ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • nwt ၂ ပေတရု ၁:၁-၃:၁၈
  • ၂ ပေတရု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂ ပေတရု
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၂ ပေတရု

ပေတရု ဒုတိယစောင်

၁ ယေရှုခရစ်ရဲ့ ကျွန်နဲ့ တမန်တော် ဖြစ်တဲ့ ကျွန်တော် ရှိမုန် ပေတရုက တန်ဖိုးကြီးတဲ့ ယုံကြည်ခြင်းကို ရထားတဲ့ ခင်ဗျားတို့ဆီ စာရေးလိုက်ပါတယ်။ ဘုရားသခင်နဲ့ ကယ်တင်ရှင် ယေရှုခရစ်ရဲ့ ဖြောင့်မတ်ခြင်းကြောင့် အဲဒီယုံကြည်ခြင်းမျိုးကို ကျွန်တော်တို့အားလုံး ရရှိထားကြတာပါ။

၂ ဘုရားသခင်နဲ့ သခင်ယေရှုအကြောင်း တိကျမှန်ကန်စွာ သိလာတဲ့အတွက်+ ခင်ဗျားတို့ဆီမှာ မဟာကရုဏာတော်နဲ့ ငြိမ်သက်ခြင်း တိုးပွားပါစေ။ ၃ ဘုရားတရား ကိုင်းရှိုင်းမှုနဲ့အညီ အသက်ရှင်နိုင်ဖို့ ကူညီပေးတဲ့အရာ အားလုံးကို ဘုရားသခင့် တန်ခိုးအားဖြင့် ကျွန်တော်တို့ ရရှိထားကြတယ်။ အဲဒီလို ရရှိတဲ့အတွက် မိမိရဲ့ ဘုန်းအသရေနဲ့ ဂုဏ်အသရေကြောင့် ခေါ်ယူတဲ့အရှင်အကြောင်းကိုလည်း ကျွန်တော်တို့ တိကျမှန်ကန်စွာ သိလာကြတယ်။+ ၄ အဲဒီဘုန်းအသရေနဲ့ ဂုဏ်အသရေကြောင့် ဘုရားသခင်က ကျွန်တော်တို့ကို တန်ဖိုးကြီးပြီး အလွန် မွန်မြတ်တဲ့ ကတိတွေ ပေးသနားတယ်။+ အဲဒီကတိတွေကြောင့် ခင်ဗျားတို့ဟာ ဘုရားသခင်လို ဝိညာဉ်ပုဂ္ဂိုလ်တွေ ဖြစ်လာနိုင်မယ်။+ မှားယွင်းတဲ့ အလိုဆန္ဒတွေကြောင့် ပေါ်လာတဲ့ လောကရဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ အဖြစ်ကနေ ကျွန်တော်တို့ လွတ်မြောက်ခဲ့လို့ အဲဒီကတိတွေကို ဘုရားသခင် ပေးသနားထားတာပါ။

၅ ဒါကြောင့် အစွမ်းကုန် ကြိုးစားအားထုတ်ပြီး+ လုပ်ဆောင်ရမှာက ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းမှာ မွန်မြတ်တဲ့ အကျင့်၊+ မွန်မြတ်တဲ့ အကျင့်မှာ အသိပညာ၊+ ၆ အသိပညာမှာ ချုပ်တည်းခြင်း၊ ချုပ်တည်းခြင်းမှာ+ ခံနိုင်ရည်၊ ခံနိုင်ရည်မှာ ဘုရားတရား ကိုင်းရှိုင်းခြင်း၊+ ၇ ဘုရားတရား ကိုင်းရှိုင်းခြင်းမှာ ညီရင်းအစ်ကို ချစ်ခြင်း၊ ညီရင်းအစ်ကို ချစ်ခြင်းမှာ မေတ္တာကို+ ထပ်ဖြည့်စွက်လိုက်ပါ။ ၈ အဲဒီအရည်အသွေးတွေ တိုးပွားများပြားနေမယ်ဆိုရင် သခင်ယေရှုခရစ်အကြောင်း တိကျမှန်ကန်တဲ့ အသိပညာကို လက်တွေ့ကျင့်သုံးတဲ့အခါ မထိရောက်တာ၊ မတိုးတက်တာမျိုး ဖြစ်တော့မှာ မဟုတ်ဘူး။+

