ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • nwt ၂ သက်သာလောနိတ် ၁:၁-၃:၁၈
  • ၂ သက်သာလောနိတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂ သက်သာလောနိတ်
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၂ သက်သာလောနိတ်

သက်သာလောနိတ် ဒုတိယစောင်

၁ ပေါလု၊  သိလွာနု၊* တိမောသေတို့က+ အဖဘုရားသခင်နဲ့ရော သခင်ယေရှုခရစ်နဲ့ပါ တစ်စိတ်တစ်ဝမ်းတည်းရှိနေတဲ့  သက်သာလောနိတ်  အသင်းတော်ဆီ စာရေးလိုက်ပါတယ်။

၂ အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။

၃ ညီအစ်ကိုတို့၊  ခင်ဗျားတို့အတွက် ဘုရားသခင်ကို ကျွန်တော်တို့ အမြဲကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း အလွန်ခိုင်ခံ့ပြီး အချင်းချင်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ တိုးပွားနေတဲ့အတွက် အဲဒီလို ကျေးဇူးတင်သင့်ပါတယ်။+ ၄ ခင်ဗျားတို့က ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆင်းရဲခက်ခဲမှုတွေ ခံနေရတာတောင်+ ခံနိုင်ရည်နဲ့  ယုံကြည်ခြင်းကို  တင်ပြတဲ့အတွက် ဘုရားသခင်ရဲ့ အသင်းတော်တွေမှာ ခင်ဗျားတို့အကြောင်း ကျွန်တော်တို့ ဂုဏ်ယူပြောဆိုကြတယ်။+ ၅ ဘုရားသခင် ဖြောင့်မှန်စွာ တရားစီရင်တယ်ဆိုတာ အဲဒီအချက်တွေအားဖြင့် သိနိုင်တယ်။ ဒီနည်းနဲ့ ခင်ဗျားတို့ဟာ ဘုရားသခင့် နိုင်ငံတော်ထဲ ဝင်ထိုက်သူတွေ ဖြစ်လာတယ်။ အဲဒီနိုင်ငံတော်အတွက်ပဲ ခင်ဗျားတို့ ဆင်းရဲဒုက္ခခံနေတာပါ။+

၆ ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့အတွက်  ခင်ဗျားတို့ကို  ဆင်းရဲဒုက္ခရောက်စေသူတွေကို  ပြစ်ဒဏ်ပေးလိမ့်မယ်။+ ၇ သခင်ယေရှုက တန်ခိုးကြီး ကောင်းကင်တမန်တွေနဲ့အတူ+ ကောင်းကင်ဘုံကနေ ပေါ်ထွန်းလာတဲ့အခါ+  ဆင်းရဲဒုက္ခခံစားနေရတဲ့ ခင်ဗျားတို့ကို ကျွန်တော်တို့နဲ့အတူ သက်သာရာရစေလိမ့်မယ်။ ၈ ယေရှုက မီးလျှံနဲ့တကွ ပေါ်ထွန်းပြီး ဘုရားသခင်ကို မသိသူတွေ၊ သခင်ယေရှုအကြောင်း သတင်းကောင်းကို မနာခံသူတွေကို လက်စားချေလိမ့်မယ်။+ ၉ သူတို့ဟာ ထာဝရပျက်စီးခြင်း+ ပြစ်ဒဏ်စီရင်ချက်ကို ခံရပြီး သခင့်ရှေ့တော်ကနေ ဖယ်ရှားခံရမယ်။ သခင့်ရဲ့ ဘုန်းတန်ခိုးကို မြင်ခွင့်ရမှာ  မဟုတ်ဘူး။ ၁၀ သန့်ရှင်းသူတွေနဲ့အတူ ဘုန်းအသရေထင်ရှားဖို့ သခင် ကြွလာတဲ့အခါ အဲဒီလို ဖြစ်လိမ့်မယ်။ အဲဒီနေ့ကျရင် ယုံကြည်သက်ဝင်ခဲ့သူတွေရော  ကျွန်တော်တို့ ပေးတဲ့ သက်သေကို ယုံကြည်ခဲ့တဲ့ ခင်ဗျားတို့ပါ သခင်ကို အံ့သြချီးမွမ်းကြရလိမ့်မယ်။

