“အတိတ်ကို ကုစားခြင်း”
“ဖန်ဆင်းခံအရာ ရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွားလျက်၊ ဝေဒနာ ခံစားလျက် ရှိကြောင်း ငါတို့ သိကြ၏။” ဤစကားများသည် လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ နီးပါးက ရေးသားခဲ့စဉ် မှန်ကန်ခဲ့သည်နည်းတူ ယနေ့လည်း မှန်ကန်လျက် ရှိသည်။ သို့သော် သမိုင်းနှင့်တကွ သမိုင်းတစ်လျှောက် လူသားများ ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခများကို ချေဖျက်၍ ရနိုင်သလော။—ရောမ ၈:၂၂၊ ကဘ။
ဤအကြောင်းကို စာမျက်နှာ ၃၂ မျက်နှာရှိသော၊ ဆေးရောင်စုံဖြင့် ရိုက်နှိပ်ထားသည့် “ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော” အမည်ရှိ ဘရိုရှာ၌ ဆွေးနွေးတင်ပြထားသည်။ “ဘုရားသခင်သည် . . . ဤကမ္ဘာတွင် ကျွန်ုပ်တို့ ခံစားခဲ့ရဖွယ် ရှိသည့် ဒုက္ခများအတွက် ပြန်လည် အစားပေးမည်” ဟု ၎င်းစာစောင်က ဆိုသည်။ “ကြီးမားသော ကရုဏာဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ ခံစားခဲ့ရသည့် အတိတ်ဆိုးကို ကုစားပေးသည်ထက်မက ပိုမို လုပ်ဆောင်ပေးမည်။”
၎င်းစာစောင်၌ တောက်ပသော အနာဂတ်တစ်ခုက ကျွန်ုပ်တို့ကို ငံ့လင့်ကြိုဆိုနေကြောင်း ယုံကြည်စိတ်ချလောက်သော အထောက်အထားများကို စုစည်းတင်ပြထားသည်။ ဤဘရိုရှာကို ဖတ်ရှုပြီးနောက် ကနေဒါနိုင်ငံမှ အသက် ၂၀ အရွယ်ရှိသူတစ်ဦးက ဤသို့ စာရေးပေးပို့ခဲ့သည်– “ဤစာစောင်ကို ကျွန်တော် မည်မျှ နှစ်သက်သဘောကျမိသည်ကို ထုတ်ဖော်ရန်ပင် မစွမ်းသာပေ။ ယင်းသည် တန်ဖိုးအနဂ္ဃ ထိုက်တန်သော ရတနာ ဖြစ်ပေသည်။ ကျွန်တော်တို့အဖို့ ဘုရားသခင် သိုထားသည့် အံ့ချီးဖွယ် မျှော်လင့်ချက်ကို ကျွန်တော်တို့အား သတိရစေသည်။ ‘အတိတ်ကို ကုစားခြင်း’ အပိုင်းသည် အလွန် နှစ်လို့ဖွယ်ကောင်းသည်ဟု ကျွန်တော် ယူဆမိသည်။ ကျွန်တော်တို့ကို ယေဟောဝါ မည်မျှ ချစ်တော်မူကြောင်း သတိရစေခြင်းအတွက် ကျေးဇူးတင်ပါသည်။”
ဤဘရိုရှာကို အလိုရှိလျှင်လည်းကောင်း၊ ဤအကြောင်း ဆွေးနွေးရန် သင့်အိမ်သို့ လာရောက်စေလိုလျှင်လည်းကောင်း စာမျက်နှာ ၅ မှ သင့်တော်ရာ လိပ်စာဖြင့် ကင်းမျှော်စင်အသင်းသို့ စာရေးဆက်သွယ်ပါ။