၉ အဲဒီအရည်အသွေးတွေ မရှိတဲ့သူကတော့ မျက်ကန်းနဲ့ တူတယ်။ အလင်းကို မမြင်ရအောင် မျက်စိပိတ်ထားတဲ့သူပဲ။*+ အရင်က သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဘုရားသခင် သန့်စင်ပေးလိုက်မှန်း သူမေ့လျော့သွားပြီ။+ ၁၀ ဒါကြောင့် ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်းခံရသူ၊+ ရွေးချယ်ခံရသူတွေအဖြစ် သစ္စာရှိမြဲ ရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစားကြပါ။ အဲဒီအရည်အသွေးတွေကို အမြဲ ဖြည့်စွက်နေမယ်ဆိုရင် ခင်ဗျားတို့ ဘယ်တော့မှ ကျရှုံးမှာ မဟုတ်ဘူး။+ ၁၁ ကယ်တင်ရှင် သခင်ယေရှုခရစ်ရဲ့ ထာဝရ နိုင်ငံတော်ထဲ+ ဝင်ရောက်ခွင့် ကောင်းချီးကို ခင်ဗျားတို့ ကြွယ်ဝစွာ ခံစားရလိမ့်မယ်။+

၁၂ ခင်ဗျားတို့ သိပြီးသား ဖြစ်ပေမဲ့၊ အမှန်တရားမှာ ခိုင်မြဲနေကြပေမဲ့ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ခင်ဗျားတို့ကို အမြဲတမ်း သတိပေးချင်တယ်။ ၁၃ ဒီခန္ဓာနဲ့*+ အသက်ရှင်နေသရွေ့ ခင်ဗျားတို့ကို သတိပေးနှိုးဆော်ဖို့+ လိုအပ်တယ်လို့ ကျွန်တော် ယူဆတယ်။ ၁၄ သခင်ယေရှုခရစ် ရှင်းရှင်းလင်းလင်း အသိပေးခဲ့တဲ့အတိုင်း မကြာခင် ဒီခန္ဓာကို စွန့်ရတော့မယ်ဆိုတာ ကျွန်တော် သိနေတယ်။+ ၁၅ ဒါကြောင့် ကျွန်တော် ထွက်ခွာသွားပြီးတဲ့ နောက်ပိုင်းမှာလည်း ဒီအကြောင်းအရာတွေကို ခင်ဗျားတို့ ပြန်အမှတ်ရနေအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားမှာပဲ။

၁၆ သခင်ယေရှုခရစ်ရဲ့ တန်ခိုးအကြောင်း၊ ရောက်ရှိနေခြင်းအကြောင်း ခင်ဗျားတို့ကို ပြောပြတုန်းက လူတွေ ထွင်ထားတဲ့ ယုံတမ်းစကားတွေကို အခြေခံပြီး ပြောခဲ့တာ မဟုတ်ဘူး။ သူ့ရဲ့ ကြီးမြတ်လှတဲ့ ဘုန်းအသရေကို+ ကျွန်တော်တို့ ကိုယ်တိုင် မြင်ခဲ့ရလို့ ပြောပြတာပါ။ ၁၇ “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ ချစ်သားပဲ”+ ဆိုတဲ့ စကားကို မဟာဘုန်းတော်ရှင် ပြောကြားတဲ့အချိန်မှာ အဖဘုရားသခင်ဆီက ဂုဏ်အသရေနဲ့ ဘုန်းအသရေကို သူရရှိခဲ့တယ်။ ၁၈ သန့်ရှင်းတဲ့ တောင်ပေါ်မှာ  သူနဲ့အတူ ရှိနေတုန်းက ကောင်းကင်က ထွက်လာတဲ့ အဲဒီစကားသံကို ကျွန်တော်တို့ ကြားခဲ့ရတယ်။