၁၁ ဒါကြောင့် ခင်ဗျားတို့ကို ရွေးချယ်ခံထိုက်သူတွေအဖြစ် ဘုရားသခင် ယူမှတ်စေဖို့+ အမြဲဆုတောင်းပေးပါတယ်။ ဘုရားသခင်က ကောင်းမြတ်တဲ့အရာတွေကို တန်ခိုးတော်နဲ့ ပြီးမြောက်အောင် လုပ်ဆောင်ဖို့၊ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းပါတဲ့ လုပ်ရပ်တွေကို အောင်မြင်စေဖို့လည်း ကျွန်တော်တို့ အမြဲဆုတောင်းပေးပါတယ်။ ၁၂ ဘုရားသခင်နဲ့ သခင်ယေရှုခရစ်ရဲ့ မဟာကရုဏာကြောင့် အဲဒီလို ဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့အားဖြင့် သခင်ယေရှုရဲ့ နာမည် ဘုန်းထင်ရှားပြီး ခင်ဗျားတို့လည်း သခင်ယေရှုခရစ်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိနိုင်ကြမယ်။

၂ ညီအစ်ကိုတို့၊ သခင်ယေရှုခရစ် ရောက်ရှိနေခြင်းအကြောင်း၊+ သခင်နဲ့အတူနေရမယ့်အကြောင်းနဲ့ ပတ်သက်ပြီး+ ခင်ဗျားတို့ကို မှာချင်တာကတော့၊ ၂ ယေဟောဝါ* ရဲ့နေ့+  ရောက်ပြီဆိုတဲ့  သတင်းကြောင့်+ စိတ်လှုပ်ရှားပြီး ခင်ဗျားတို့ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း အလွယ်တကူ ပျောက်ဆုံးသွားတာမျိုး မဖြစ်စေနဲ့။ အဲဒီသတင်းဟာ ဗျာဒိတ်ရပြီး ပြောတာ ဖြစ်နိုင်သလို နှုတ်သတင်းလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ဆီက လာပုံပေါက်တဲ့စာလည်း ဖြစ်နိုင်တယ်။

၃ ခင်ဗျားတို့ကို ဘယ်သူမှ မလှည့်ဖြားပါစေနဲ့။ ဘာလို့လဲဆိုတော့ အဲဒီနေ့ မရောက်ခင်  အယူဖောက်ပြန်ခြင်း+ အရင်ဖြစ်လိမ့်မယ်။ အဲဒီနောက် တရားမဲ့သူ+ တစ်နည်းအားဖြင့် ပျက်စီးခြင်းရဲ့သား+  ပေါ်လာလိမ့်မယ်။ ၄ သူဟာ  ဆန့်ကျင်သူ ဖြစ်ပြီး ဘုရားလို့ အခေါ်ခံတဲ့ပုဂ္ဂိုလ်တွေ၊ လူတွေ ကိုးကွယ်တဲ့အရာတွေရဲ့ အထက်မှာ သူ့ကိုယ်သူ ချီးမြှောက်တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ ဗိမာန်တော်မှာ ထိုင်ပြီး၊ သူ့ကိုယ်သူ ဘုရားပဲဆိုပြီး လူသိရှင်ကြား ဖော်ပြတယ်။ ၅ ခင်ဗျားတို့နဲ့အတူ ရှိတုန်းက အဲဒီအကြောင်းတွေကို ကျွန်တော် မကြာမကြာ ပြောပြခဲ့တာ သတိမရကြဘူးလား။

၆ တရားမဲ့သူကို  အချိန်တန်မှပဲ ပေါ်လာအောင် ဘယ်သူ တားဆီးထားတယ်ဆိုတာ ခင်ဗျားတို့ အခုသိနေတာပဲ။ ၇ အဲဒီတရားမဲ့သူရဲ့ ဆိုးညစ်မှုဟာ အခုရှိနေတာ မှန်တယ်၊+ ဒါပေမဲ့ မပေါ်လွင်သေးဘူး။ တားဆီးသူ မရှိတော့တဲ့အချိန်အထိ မထင်မရှား ရှိနေလိမ့်မယ်။ ၈ အဲဒီနောက် တရားမဲ့သူ ပေါ်ကိုပေါ်လာလိမ့်မယ်။ သခင်ယေရှုက မိမိရောက်ရှိနေကြောင်း ထင်ရှားပြတဲ့အချိန်မှာ+ အဲဒီတရားမဲ့သူကို နှုတ်တော်ထွက်စွမ်းအားနဲ့+ ဖျက်ဆီးပစ်လိမ့်မယ်။ ၉ တရားမဲ့သူ ပေါ်လာတာဟာ စာတန်ရဲ့ တန်ခိုးကြောင့်ပဲ။+ တရားမဲ့သူက တန်ခိုးကြီးလုပ်ရပ်တွေ၊ မုသာနဲ့ဆိုင်တဲ့ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ လုပ်ပြလိမ့်မယ်။+ ၁၀ ဖျက်ဆီးခံရမယ့်လူတွေကို မကောင်းမှုအမျိုးမျိုးနဲ့ လှည့်ဖြားလိမ့်မယ်။+ သူတို့ဖျက်ဆီးခံရတာဟာ ကယ်တင်ခြင်းရစေနိုင်တဲ့ အမှန်တရားကို နှစ်သက်လက်ခံခြင်း မရှိတဲ့အတွက်ပဲ။ ၁၁ ဘုရားသခင်က သူတို့ကို မှားယွင်းတဲ့ သွန်သင်ချက်တွေရဲ့ လှည့်ဖြားမှုခံရအောင် ခွင့်ပြုလိုက်တဲ့အတွက် မုသာစကားတွေကို ယုံကြည်သွားကြတယ်။+ ၁၂ သူတို့တွေ တရားစီရင်ခြင်း ခံရတာဟာ အမှန်တရားကို မယုံကြည်ဘဲ မတရားမှုမှာ ပျော်မွေ့နေကြလို့ပဲ။

