ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၂/၈ စာ. ၂၃
  • သင့်ဥယျာဉ်ထဲတွင် ဖရစ်တေလာရီ ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဥယျာဉ်ထဲတွင် ဖရစ်တေလာရီ ရှိသလော
  • နိုးလော့!—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပူပိုင်းဒေသမှ တောင်ပံရှိ အလှအပ
    နိုးလော့!—၂၀၀၅
  • လေဒီလိပ်ပြာ—အံ့သြဖွယ်ကောင်းတဲ့ ရှာဖွေတွေ့ရှိချက်
    နိုးလော့!—၂၀၁၃
  • လိပ်ပြာဘုရင်များအတွက် သဘာဝဘေးမဲ့တောများမှ မျိုးဖြုတ်သတ်ဖြတ်ရာကွင်းအဖြစ်သို့
    နိုးလော့!—၁၉၉၇
  • လာဗင်ဒါ—အာရုံခံစားရန်အတွက် လက်ဆောင်
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၂/၈ စာ. ၂၃

သင့်ဥယျာဉ်ထဲတွင် ဖရစ်တေလာရီ ရှိသလော

ရှိပါက ယင်း၏အလှက သင့်အားစွဲမက်သွားစေမည်။ ဖရစ်တေလာရီ ကား အဘယ်နည်း။ ယင်းကား ကျွန်ုပ်တို့၏ ကမ္ဘာကိုအလှဆင်ပေးသည့် လိပ်ပြာအမျိုးထောင်ပေါင်းများစွာမှတစ်မျိုးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့်ကနေဒါတို့တွင်တွေ့နိုင်သည့် မျိုးစိတ် ၇၅၀ ကျော်တွင်တစ်မျိုးအပါအဝင်ဖြစ်သည်။ ဤပုံတွင်တွေ့ရသောဂရိတ်စပန်ဂယ်လိပ်ပြာသည် ဗာဂျီးနီးယားပြည်နယ်၏စိမ်းလန်းစိုပြည်သောကျေးလက်ဒေသရှိ ဥယျာဉ်တစ်ခုတွင်ဓာတ်ပုံရိုက်ယူထားခြင်းဖြစ်သည်။ ဂရိတ်စပန်ဂယ်လိပ်ပြာ၏နောက်ဘက်အတောင် အောက်မျက်နှာပြင်တွင် ငွေရောင်ကွက်များကိုတွေ့ရသည်။ ဥယျာဉ်မှူးသည် လိပ်ပြာများကိုဆွဲဆောင်ပြီး မြင့်မားစွာပေါက်သည့်တောပန်းပင်များ—အဝါရောင်ရဒ်ဘက်ကီယာပန်းနှင့် ခရမ်းနုရောင်သရက်ထည်ပန်းပင်ကို ဥယျာဉ်မြေကွက်တွင် တမင်စိုက်ကြသည်။

သင့်ဥယျာဉ်သည် လိပ်ပြာများအတွက်ဆွဲဆောင်မှုဖြစ်လိုပါက တောပန်းပင်တစ်ကွက်လောက်စမ်းစိုက်ကြည့်ပါ။ သင်သည် နုနယ်သိမ်မွေ့သောဤသတ္တဝါများကိုဆွဲဆောင်ရန် ပန်းချီဆရာ၏ရောင်စုံပန်းချီဆေးကဲ့သို့ပေါက်လာမည့် တောပန်းမျိုးစေ့တစ်ထုပ်ကို ဝယ်နိုင်ကောင်းဝယ်နိုင်ပေမည်။ သင်သည် ကမ္ဘာ့သင့်လျော်သောအရပ်ဒေသတွင်နေထိုင်ပါက ဗတ်လီယာပန်းပင်သည် လိပ်ပြာများကို အလွန်ပင်ဆွဲဆောင်မှုဖြစ်စေမည်။ ထိုစဉ် ကင်မရာနှင့်မှန်ပြောင်းတို့ဖြင့်ရှုစားပါက ပီတိဖြစ်ရပေမည်!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