၁၉ ဒါကြောင့် ပရောဖက်ပြုချက်ဟာ ကျွန်တော်တို့အတွက် ပိုပြီး သေချာလာတယ်။ (အရုဏ်တက်ပြီး မိုးသောက်ကြယ်+ မထွက်လာမချင်း) အမှောင်မှာ ထွန်းထားတဲ့ ဆီမီးကို+ အာရုံစိုက်သလိုမျိုး ခင်ဗျားတို့ရဲ့ စိတ်နှလုံးမှာ အဲဒီပရောဖက်ပြုချက်ကို အာရုံစိုက်နေကြတာ သိပ်ကောင်းပါတယ်။ ၂၀ ကျမ်းစာပရောဖက်ပြုချက်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ အယူအဆကို အခြေခံပြီး ပေါ်ပေါက်လာတာ မဟုတ်မှန်း ခင်ဗျားတို့ ကောင်းကောင်း သိပါတယ်။ ၂၁ ပရောဖက်ပြုချက်ဆိုတာ လူ့အလိုအတိုင်း ဖြစ်ပေါ်လာတာ မဟုတ်ဘူး။+ လူတွေက သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုကို ခံရလို့ ဘုရားသခင်ဆီက လာတဲ့ စကားတွေကို ပြန်ဟောတာ ဖြစ်တယ်။+

၂ အစ္စရေးလူမျိုးမှာ ပရောဖက်အတုအယောင်တွေ ရှိခဲ့သလို ခင်ဗျားတို့ထဲမှာလည်း ဆရာအတုအယောင်တွေ ရှိလိမ့်မယ်။+ သူတို့က ဂိုဏ်းခွဲမယ့်သူတွေကို မသိမသာ ပေါ်လာစေမယ်။ သူတို့ကို ဝယ်ထားတဲ့အရှင်ကိုတောင် ငြင်းပယ်တဲ့အတွက်+ အလျင်အမြန် ပျက်စီးရလိမ့်မယ်။ ၂ အဲဒီအပြင် လူများစွာက သူတို့ရဲ့ မျက်နှာပြောင်တိုက်တဲ့*+ လုပ်ရပ်တွေအတိုင်း လိုက်လုပ်ကြလိမ့်မယ်။ သူတို့ကြောင့် အမှန်တရားလမ်းစဉ်ကို လူတွေ ကဲ့ရဲ့ကြလိမ့်မယ်။+ ၃ သူတို့က မဟုတ်မမှန်တာတွေ ပြောပြီး ခင်ဗျားတို့ကို လောဘတကြီး အမြတ်ထုတ်လိမ့်မယ်။ ဒါပေမဲ့ ဟိုးအရင်ကတည်းက သူတို့အတွက် သတ်မှတ်ထားတဲ့ တရားစီရင်ခြင်းဟာ+  မနှောင့်နှေးဘဲ  ကျရောက်တော့မှာဖြစ်လို့ သူတို့ သေချာပေါက် ပျက်စီးရလိမ့်မယ်။+

၄ ဘုရားသခင်က အပြစ်ကျူးလွန်တဲ့ ကောင်းကင်တမန်တွေကို အပြစ်မပေးဘဲ မနေခဲ့ဘူး။+ သူတို့ကို တားတရပ်ဆီ*+ ပစ်ချလိုက်တယ်။ တရားစီရင်ဖို့  မှောင်မိုက်တွင်းထဲမှာ  ချုပ်နှောင်ထားတယ်။+ ၅ နောဧခေတ်က လူတွေကိုလည်း အပြစ်မပေးဘဲ မနေခဲ့ဘူး။+ ဘုရားတရားမဲ့တဲ့ လူ့လောကကို ရေလွှမ်းမိုးချိန်မှာ+ ဖြောင့်မတ်ခြင်းတရား ဟောပြောတဲ့ နောဧနဲ့+ လူခုနစ်ယောက်ကို  ကယ်တင်ခဲ့တယ်။+ ၆ သောဒုံနဲ့ ဂေါမောရမြို့ကိုလည်း ပြာကျအောင်လုပ်ပြီး ပြစ်ဒဏ်စီရင်ခဲ့တယ်။+ ဒါဟာ ဘုရားတရားမဲ့သူတွေ နောင်ကြုံရမယ့်အရာကို ဖော်ပြတဲ့ နမူနာပဲ။+ ၇ ဒါပေမဲ့ ဖြောင့်မတ်တဲ့ လောတကိုတော့ ဘုရားသခင် ကယ်တင်ခဲ့တယ်။+ လောတဟာ တရားမဲ့သူတွေရဲ့ မျက်နှာပြောင်တိုက်တဲ့* လုပ်ရပ်တွေကြောင့် အကြီးအကျယ် စိတ်ဆင်းရဲခဲ့ရတယ်။ ၈ ဖြောင့်မတ်သူလောတဟာ အဲဒီလူတွေနဲ့အတူ နေထိုင်တုန်းက သူမြင်ရကြားရတဲ့ တရားမဲ့တဲ့လုပ်ရပ်တွေကြောင့် နေ့တိုင်း စိတ်ဒုက္ခရောက်ခဲ့ရတယ်။ ၉ ယေဟောဝါက* ဘုရားတရားကိုင်းရှိုင်းသူတွေကို ဒုက္ခတွေကြားကနေ ဘယ်လိုကယ်ရမလဲဆိုတာ သိတယ်။+ မဖြောင့်မတ်သူတွေကိုတော့ တရားစီရင်ရာနေ့မှာ ဖျက်ဆီးဖို့ သတ်မှတ်ထားတယ်။+ ၁၀ အထူးသဖြင့် ရမ္မက်အလိုနောက်ကို လိုက်ပြီး သူတစ်ပါးကို ညစ်ညူးစေသူ၊+ အခွင့်အာဏာရှိသူတွေကို  မထီလေးစားလုပ်သူတွေပေါ့။+

