစာနာစိတ်တွေ တဖွားဖွားပေါ်နေပြီ။+
၉ ဒေါသကို ငါ မဖွင့်ချတော့ဘူး။
ဧဖရိမ်ကို နောက်ထပ် မဖျက်ဆီးတော့ဘူး။+
ငါဟာ လူမှမဟုတ်တာ၊ ဘုရားသခင်ပဲ။
မင်းနဲ့အတူရှိနေတဲ့ သန့်ရှင်းတဲ့အရှင်ပဲ။
မင်းဆီကို အမျက်ဒေါသနဲ့ ငါလာမှာမဟုတ်ဘူး။
၁၀ ယေဟောဝါနောက်ကို သူတို့ လိုက်ကြလိမ့်မယ်။ ဘုရားသခင်က ခြင်္သေ့လို ဟိန်းဟောက်လိမ့်မယ်။+
အဲဒီလိုဟိန်းဟောက်တဲ့အခါ ဘုရားရဲ့သားသမီးတွေက ကြောက်ရွံ့တုန်လှုပ်ပြီး အနောက်အရပ်ကနေ ရောက်လာမယ်။+
၁၁ သူတို့ဟာ ငှက်လို ကြောက်ရွံ့တုန်လှုပ်ပြီး အီဂျစ်ပြည်ကနေ ထွက်လာမယ်။
ချိုးငှက်လို အဆီးရီးယားပြည်ကနေ ထွက်လာမယ်။+
ငါက သူတို့ကို အိမ်တွေမှာ အခြေချနေထိုင်စေမယ်” လို့ ယေဟောဝါပြောတယ်။+
၁၂ “ဧဖရိမ်က ငါ့ကို မုသာတွေပဲ ပြောတယ်။
အစ္စရေးအမျိုးက ငါ့ကို လှည့်စားပြောဆိုတယ်။+
ယုဒကတော့ ဘုရားသခင်နဲ့အတူ လျှောက်လှမ်းနေတုန်းပဲ။
အသန့်ရှင်းဆုံးအရှင်ကို သူသစ္စာရှိတယ်။”+
၁၂ “ဧဖရိမ်က လေကို စားသုံးနေတယ်။
အရှေ့လေနောက်ကို တစ်နေ့လုံး လိုက်နေတယ်။
လိမ်ညာမှုတွေ၊ အကြမ်းဖက်မှုတွေကို များပြားစေတယ်။
အဆီးရီးယားနဲ့ ကတိသစ္စာပြုတယ်။+ အီဂျစ်ပြည်ကို ဆီတွေ သယ်သွားတယ်။+
၂ ယေဟောဝါက ယုဒကို တရားစွဲဆိုတယ်။+
ယာကုပ်ကို သူ့လမ်းစဉ်တွေအတွက်ဖြေရှင်းချက်တောင်းတယ်။
သူလုပ်ခဲ့တဲ့အတိုင်း ပြန်ပေးဆပ်ရလိမ့်မယ်။+
၃ ယာကုပ်က မိခင်ဝမ်းထဲမှာ အစ်ကို့ဖနောင့်ကို ကိုင်ထားတယ်။+
အားကုန်သုံးပြီး ဘုရားသခင်နဲ့ ယှဉ်ပြိုင်ခဲ့တယ်။+
၄ ကောင်းကင်တမန်နဲ့ ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တယ်။
မျက်နှာသာရဖို့ ငိုပြီးအသနားခံခဲ့တယ်။”+
ဘုရားသခင်က ဗေသလမြို့မှာ သူနဲ့တွေ့တဲ့အခါ ငါတို့အကြောင်း ပြောခဲ့တယ်။+
၅ ယေဟောဝါဟာ ဗိုလ်ခြေတို့ရဲ့ ဘုရားသခင်ပဲ။+
နာမတော်ဟာ ယေဟောဝါပဲဆိုတာ လူတွေ သိမှတ်ကြပါစေ။+
၆ “ဒါကြောင့် ဘုရားသခင်ဆီ ပြန်လာကြ။+
