ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၆ ၇/၈ စာ. ၂၄
  • ‘ကျွန်မသားလေးကို ကယ်တင်လိုက်သည့်အရာ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ကျွန်မသားလေးကို ကယ်တင်လိုက်သည့်အရာ’
  • နိုးလော့!—၁၉၉၆
နိုးလော့!—၁၉၉၆
န၉၆ ၇/၈ စာ. ၂၄

‘ကျွန်မသားလေးကို ကယ်တင်လိုက်သည့်အရာ’

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှ မိခင်တစ်ဦးက သူမသားလေး၏အသက်ကို ကယ်လိုက်သည်အရာမှာ ကင်းမျှော်စင် နှင့်ယင်း၏တွဲဖက်မဂ္ဂဇင်း နိုးလော့! တို့မှဖတ်ရှုခဲ့ရသည့်အကြောင်းအရာများပင်ဖြစ်ကြောင်း ရှင်းပြသည်။ အောက်ပါအတိုင်း သူမစာရေးသားလိုက်သည်–

“ကျွန်မသားလေး (လေးနှစ်) နှင့်ကျွန်မကို လူတစ်ယောက်က သေနတ်နှင့်တေ့ပြီး ဘဏ်တိုက်သို့ကားမောင်းခိုင်း၍ အတင်းအဓမ္မခေါ်ဆောင်သွားသည်။ ရန်ပြုသူက ကျွန်မတို့ကိုလုယက်တိုက်ခိုက်သော်လည်း ကျွန်မသည် သားလေးကိုဆွဲယူ၍ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ ကျွန်မသားလေး၏အသက်နှင့် ကျွန်မ၏အသက်ကို တကယ်တမ်းကယ်လိုက်သည့်အရာမှာ တန်ဖိုးအနဂ္ဃထိုက်တန်သော အဆိုပါမဂ္ဂဇင်းတို့၌ ပုံနှိပ်ဖော်ပြသည့် လက်တွေ့ကျသော သမ္မာကျမ်းစာအကြံပြုချက်များဖြစ်သည်ဟု ကျွန်မခံစားမိသည်။”

၎င်းမိခင်ဖြစ်သူက ထပ်ဆင့်၍ဤသို့ရှင်းပြသည်– “ထိုအချိန်မတိုင်မီက ကျွန်မသည် နိုးလော့! မဂ္ဂဇင်းတစ်စောင်တွင် ဤကဲ့သို့သောအန္တရာယ်ရှိသည့် အခြေအနေမျိုးရင်ဆိုင်ရသည့်အချိန်၌ မည်သို့စိတ်ငြိမ်ငြိမ်ထားရမည့်အကြောင်း ဖတ်ရှုခဲ့ရသည်။ စိတ်ငြိမ်ငြိမ်ထားနိုင်အောင် မစတော်မူမည့်အကြောင်း ယေဟောဝါဘုရားသခင်ထံ ကျွန်မချက်ချင်းပင်ဆုတောင်းလိုက်သည်။ ရန်ပြုသူအားလည်း ကျမ်းချက်အကိုးအကားများဖြင့် စိတ်ငြိမ်သွားအောင်ပြုလုပ်နိုင်ခဲ့သည်။”

ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းတို့၏ရည်မှန်းချက်မှာ လက်ရှိဒုက္ခမြားမြောင်လှသည့် ဤအခါသမယအကြောင်းကို သမ္မာကျမ်းစာက တင်ကူးဟောထားကြောင်းတင်ပြရန်ဖြစ်သည်။ ၎င်းတို့သည် ယနေ့ဖိစီးမှုပြင်းထန်သောအခြေအနေများကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်အောင်လည်း အထောက်အကူပေးသည်။ သို့သော် ၎င်းမဂ္ဂဇင်းများသည် ထိုထက်မကအကျိုးပြုပေသည်။ ၎င်းတို့သည် တစ်ခုတည်းသော အဓွန့်ရှည်တည်တံ့သည့် ဖြေရှင်းနည်းကိုအသားပေးဖော်ပြသည်။ ၎င်းဖြေရှင်းနည်းမှာ နောက်တော်လိုက်များအားဆုတောင်းရန် ယေရှုသင်ကြားပေးခဲ့သည့် ဘုရားသခင့်နိုင်ငံတော်အစိုးရပင်တည်း။ (မဿဲ ၆:၉၊ ၁၀) ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းတို့ကို မှန်မှန်ဖတ်ရှုခြင်းဖြင့် အသင်လည်းအကျိုးကျေးဇူး မုချရနိုင်ပေသည်။

ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းတို့ကို အိမ်တိုင်ရာရောက် စာတိုက်မှပို့ပေးသည်ကို အလိုရှိပါက ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့၊ သို့မဟုတ် စာမျက်နှာ ၄ မှသင့်လျော်ရာလိပ်စာဖြင့် စာရေးဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