သူတို့ဟာ အတင့်ရဲပြီး ထင်ရာစိုင်းတတ်တဲ့အပြင် ဂုဏ်အသရေရှိသူတွေကို ရင့်ရင့်သီးသီး ပြောဆိုဝံ့ကြတယ်။ ၁၁ ကောင်းကင်တမန်တွေကတော့ အဲဒီဆရာအတုအယောင်တွေထက် ခွန်အားရော တန်ခိုးပါ ပိုကြီးမားပေမဲ့ ယေဟောဝါကို* လေးစားတဲ့အတွက် သူတို့ကို ရင့်ရင့်သီးသီး မစွပ်စွဲဘူး။+ ၁၂ အဲဒီလူတွေကတော့ ကိုယ်မသိနားမလည်တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ရင့်ရင့်သီးသီး ပြောတတ်တယ်။ ဖမ်းဆီးသတ်ဖြတ်ခံရဖို့ မွေးဖွားလာပြီး စဉ်းစားဉာဏ်မရှိ၊  ပင်ကိုသိစိတ်နဲ့ပဲလုပ်တတ်တဲ့ တိရစ္ဆာန်တွေနဲ့ တူတယ်။+ သူတို့က ကိုယ်တိုင်ရဲ့ ပျက်စီးစေတဲ့လမ်းစဉ်ကြောင့် ပျက်စီးသွားလိမ့်မယ်။ ၁၃ ကိုယ်တိုင်ရဲ့ ထိခိုက်စေတဲ့လမ်းစဉ်ကြောင့် ထိခိုက်နစ်နာရလိမ့်မယ်။

နေ့အချိန်မှာ သွေးသားဆန္ဒ ဖြည့်ဆည်းရတာကို ပျော်စရာလို့ သူတို့ ယူဆတယ်။+ သူတို့ဟာ ခင်ဗျားတို့အလယ်မှာရှိနေတဲ့ အစွန်းအထင်းတွေ၊ အပြစ်အနာအဆာတွေနဲ့ တူတယ်။ ခင်ဗျားတို့နဲ့အတူ  မိတ်ဆုံစားပွဲလုပ်တဲ့အခါမှာလည်း သောက်စားပျော်ပါးပြီး မှားယွင်းတဲ့ သွန်သင်ချက်တွေနဲ့ လှည့်စားတတ်ကြတယ်။+ ၁၄ သူတို့ရဲ့မျက်လုံးဟာ  ရာဂမီးတောက်နေတယ်။+ အပြစ်မလုပ်ရရင် မနေနိုင်ဘူး။  မတည်ငြိမ်တဲ့သူတွေကို  ဖြားယောင်းတတ်တယ်။ သူတို့ရဲ့စိတ်နှလုံးဟာ လောဘလွန်ကျူးမှုမှာ ကျင်လည်တယ်။ သူတို့ဟာ ကျိန်ခြင်းခံထိုက်တဲ့ သားသမီးတွေပဲ။ ၁၅ ဖြောင့်မှန်တဲ့လမ်းစဉ်ကို  စွန့်ပြီး  သူတို့  လမ်းလွဲသွားကြတယ်။ ဗောရရဲ့သား ဗာလမ်လိုက်ခဲ့တဲ့  လမ်းစဉ်ကို  လိုက်ကြတယ်။+ ဗာလမ်က ရလာမယ့် အကျိုးအမြတ်ကို တပ်မက်ပြီး  အပြစ်ကျူးလွန်ခဲ့တယ်။+ ၁၆ ပညတ်ကို ချိုးဖောက်လို့ ဆုံးမခံခဲ့ရတယ်။+ စကားမပြောတတ်တဲ့ မြည်းက လူလို စကားပြောပြီး အဲဒီပရောဖက်ရဲ့ မိုက်ရူးရဲလမ်းစဉ်ကို တားဆီးခဲ့ရတယ်။+

