မဖြုန်းလျှင် မချို့ငဲ့
ကျွန်ုပ်တို့ခေတ် စားသုံးသူအဖွဲ့အစည်းတွင် အမှိုက်ပုံနှင့် အန္တရာယ်ကြီးသော စွန့်ပစ်ပစ္စည်းများကိုဘေးကင်းစွာစွန့်ပစ်ရေးသည် ကြောက်စရာအိပ်မက်ဆိုးကြီးဖြစ်လာသည်။ ယင်းနှင့်မတူဘဲ ဘုရားသခင်၏ဖန်ဆင်းရာများမူ အသုံးအစွဲကျစ်လျစ်ချွေတာပြီး ပြန်လည်အသုံးပြုနိုင်ခြင်းမှာ အံ့ချီးလောက်ဖွယ်ရာပင်။ ဥပမာ ပျားသလက်ကို သုံးသပ်ကြည့်ပါ။ ပျားသလက်တည်ဆောက်သည့်ပစ္စည်းဖြစ်သော ပျားဖယောင်းသည် ဈေးကြီးသောကုန်စည်တစ်ခုဖြစ်သည်၊ ပျားရည်ပျားတစ်ကောင်သည် ပျားဖယောင်း ၁/၃၂ အောင်စမျှရဖို့အတွက် ပျားရည် ၁/၂ အောင်စနှင့် အရေအတွက်အတိအကျမသိနိုင်သောဝတ်မှုန် လိုအပ်သည်။ ပျားများသည် မိမိတို့၏ပျားဖယောင်းကို မည်သို့ဘတ်ဂျက်ချမှတ်သနည်း။ “ပျားသလက်အခန်းများ၏ ဖယောင်းနံရံများသည် အမှတ်တစ်ခုတွင် ၁၂၀ ဒီဂရီထောင့်ချိုးဖြင့် နံရံသုံးခု ပေါင်းဆုံကာ ဥဿုံညီ ဆဋ္ဌဂံပုံ ဖွဲ့စည်းထား” ကြောင်း သဘာဝတရား၏ဒီဇိုင်း စာအုပ်ကရှင်းပြသည်။ “ဤပုံစံသည် ပျားများ၏ဖယောင်းအသုံးကို အတတ်နိုင်ဆုံးလျှော့ချပေးပြီး တစ်ဖက်တွင် ပျားရည်သိုမှီးမည့်နေရာကို အခိုင်အမာတည်ဆောက်ပေးသည်။” ထို့ကြောင့် တီထွင်တည်ဆောက်မှုက အကုန်အကျနည်းပြီးအသုံးဝင်သည့် လှပသောပုံစံကို ဖွဲ့စည်းပေးသည့်အပြင် ယင်းကို ပြန်လည်အသုံးပြုနိုင်သည်တကား!
သင်သည် သိပ္ပံပညာနှင့် သဘာဝအံ့ဖွယ်ရာများနှင့်ပတ်သက်သည့် ဆောင်းပါးများကို ဖတ်ရာတွင်ပျော်မွေ့ကာ နိုးလော့! ကို မှန်မှန်ရလိုလျှင် သင့်နယ်မြေရှိ ယေဟောဝါသက်သေတို့နှင့် ဆက်သွယ်ပါ၊ သို့မဟုတ် စာမျက်နှာ ၅ ပါ အနီးဆုံးလိပ်စာသို့ စာရေးပါလေ။