“သူမရှိဘဲ ကြီးပြင်းလာရတာ အလွန်ပင်ခက်လှပါတယ်”
“ကျွန်တော်တို့ အစည်းအဝေးကြီးရဲ့ ပြုပြင်ဖို့လိုသည်ဟုထင်ပါသည် နောက်ဆုံးထုတ်စာအုပ်ဖြစ်တဲ့ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သောအခါ ဘရိုရှာကို ဖတ်ပြီးတဲ့နောက် အလွန်ထိထိမိမိရေးသားထားပြီး ယုံကြည်မှုသန်မာစေတဲ့ အဲ့ဒီဘရိုရှာအတွက် နှလုံးထဲမှ နှစ်နှစ်ကာကာ ကျေးဇူးတင်ကြောင်း ဖွင့်ဟပြောဆိုဖို့ ရေးလိုက်ခြင်းဖြစ်ပါတယ်။
“ကျွန်တော် အသက် ၁၈ နှစ်ရှိပါပြီ။ ကျွန်တော့်အသက်ရှစ်နှစ်အရွယ်မှာ အဖေဟာ ကားမတော်တဆဖြစ်ပြီး ဆုံးသွားပါတယ်။ အဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကဖြစ်ပေမဲ့လည်း ကျွန်တော့်ရင်ထဲမှာ အထီးကျန်စိတ်ခံစားနေရတုန်းပါပဲ။ သူမရှိဘဲ ကြီးပြင်းလာရတာ အလွန်ပင်ခက်လှပါတယ်။ ကျွန်တော် သူ့ကို ပြောချင်တာတွေ၊ ဝေမျှချင်တာတွေ၊ သူ့အကြောင်းမေးမြန်းချင်တာတွေ အများကြီးရှိတယ်။ ယေဟောဝါရှင်ရဲ့ မေတ္တာပါတဲ့ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ပြန်သတိရစေခြင်းဟာ မယုံနိုင်ဖွယ်ကောင်းလောက်အောင် နှစ်သိမ့်မှုဖြစ်ခဲ့တယ်ဗျာ! မျက်ရည်များတောင် စီးကျလာစေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ မျှော်လင့်ချက်ကို ဆန်းသစ်ပေးလိုက်အတွက် ထပ်ပြီးကျေးဇူးတင်ပါတယ်ဗျာ။”—ဩစတြီးယားမှ လူငယ်သက်သေခံတစ်ဦး။
ဒါဇင်နှင့်ချီသော ဤကဲ့သို့သောစာများကို ကင်းမျှော်စင်အသင်း၏နယူးယောက် ရုံးခန်းတွင် လက်ခံရရှိခဲ့ပါသည်။ ယခုအခါတွင် ဘာသာပေါင်း ၁၈ ဘာသာဖြင့် ထုတ်ဝေထားသော ၃၂ မျက်နှာရှိသည့် ဤဘရိုရှာသည် သန်းနှင့်ချီသောလူများကို နှစ်သိမ့်မှုဝေမျှပေးနေပါသည်။ သင်သည် ဆုံးပါးသွားသော ချစ်မြတ်နိုးရသူတစ်ဦးအတွက် ကြေကွဲနေသူဖြစ်မည်ဆိုလျှင် ၉၄ (ခ)၊ အင်းယားလမ်း သို့မဟုတ် စာမျက်နှာ ၅ ပါ သင့်လျော်ရာလိပ်စာသို့ ဤစာစောင်တစ်စောင် လွတ်လွတ်လပ်လပ်တောင်းဆိုပါလေ။