၁၇ သူတို့ဟာ  ရေမရှိတဲ့တွင်း၊ လေပြင်းမုန်တိုင်းကျလို့  လွင့်ပါသွားတဲ့  မြူခိုးတွေလိုပဲ။  သူတို့အတွက်တော့  အမှောင်မိုက်ဆုံးနေရာပဲ  ရှိတယ်။+ ၁၈ သူတို့ဟာ  အနှစ်သာရမရှိတဲ့  စကားကြီးစကားကျယ်တွေ ပြောတတ်ကြတယ်။  မှားယွင်းတဲ့လမ်းစဉ်မှာ  ကျင်လည်နေသူတွေရဲ့ လက်ကနေ လွတ်မြောက်ခါစလူတွေကို+  အပြစ်ရှိတဲ့ဆန္ဒတွေ၊+ မျက်နှာပြောင်တိုက်တဲ့* လုပ်ရပ်တွေနဲ့  ဖြားယောင်းတတ်ကြတယ်။ ၁၉ လွတ်လပ်သူတွေဖြစ်မယ်လို့ ကတိပေးပေမဲ့ သူတို့ကိုယ်တိုင်က ဖောက်ပြန်ပျက်စီးခြင်းရဲ့  ကျွန်တွေ ဖြစ်နေတယ်။+ ဘာလို့လဲဆိုတော့ တစ်စုံတစ်ရာရဲ့ လွှမ်းမိုးမှုကို ခံတဲ့သူဟာ အဲဒီအရာရဲ့ ကျွန်ပဲ။+ ၂၀ ကယ်တင်ရှင် သခင်ယေရှုခရစ်အကြောင်း တိကျမှန်ကန်စွာ သိရှိလာလို့ လောကရဲ့ ညစ်ညူးမှုကနေ လွတ်မြောက်ပြီးခါမှ+ အဲဒါတွေနဲ့ ပြန်ပတ်သက်ပြီး လွှမ်းမိုးခံမယ်ဆိုရင် သူတို့ရဲ့ နောက်ဆုံးအခြေအနေဟာ လက်ဦးအခြေအနေထက်  ပိုဆိုးသွားပြီ။+ ၂၁ ဖြောင့်မတ်တဲ့ လမ်းစဉ်အကြောင်း တိကျမှန်ကန်စွာ သိရှိပြီးနောက် ရရှိခဲ့တဲ့သန့်ရှင်းတဲ့ ပညတ်တွေကနေ သွေဖည်သွားတာထက်  အဲဒီလမ်းစဉ်အကြောင်း လုံးဝမသိလိုက်တာက  ပိုကောင်းဦးမယ်။+ ၂၂ “ခွေးက ကိုယ့်အန်ဖတ်ကို ပြန်စားတတ်တယ်။ ဝက်လည်း ဆေးကြောပြီးခါမှ ရွှံ့ထဲပြန်လူးတတ်တယ်”+ ဆိုတဲ့ စကားပုံမှန်တယ်ဆိုတာ သူတို့အဖြစ်က ဖော်ပြတယ်။