ခိုင်မြဲတဲ့မေတ္တာနဲ့ တရားမျှတမှုကို စောင့်ထိန်းကြ။+
ဘုရားသခင်ကို အမြဲမျှော်လင့်ကြ။
၇ ကုန်သည်တွေကတော့ မမှန်တဲ့ချိန်ခွင်ကို သုံးကြတယ်။
ဖြတ်စားလျှပ်စား လုပ်ချင်ကြတယ်။+
၈ ဧဖရိမ်က ‘ငါသူဌေးဖြစ်ပြီ။+ စည်းစိမ်ဥစ္စာတွေ စုဆောင်းမိပြီ။+
ငါပင်ပင်ပန်းပန်း ရှာဖွေထားတာတွေကို ကြည့်လိုက်ရင်
မတရားတာ၊ မှားနေတာ တစ်ခုမှတွေ့မှာ မဟုတ်ဘူး’ လို့ ပြောနေတယ်။
၉ ဒါပေမဲ့ အီဂျစ်ပြည်ကနေ မင်းတို့ ထွက်လာကတည်းက
ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။+
သတ်မှတ်ထားချိန်မှာလိုပဲ* မင်းတို့ကို တဲတွေမှာ ပြန်နေထိုင်စေမယ်။
၁၀ ငါက ပရောဖက်တွေကို မိန့်မှာခဲ့တယ်။+
စိတ်အာရုံတွေ အများကြီးပေးခဲ့တယ်။
ပရောဖက်တွေကတစ်ဆင့် ပုံဥပမာတွေ ပြောခဲ့တယ်။
၁၁ ဂိလဒ်ပြည်မှာ လှည့်စားမှုတွေ၊+ မရိုးသားမှုတွေ ရှိတယ်။
ဂိလဂါလမြို့မှာ နွားထီးတွေကို ပူဇော်ကြတယ်။+
ယဇ်ပလ္လင်တွေဟာ ထယ်ကြောင်းတွေမှာရှိနေတဲ့ ကျောက်တုံးတွေလို များလိုက်တာ။+
၁၂ ယာကုပ်က အာရံပြည်ကို*+ ထွက်ပြေးတယ်။
အစ္စရေးဟာ+ ဇနီးရဖို့ အဲဒီမှာ ကျွန်ခံခဲ့ရတယ်။+
ဇနီးရဖို့ သိုးထိန်းခဲ့ရတယ်။+
၁၃ ယေဟောဝါက ပရောဖက်တစ်ယောက်ကိုသုံးပြီး အစ္စရေးကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့တယ်။+
အဲဒီပရောဖက်ကိုသုံးပြီး သူ့ကို စောင့်ရှောက်ခဲ့တယ်။+
၁၄ ဧဖရိမ်က ဘုရားသခင်ကို အကြီးအကျယ် အမျက်ထွက်အောင် လုပ်တယ်။+
သူ့မှာ လူသတ်တဲ့အပြစ် ရှိနေတုန်းပဲ။
သူ့အရှင်သခင်က ကဲ့ရဲ့ရှုတ်ချခံရတဲ့အတွက် သူ့ကို အဲဒီအတိုင်း ပြန်ခံစေမယ်။”+
၁၃ “ဧဖရိမ် စကားပြောတဲ့အခါ လူတွေ တုန်လှုပ်သွားတယ်။
သူဟာ အစ္စရေးမျိုးနွယ်တွေထဲမှာ အရေးပါဆုံးပဲ။+
ဒါပေမဲ့ ဗာလကိုဝတ်ပြုတဲ့ အပြစ်ကြောင့်+ သေဆုံးခဲ့ရတယ်။
၂ အခု သူတို့ အပြစ်တစ်ခုပြီးတစ်ခု လုပ်နေတယ်။
ငွေရုပ်တုတွေ သွန်းလုပ်တယ်။+
လက်မှုပညာသည်တွေက လက်ရာမြောက်တဲ့ ရုပ်တုတွေ လုပ်တယ်။