၁၃ ယေဟောဝါ* ချစ်မြတ်နိုးတဲ့ ညီအစ်ကိုတို့၊  ခင်ဗျားတို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဘုရားသခင်က အမှန်တရားကို ယုံကြည်တဲ့ ခင်ဗျားတို့ကို စွမ်းအားတော်နဲ့ စင်ကြယ်စေတဲ့အပြင်+ ခင်ဗျားတို့ကို ကယ်တင်ဖို့ အစကတည်းက ရွေးချယ်တဲ့အတွက်ကြောင့်ပါပဲ။+

၁၄ ဘုရားသခင်က ကျွန်တော်တို့ ကြေညာတဲ့ သတင်းကောင်းအားဖြင့် ခင်ဗျားတို့ကို ရွေးချယ်ခဲ့တယ်။ သခင်ယေရှုခရစ်ရဲ့ ဘုန်းတော်ကို ခင်ဗျားတို့ ခံစားနိုင်ဖို့ပါ။+ ၁၅ ဒါကြောင့် ညီအစ်ကိုတို့၊  ကြံ့ကြံ့ခံ  ရပ်တည်ကြပါ။+ ကျွန်တော်တို့ ပြောတဲ့ စကားကတစ်ဆင့်ဖြစ်စေ၊ ရေးလိုက်တဲ့ စာကတစ်ဆင့်ဖြစ်စေ ခင်ဗျားတို့ရတဲ့ ညွှန်ကြားချက်တွေအတိုင်း ဆက်လိုက်နာကြပါ။+ ၁၆ ဒါ့အပြင်  သခင်ယေရှုခရစ်ရော ကျွန်တော်တို့ကို ချစ်မြတ်နိုးပြီး+ မဟာကရုဏာကတစ်ဆင့် ထာဝရနှစ်သိမ့်မှုနဲ့ တောက်ပတဲ့မျှော်လင့်ချက် ပေးသနားတဲ့+ အဖဘုရားသခင်ကပါ၊ ၁၇ ခင်ဗျားတို့ကို နှစ်သိမ့်ပေးပြီး ခိုင်ခံ့မြဲမြံအောင် လုပ်ပေးပါစေ။ ဒါဆိုရင် ခင်ဗျားတို့ ကောင်းမွန်ရာကို အမြဲပြောဆိုပြီး လုပ်ဆောင်နိုင်ကြလိမ့်မယ်။

၃ ညီအစ်ကိုတို့၊ နောက်ဆုံး မှာချင်တာက ယေဟောဝါရဲ့* တရားစကား  အလျင်အမြန်  ပျံ့နှံ့သွားအောင်၊+ ခင်ဗျားတို့လိုပဲ တခြားလူတွေလည်း တရားစကားကို လေးစားလက်ခံလာအောင် ဆက်ဆုတောင်းပေးကြပါ။+ ၂ ဆိုးညစ်ယုတ်မာသူတွေရဲ့ လက်ကနေ ကျွန်တော်တို့ကို  ဘုရားသခင်  ကယ်တင်ပေးဖို့လည်း+ ဆုတောင်းပေးကြပါ။ ဘာလို့လဲဆိုတော့ လူတိုင်း  ယုံကြည်ခြင်းရှိတာ  မဟုတ်ဘူး။+ ၃ သခင်ကတော့ သစ္စာရှိတယ်။ ခင်ဗျားတို့ကို ခိုင်ခံ့မြဲမြံစေပြီး  ဆိုးညစ်သူရဲ့ ရန်ကနေ   ကာကွယ်ပေးလိမ့်မယ်။ ၄ ဒါ့အပြင် ခင်ဗျားတို့က ကျွန်တော်တို့ ညွှန်ကြားတဲ့အတိုင်း လိုက်နာနေပြီး ဆက်လိုက်နာသွားမယ်ဆိုတာကို သခင့်နောက်လိုက်တွေအနေနဲ့ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။ ၅ ဘုရားသခင်ကို ချစ်ပြီး+ ခရစ်တော်အတွက် ခံနိုင်ရည်ရှိလာအောင်+ ခင်ဗျားတို့ရဲ့ စိတ်နှလုံးကို သခင် အမြဲလမ်းညွှန်ပေးပါစေ။