၃ ချစ်ရသူတို့၊ ဒါဟာ ခင်ဗျားတို့ဆီရေးလိုက်တဲ့ ဒုတိယစာပါ။ ပထမစာတုန်းကလိုပဲ  ခင်ဗျားတို့ရဲ့  ရှင်းလင်းတဲ့ စဉ်းစားနိုင်စွမ်းကို နှိုးဆွပေးပြီး ကိစ္စတချို့အကြောင်း သတိပေးချင်တာနဲ့ အခုလို ရေးလိုက်တယ်။+ ၂ သန့်ရှင်းတဲ့ပရောဖက်တွေ  အရင်တုန်းက ဟောခဲ့တဲ့စကားတွေ၊ တမန်တော်တွေကတစ်ဆင့် ကြားခဲ့ရတဲ့ ကယ်တင်ရှင် သခင်ရဲ့မိန့်မှာချက်တွေကို သတိရကြပါ။ ၃ ဦးဆုံး၊ ခင်ဗျားတို့ သိထားရမှာက  နောက်ဆုံးကာလမှာ လှောင်ပြောင်တတ်သူတွေ ပေါ်လာပြီး ကဲ့ရဲ့လှောင်ပြောင်ကြလိမ့်မယ်။ သူတို့က ကိုယ့်အလိုဆန္ဒအတိုင်း  လုပ်ဆောင်ပြီး၊+ ၄ “ခရစ်တော် ရောက်ရှိမယ်ဆိုတဲ့ ကတိက ဘယ်မှာလဲ။+ ဘိုးဘေးတွေ သေခြင်းမှာ အိပ်ပျော်ချိန်ကတည်းက ဘာမှ မပြောင်းလဲပါဘူး။ လူကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တုန်းကလိုပဲ အရာအားလုံးဟာ အဲဒီအတိုင်း ဆက်ဖြစ်နေတာပဲ”+ လို့ ပြောကြတယ်။

၅ သူတို့ တမင်လျစ်လျူရှုထားတာက ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကြောင့်  ဟိုးအချိန်ကတည်းက  မိုးကောင်းကင်  တည်ရှိခဲ့တာ၊  မြေကြီးဟာ ရေထဲကနေ ပေါ်ထွက်လာပြီး ရေထုကြားမှာ  တည်ရှိခဲ့တာ၊+ ၆ ရေလွှမ်းမိုးတုန်းက အဲဒါတွေကြောင့် အဲဒီခေတ်ကလူတွေ  ပျက်စီးခဲ့တာဆိုတဲ့ အချက်တွေပဲ။+ ၇ အခုတည်ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးကလည်း ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကြောင့်ပဲ မီးနဲ့ဖျက်ဆီးဖို့ သတ်မှတ်ခံထားရပြီး ဘုရားတရားမဲ့သူတွေကို ဖျက်ဆီးမယ့်နေ့၊ တရားစီရင်မယ့်နေ့ မရောက်မချင်း တည်ရှိနေလိမ့်မယ်။+

၈ ချစ်ရသူတို့၊ ယေဟောဝါ*  အတွက်  တစ်ရက်ဟာ အနှစ်တစ်ထောင်၊ အနှစ်တစ်ထောင်ဟာ တစ်ရက်ပဲဆိုတာကို   မမေ့ပါနဲ့။+ ၉ နှောင့်နှေးတယ်လို့ လူတချို့ ထင်ပေမဲ့ တကယ်တော့ ယေဟောဝါဟာ* မိမိကတိနဲ့ပတ်သက်လာရင် မနှောင့်နှေးပါဘူး။+ ဘုရားသခင် စိတ်ရှည်ရတဲ့ အကြောင်းရင်းက ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တရစေချင်လို့ပါ။+ ၁၀ ယေဟောဝါရဲ့* နေ့ဟာ+ သူခိုးလာသလို ရောက်လာမယ်။+ အဲဒီနေ့မှာ ကောင်းကင်ဟာ ကျယ်လောင်တဲ့အသံနဲ့ ပျောက်ကွယ်သွားမယ်။+ ကောင်းကင်နဲ့ မြေကြီးပေါ်က အရာတွေဟာ အလွန်ပူပြင်းပြီး အရည်ပျော်သွားမယ်။ မြေကြီးနဲ့ မြေကြီးပေါ်ကအရာတွေလည်း  ဖော်ထုတ်ခံရလိမ့်မယ်။*+

