ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၅/၈ စာ. ၂၄
  • နိုးလော့! သည် ယင်းကို ၁၉၉၀ တွင်ဖော်ပြခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုးလော့! သည် ယင်းကို ၁၉၉၀ တွင်ဖော်ပြခဲ့
  • နိုးလော့!—၁၉၉၈
နိုးလော့!—၁၉၉၈
န၉၈ ၅/၈ စာ. ၂၄

နိုးလော့! သည် ယင်းကို ၁၉၉၀ တွင်ဖော်ပြခဲ့

မကြာမီက “နွားရူးရောဂါ” ပြန့်ပွားမှုသည် ဥရောပတွင် အထိတ်တလန့်ကြီးဖြစ်စေခဲ့သည်။ ယင်းရောဂါသည် လူများကိုကူးစက်ပြန့်ပွားနိုင်၍ လူအများကြောက်ရွံ့စိုးရိမ်ကြ၏။ ရောဂါရှိသောတိရစ္ဆာန်အသားကိုစားသုံးခြင်းနှင့် လူ့ဗဟိုနဗ်ကြောအဖွဲ့ကိုတဖြည်းဖြည်း မလွဲမရှောင်သာ သေစေသည့်ရောဂါဖြစ်သော ခရိုက်ဖက်ထ်-ယာကော့ပ်ရောဂါ (Creutzfeldt-Jakob disease) ဖြစ်ပွားမှုတို့သည် ဆက်စပ်နေသည်ဟု လူအချို့ကယူဆကြသည်။ ထို့ကြောင့် နွားရူးရောဂါသတင်းပြန့်ပွားလာရာ အမဲသားစားသုံးမှု လျော့နည်းသွားခြင်းမှာ အံ့ဩစရာမဟုတ်ပါ။

စိတ်ဝင်စားစရာမှာ ၁၉၉၆ မေလထုတ် အီတာလျံစာနယ်ဇင်းတူတိုရဂျို တွင် စတာဖာနီယာဖရယ်ရာက ဤသို့ရေးသားထားသည်– “၁၉၉၀ ပြည့်နှစ်တွင် ဤဆိုးရွားသော ကပ်ရောဂါအကြောင်း ပြောဆိုခဲ့ပြီးဖြစ်သော မဂ္ဂဇင်းတစ်စောင်—ယေဟောဝါသက်သေများထုတ်ဝေသည့် နိုးလော့!—ကို ကျွန်မတို့တွေ့ ရှိခဲ့သည်။” သူမကိုးကားဖော်ပြသောဆောင်းပါး၏ခေါင်းစဉ်မှာ “ဗြိတိန်၏ ‘နွားရူး’ ရောဂါ” ဖြစ်ပြီး ၁၉၉၀ နိုဝင်ဘာ ၈ ရက်ထုတ်ဖြစ်၏။ အဖွင့်စာပိုဒ်လေးပိုဒ်ကိုကိုးကားပြီးနောက် ဖရယ်ရာက “ယင်းကိစ္စကို ကမ္ဘာတစ်ဝန်းရှိလူထု သတိမပြုမိမီ ခြောက်နှစ်အလိုတွင်” ဤဆောင်းပါးထွက်လာခဲ့ခြင်းကို သူမအံ့အားသင့်ကြောင်း ဖော်ပြခဲ့သည်။ သူမက ဤသို့ဆက်ရေးသားခဲ့သည်– “မယုံနိုင်လောက်အောင် နောက်ဆုံးပေါ် ဖြစ်သည့် အချက်အလက်များကိုဖော်ပြထားသော အဆိုပါ ၁၉၉၀ ပြည့်နှစ်ထုတ်ဆောင်းပါးကို တွေ့မြင်ကြရာတွင် အချို့က ဤသို့ဆိုခဲ့ကြသည်– ‘ဤမျှစိုးရိမ်ဖွယ်ဖြစ်ပြီး အရေးကြီးသောကိစ္စကို ယေဟောဝါသက်သေများသိရှိခဲ့ကြလျှင် သူတို့အသင်းသားများမဟုတ်သည့် လူတိုင်းကို အဘယ်ကြောင့်အသိမပေးခဲ့ကြသနည်း။’ ရိုးရိုးသားသားဝန်ခံကြပါစို့– အကယ်၍ ၁၉၉၀ ပြည့်နှစ်က ယေဟောဝါသက်သေတစ်ယောက်သည် ကျွန်မတို့၏တံခါးကိုလာခေါက်ခဲ့ပြီး ကျမ်းစာနှင့် သူတို့၏မဂ္ဂဇင်းတွင်ပါသော ၎င်းဆောင်းပါးကိုပြသခဲ့ပါက ဘာသာမတူသောကျွန်မတို့မှ မည်၍မည်မျှသည် အလေးအနက်ထားခဲ့ပါမည်နည်း။”

“ဗြိတိန်၏ ‘နွားရူး’ ရောဂါ” ဆောင်းပါးထွက်လာခဲ့သည့် ၁၉၉၀ ကနိုးလော့! ကို ၆၂ ဘာသာဖြင့် ပျမ်းမျှစောင်ရေ ၁၂ သန်းနီးပါးပုံနှိပ်ခဲ့သည်။ ထိုစဉ်က ယေဟောဝါသက်သေများသည် ဤအချိန်သင့်ဂျာနယ်ကို ကမ္ဘာတစ်ဝန်း နိုင်ငံဒေသ ၂၀၀ ကျော်တွင်ဖြန့်ဝေခဲ့၏။ ယနေ့နိုးလော့! ကို ဘာသာစကားပေါင်း ၈၁ ဘာသာဖြင့် ပျမ်းမျှစောင်ရေ ​၁၉,၆၁၇,၀၀၀ ပုံနှိပ်လျက်ရှိသည်။ ဤဂျာနယ်တွင် ဗဟုသုတဖြစ်စေပြီး နောက်ဆုံးပေါ်အကြောင်းအရာများကို ဆက်လက်ထုတ်ဝေလျက်ရှိ၏။ နောက်ဆက်ထုတ်မည့် နိုးလော့! မဂ္ဂဇင်းများကိုရယူလိုလျှင် ဒေသခံယေဟောဝါသက်သေများနှင့် သို့မဟုတ် စာမျက်နှာ ၅ ပါအနီးဆုံးလိပ်စာသို့ စာရေး၍ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