‘ယဇ်ပူဇော်တဲ့လူတွေ နွားသငယ်ရုပ်တုကို နမ်းစေ’+ လို့ ပြောကြတယ်။
၃ ဒါကြောင့် သူတို့ဟာ နံနက်ခင်းမိုးတိမ်လို၊
မနက်စောစော ပျောက်လွင့်သွားတတ်တဲ့ နှင်းလို၊
လေပြင်းကြောင့် ကောက်နယ်တလင်းကနေ လွင့်သွားတဲ့ဖွဲလို၊
မီးခိုးခေါင်းတိုင်ကနေ ထွက်သွားတဲ့ မီးခိုးငွေ့လို ဖြစ်သွားမယ်။
၄ ဒါပေမဲ့ အီဂျစ်ပြည်ကနေ မင်းတို့ ထွက်လာကတည်းက ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။+
ငါကလွဲလို့ ဘယ်ဘုရားကိုမှ မင်းတို့ မသိခဲ့ဘူး။
ငါကလွဲလို့ ဘယ်သူမှ မင်းတို့ကို မကယ်တင်ခဲ့ဘူး။+
၅ တောကန္တာရမှာ၊ မိုးခေါင်တဲ့ပြည်မှာ မင်းတို့ကို ငါဂရုစိုက်ခဲ့တယ်။+
၆ စားကျက်တွေမှာ မင်းတို့ အဝစားခဲ့ရတယ်။+
အဝစားရတဲ့အတွက် မာန်တက်လာပြီး
ငါ့ကို မေ့သွားကြတယ်။+
၇ ငါဟာ သူတို့အတွက် ခြင်္သေ့ပျိုလို ဖြစ်မယ်။+
လမ်းနားက ကျားသစ်လို သူတို့ကို ချောင်းနေမယ်။
၈ သားငယ်ပျောက်သွားတဲ့ ဝက်ဝံမလို သူတို့ကို တိုက်ခိုက်မယ်။
သူတို့ရဲ့ရင်ဘတ်ကို ငါဆွဲဖြဲမယ်။
ခြင်္သေ့လို သူတို့ကို ဝါးမျိုမယ်။
တောသားရဲက သူတို့ကို အပိုင်းပိုင်း ဆွဲဖဲ့မယ်။
၉ အို အစ္စရေး၊ ကူညီမစခဲ့တဲ့ ငါ့ကို မင်း ငြင်းပယ်တဲ့အတွက်
အဲဒီသားရဲက မင်းကို ဖျက်ဆီးလိမ့်မယ်။
၁၀ မြို့တိုင်းမှာ ကယ်တင်ပေးရမယ့် မင်းတို့ရဲ့ဘုရင်က ဘယ်မှာလဲ။+
‘ဘုရင်နဲ့ မင်းညီမင်းသားတွေ ပေးပါ’ ဆိုပြီး
ငါ့ဆီ မင်းတို့တောင်းခဲ့တဲ့ အုပ်စိုးရှင်က ဘယ်မှာလဲ။+
၁၁ ငါက အမျက်ထွက်ပြီး ဘုရင်တစ်ပါး ပေးခဲ့တယ်။+
သူ့ကို ဒေါသနဲ့ ဖယ်ရှားမယ်။+
၁၂ ဧဖရိမ်ရဲ့အမှားကို ထုပ်ပိုးထား တယ်။
သူ့အပြစ်ကိုသိမ်းဆည်းထားတယ်။
၁၃ သားဖွားနေတဲ့မိန်းမလို သူ ဝေဒနာခံစားရလိမ့်မယ်။
သူဟာ ဉာဏ်ပညာမဲ့တဲ့ ကလေးပဲ။
ဝမ်းထဲကနေ ထွက်လာချိန်တန်ပေမဲ့ မထွက်လာဘူး။
အို သေမင်း၊ မင်းရဲ့အဆိပ်ဆူး ဘယ်မှာလဲ။+
အို သင်္ချိုင်း၊ မင်းရဲ့အဖျက်စွမ်းအား ဘယ်မှာလဲ။+
သူ့ကိုတော့ ငါသနားညှာတာမှာ မဟုတ်ဘူး။