၆ ညီအစ်ကိုတို့၊ သခင်ယေရှုခရစ်ရဲ့  နာမည်ကို  အမှီပြုပြီး  မှာချင်တယ်။  ကျွန်တော်တို့ ပေးတဲ့  ညွှန်ကြားချက်တွေနဲ့အညီ မနေထိုင်ဘဲ+ စည်းစနစ်မဲ့စွာ ကျင့်ကြံပြုမူတဲ့ ညီအစ်ကိုတွေကို+  ရှောင်ကြပါ။ ၇ ကျွန်တော်တို့ကို ဘယ်လို အတုယူရမယ်ဆိုတာ+ ခင်ဗျားတို့ သိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ခင်ဗျားတို့နဲ့အတူ ရှိနေတုန်းမှာ စည်းစနစ်မဲ့စွာ  ကျင့်ကြံပြုမူတာမျိုး  မလုပ်ခဲ့ဘူး။ ၈ အစားအသောက်ကို အဖိုးအခ မပေးဘဲ စားတာမျိုးလည်း မလုပ်ခဲ့ဘူး။+ ဘယ်သူ့ကိုမှ ဝန်မပိစေချင်လို့ ကျွန်တော်တို့ နေ့ရောညပါ ပင်ပင်ပန်းပန်း  အလုပ်ကြိုးစားခဲ့ကြတယ်။+ ၉ ကျွန်တော်တို့မှာ ရယူပိုင်ခွင့် မရှိလို့တော့ မဟုတ်ပါဘူး၊+ ခင်ဗျားတို့ အတုယူဖို့ စံနမူနာကောင်း ပြချင်လို့ပါ။+ ၁၀ ခင်ဗျားတို့နဲ့အတူ ရှိတုန်းက “အလုပ် မလုပ်ချင်တဲ့သူ အစာမစားစေနဲ့” ဆိုပြီး ကျွန်တော်တို့ သွန်သင်ပေးခဲ့တာပဲ။+ ၁၁ ခင်ဗျားတို့ထဲက တချို့ဟာ စည်းစနစ်မဲ့စွာ ကျင့်ကြံပြုမူတဲ့အပြင်+ ဘာအလုပ်မှ မလုပ်ဘဲ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်စွက်နေတဲ့အကြောင်း+ ကျွန်တော်တို့  ကြားနေရလို့ပါ။ ၁၂ အဲဒီလိုလူတွေကို အေးအေးဆေးဆေး အလုပ်လုပ်ပြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာစားကြပါလို့+ သခင်ယေရှုခရစ်ရဲ့ နာမည်ကို အမှီပြုပြီး တိုက်တွန်းရုံမက အမိန့်ပေးလိုက်ပါတယ်။

၁၃ ညီအစ်ကိုတို့၊ မှန်ရာကိုလုပ်တဲ့အခါ လက်မလျှော့ကြပါနဲ့။ ၁၄ ဒီစာမှာပါတဲ့  ညွှန်ကြားချက်တွေကို မလိုက်နာတဲ့သူရှိရင်  သူ့ကို  မှတ်ထားပြီး အပေါင်းအသင်း မလုပ်ကြနဲ့တော့။+ အဲဒီအခါ သူ ရှက်စိတ်ဝင်သွားလိမ့်မယ်။ ၁၅ ဒါပေမဲ့ သူ့ကို ရန်သူလို သဘောမထားပါနဲ့။ ညီအစ်ကိုတစ်ယောက်လို သဘောထားပြီး ဆက်သတိပေးဆုံးမကြပါ။+

၁၆ ငြိမ်သက်ခြင်းရဲ့ သခင်က ခင်ဗျားတို့ကို နည်းအမျိုးမျိုးနဲ့ ငြိမ်သက်ခြင်း အမြဲပေးသနားပါစေ။+ ခင်ဗျားတို့အားလုံးနဲ့အတူ သခင် ရှိနေပါစေ။

၁၇ ဒီနှုတ်ဆက်စကားကို  ကျွန်တော်  ပေါလုကိုယ်တိုင်  ရေးလိုက်တာပါ။+  ဒီလက်ရေးကိုကြည့်ရင် ကျွန်တော့်စာတွေမှန်း သိနိုင်ပါတယ်။

၁၈ သခင်ယေရှုခရစ်ရဲ့ မဟာကရုဏာကို ခင်ဗျားတို့အားလုံး ခံစားရပါစေ။

သိလ။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