၁၁ အဲဒါတွေအားလုံးဟာ ဒီနည်းနဲ့ အရည်ပျော်သွားမှာဖြစ်လို့ ဘယ်လို လူစားမျိုး ဖြစ်သင့်တယ်ဆိုတာ စဉ်းစားဆင်ခြင်ကြပါ။ သန့်ရှင်းတဲ့အမူအကျင့်တွေ ကျင့်ကြံပြီး ဘုရားတရား ကိုင်းရှိုင်းကြပါ။ ၁၂ ယေဟောဝါ* ရဲ့နေ့+ ရောက်လာမယ်ဆိုတာကို စိတ်စွဲလမ်းပြီး စောင့်မျှော်နေကြပါ။ အဲဒီနေ့မှာ ကောင်းကင်ဟာ မီးနဲ့ဖျက်ဆီးခံရလိမ့်မယ်၊+ ကောင်းကင်နဲ့ မြေကြီးပေါ်က အရာတွေဟာ အလွန်ပူပြင်းပြီး အရည်ပျော်ကုန်လိမ့်မယ်။ ၁၃ ဒါပေမဲ့ ဘုရားသခင်  ကတိပေးထားတဲ့အတိုင်း ဖြောင့်မတ်ခြင်း တည်တံ့မယ့်+ ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။+

၁၄ ဒါကြောင့် ချစ်ရသူတို့၊ ဒါတွေကို ခင်ဗျားတို့ စောင့်မျှော်နေတဲ့အတွက် ဘုရားသခင်  နောက်ဆုံးစစ်ဆေးတဲ့အခါ အစွန်းအထင်း၊ အပြစ်အနာအဆာ မရှိဘဲ ငြိမ်သက်ခြင်းရှိနေဖို့ အစွမ်းကုန်ကြိုးစားကြပါ။+ ၁၅ ဘုရားသခင် စိတ်ရှည်လို့ ကယ်တင်ခြင်းရတာဆိုပြီး ယူမှတ်ကြပါ။ ချစ်ရတဲ့ညီအစ်ကို ပေါလုကလည်း ဘုရားပေးတဲ့ ဉာဏ်ပညာကို အခြေခံပြီး ခင်ဗျားတို့ဆီ အဲဒီအတိုင်း ရေးခဲ့တာပဲ။+ ၁၆ သူရေးတဲ့စာအားလုံးမှာ အဲဒီအကြောင်းတွေ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူ့စာထဲမှာ နားလည်ရခက်တဲ့ အကြောင်းအရာတချို့ ပါတယ်။ နားမလည်တဲ့သူတွေ၊ စိတ်မတည်ငြိမ်သူတွေက အဲဒီအချက်တွေကို တလွဲအဓိပ္ပာယ် ကောက်ကြတယ်။ တခြားကျမ်းစောင်တွေကိုလည်း အဲဒီလိုပဲ တလွဲအဓိပ္ပာယ်ကောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေကြတယ်။

၁၇ ချစ်ရသူတို့၊ ဒါတွေကို ခင်ဗျားတို့ ကြိုသိထားတဲ့အတွက် တရားမဲ့သူတွေရဲ့ မှားယွင်းတဲ့လမ်းစဉ်နောက် မလိုက်ပါသွားဖို့၊ မှန်ကန်တဲ့လမ်းစဉ်မှာ   မြဲမြံနေဖို့  သတိထားကြပါ။+ ၁၈ ခင်ဗျားတို့ မဟာကရုဏာတော် ပိုခံစားရပါစေ၊ ကယ်တင်ရှင် သခင်ယေရှုခရစ်နဲ့ ပတ်သက်တဲ့ အသိပညာ တိုးပွားလာပါစေ။ ယေရှုရဲ့ ဘုန်းအသရေဟာ အခုရော နောင်ထာဝရကာလအထိပါ ထင်ရှားပါစေ။ အာမင်။*

“အဝေးမှုန်နေတဲ့သူပဲ” လည်းဖြစ်နိုင်။

မူရင်း၊ “ဒီတဲအိမ်မှာ။”

ခက်ဆစ်ကိုကြည့်။

ခက်ဆစ်ကိုကြည့်။

ခက်ဆစ်ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

ခက်ဆစ်ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

နောက်ဆက်တွဲ က၅ ကိုကြည့်။

ဖော်ထုတ်ခံရပြီး လောင်ကျွမ်းသွားမှာကို ဆိုလို။

နောက်ဆက်တွဲ က၅ ကိုကြည့်။

ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