၁၅ ကျူပင်တွေကြားမှာ သူပွားများနေရင်တောင်
အရှေ့လေဖြစ်တဲ့ ယေဟောဝါရဲ့လေက တိုက်ခတ်လာမယ်။
ကန္တာရကနေ တိုက်ခတ်လာပြီး သူ့ရဲ့ရေတွင်းနဲ့ စမ်းချောင်းကို ခန်းခြောက်စေမယ်။
အဖိုးတန်ပစ္စည်းတွေ သိမ်းထားတဲ့ သူ့ဘဏ္ဍာတိုက်ကို တိုက်ခိုက်လုယက်ကြမယ်။+
၁၆ ရှမာရိက ဘုရားသခင်ကို ပုန်ကန်တဲ့အတွက်+ အပြစ်ရှိသူလို့ သတ်မှတ်ခံရလိမ့်မယ်။+
ဓားဘေးနဲ့ ကျဆုံးသွားမယ်။+
သူတို့ရဲ့ သားသမီးတွေကို ကိုင်ဆောင့်ပြီး သတ်လိမ့်မယ်။
ကိုယ်ဝန်ဆောင်တွေရဲ့ဝမ်းကို ခွဲလိမ့်မယ်။”
၂ ယေဟောဝါဆီ ပြန်လာတဲ့အခါ မင်းတို့ပြောရမှာက
‘ဘုရားသခင်၊ အမှားတွေကို ခွင့်လွှတ်ပေးပါ။+ ကျွန်တော်တို့ဆီက ကောင်းတဲ့အရာတွေကို လက်ခံပေးလှည့်ပါ။
ကိုယ်တော့်ဆီ နွားထီးပျိုတွေကို ဆက်သသလို ဂုဏ်တော်ချီးမွမ်းတဲ့ စကားတွေကို ဆက်သပါ့မယ်။+
၃ အဆီးရီးယားက ကယ်တင်မှာ မဟုတ်ဘူး။+
ကျွန်တော်တို့ မြင်းတွေ မစီးတော့ပါဘူး။+
ကိုယ့်လက်နဲ့လုပ်ထားတာတွေကို “ငါတို့ရဲ့ဘုရားပဲ” လို့ မပြောတော့ပါဘူး။
ကိုယ်တော်ဟာ မိဘမဲ့ကလေးတွေကို ကရုဏာပြတဲ့အရှင်ပါ။’+
၄ ငါကုသပေးလိုက်တဲ့အတွက် သူတို့ သစ္စာဖောက်တော့မှာ မဟုတ်ဘူး။+
ငါ အမျက်ပြေသွားတဲ့အတွက်+
သူတို့ကို စိတ်လိုကိုယ်လျောက် ချစ်မယ်။+
၅ ငါဟာ အစ္စရေးအတွက် နှင်းပွင့်လို ဖြစ်မယ်။
နှင်းပန်းလို သူ ဖူးပွင့်ဝေဆာလာမယ်။
လက်ဘနွန်က သစ်ပင်တွေလို အမြစ်စွဲနေမယ်။
၆ သူ့အခက်အလက်တွေ ဖြာထွက်လာမယ်။
သူဟာ သံလွင်ပင်လို ခမ်းနားလိမ့်မယ်။
လက်ဘနွန်သစ်ပင်တွေရဲ့ ရနံ့လို မွှေးကြိုင်နေလိမ့်မယ်။
၇ သူတို့ဟာ ငါ့အရိပ်ကို ပြန်ခိုလှုံကြမယ်။
ကောက်နှံတွေကို စိုက်ပျိုးလိမ့်မယ်။ စပျစ်ပင်လို ဖူးပွင့်ဝေဆာလိမ့်မယ်။+
ငါလည်း လက်ဘနွန်ရဲ့ စပျစ်ဝိုင်လို ကျော်ကြားလိမ့်မယ်။
၈ ‘ဒီရုပ်တုတွေက ငါနဲ့ဘာဆိုင်တော့လို့လဲ’ ဆိုပြီး ဧဖရိမ် ပြောလိမ့်မယ်။+
ငါက သူပြောတာကို ကြားပြီး ဂရုစိုက်ကြည့်နေမယ်။+
ငါဟာ စိမ်းလန်းတဲ့ ဂျူနီပါထင်းရှူးပင်လို ဖြစ်လာမယ်။ ငါ့ဆီကနေ သစ်သီးတွေကို မင်း ရလိမ့်မယ်။”
၉ ဉာဏ်ပညာရှိတာ ဘယ်သူလဲ။ ဒီအကြောင်းတွေကို သူနားလည်ပါစေ။
သတိပညာရှိတာ ဘယ်သူလဲ။ ဒါတွေကို သူသိပါစေ။
ယေဟောဝါရဲ့ လမ်းစဉ်ဟာ ဖြောင့်မှန်တယ်။+
ဖြောင့်မတ်သူတွေက အဲဒီလမ်းစဉ်မှာ လျှောက်လိမ့်မယ်။
ပြစ်မှားသူတွေကတော့ အဲဒီလမ်းစဉ်မှာ တိုက်လဲလိမ့်မယ်။
အဓိပ္ပာယ်၊ “ယေဟောဝါ ကယ်တင်ပြီ။” ဟောရှာယရဲ့ အတိုကောက်နာမည်။
အဓိပ္ပာယ်၊ “ဘုရားသခင် မျိုးစေ့ကြဲလိမ့်မယ်။”
အဓိပ္ပာယ်၊ “ကရုဏာမခံရသူ။”
အဓိပ္ပာယ်၊ “ငါ့လူတွေ မဟုတ်ဘူး။”
ဟော ၁:၉ ရဲ့အောက်ခြေမှတ်ချက်ကိုကြည့်။
ဟော ၁:၆ ရဲ့အောက်ခြေမှတ်ချက်ကိုကြည့်။
ဒါမှမဟုတ်၊ “ကျွန်မရဲ့ဗာလ။”
အဓိပ္ပာယ်၊ “ဘုရားသခင် မျိုးစေ့ကြဲလိမ့်မယ်။”
ဟော ၁:၆ ရဲ့အောက်ခြေမှတ်ချက်ကိုကြည့်။
ဟော ၁:၉ ရဲ့အောက်ခြေမှတ်ချက်ကိုကြည့်။
တစ်ဟောမဲက ၂၂၀ လီတာဆံ့တဲ့ ပုံးတစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
“သူတို့က ငါ့ဂုဏ်ကျက်သရေကို အရှက်ကွဲခြင်းနဲ့ လဲလှယ်ကြတယ်” လည်းဖြစ်နိုင်။
မွှေးကြိုင်တဲ့ အဖြူရောင်ပန်း ပွင့်တဲ့အပင်။
ဒါမှမဟုတ်၊ “ငါ ဆုံးမမယ်။”
“ဉာဏ်နီဉာဏ်နက်နဲ့ ရှေ့ဆက်တိုးနေတုန်း သူတို့စိတ်နှလုံးဟာ တငွေ့ငွေ့လောင်နေတဲ့ မီးဖိုလိုပဲ” လည်းဖြစ်နိုင်။
မူရင်း၊ “တရားသူကြီးတွေကို။”
မူရင်း၊ “စိတ်နှလုံးမရှိတဲ့။”
မြင့်မြတ်တဲ့ဝတ်ပြုရေးဆီကိုတော့။
ဒါမှမဟုတ်၊ “အိမ်တော်ဆီ။”
“ပြန်လာကြလိမ့်မယ်” လည်းဖြစ်နိုင်။
“ဖြာထွက်နေတဲ့” လည်းဖြစ်နိုင်။
အစ္စရေးကိုသွန်သင်ဖို့ စေလွှတ်ခံရတဲ့ ပရောဖက်နဲ့ တခြားသူတွေ။
ဒါမှမဟုတ်၊ “အကြင်နာကြိုး။” ကလေး လမ်းလျှောက်သင်တဲ့အခါ မိဘတွေသုံးတဲ့ကြိုး။
မူရင်း၊ “မေးရိုး။”
မြင့်မြတ်တဲ့ဝတ်ပြုရေး။
“ပွဲတော်ရာသီမှာလိုပဲ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ဆီးရီးယားပြည်။”