“နိုးလော့! ကို ဖတ်ချင်စိတ် လုံးဝမရှိခဲ့ပါ”
ထိုစကားများသည် ပတ်ဝန်းကျင်လေ့လာမှုသင်တန်းတက်ရန် စာရင်းသွင်းထားသည့် ကယ်လီဖိုးနီးယားရှိ စန်ဂျိုး နိုင်ငံ့တက္ကသိုလ်မှ ကျောင်းသူတစ်ဦး၏စကားများဖြစ်သည်။ သူမကဆက်၍– “‘ချာ့ချ်ကိုသွားပါ’ သို့မဟုတ် ‘ယေဟောဝါသက်သေတစ်ဦးဖြစ်ပါ’ လို့မဂ္ဂဇင်းက ကျွန်မကိုဟောတော့မှာပဲဆိုပြီး ကျွန်မထင်မိတယ်။ ဒါပေမဲ့ ဒီဆောင်းပါး (မေ ၈၊ ၁၉၉၇၊ ‘ခြိမ်းခြောက်ခံနေရသောကမ္ဘာဂြိုဟ် ယင်းကိုကယ်တင်နိုင်မည်လော’) ကိုဖတ်တဲ့အခါ တကယ့်အဖြစ်မှန်ပါလားဆိုတာကို ကျွန်မအံ့အားသင့်ခဲ့ရတယ်။ ဆောင်းပါးမှာ ‘အဓိကကျသော ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအချို့’ ဖြစ်တဲ့သစ်တောပြုန်းတီးမှု၊ အဆိပ်ဖြစ်စွန့်ပစ္စည်း၊ လေထုညစ်ညမ်းမှု၊ ရေရှားပါးမှု၊ အန္တရာယ်ကြုံနေသည့်မျိုးစိတ်များနဲ့ မြေယာဆုတ်ယုတ်မှုကြုံနေရတဲ့နေရာတွေကို ဖော်ပြတဲ့ အထောက်အကူပြုပုံတွေပါတယ်။
“အခုအချိန်အထိ ကျွန်မမှာကလေးမရှိသေးပေမဲ့ ရှိလာမယ်ဆိုရင် သူတို့တစ်တွေဟာ အန္တရာယ်ကင်းတဲ့ ရှူဖို့လေ၊ ကစားမယ့်နေရာ ဒါမှမဟုတ် ဆက်အသက်ရှင်ဖို့ရေကို ရနိုင်ပါ့မလားလို့ ကျွန်မစိုးရိမ်မိတယ်။ ဒီဆောင်းပါးတွေအတွက် သင်တို့ကို ကျွန်မချီးမွမ်းပါတယ်။”
ယခုတွင် နိုးလော့! လထုတ်တိုင်းကိုဘာသာစကား ၈၁ ဖြင့် ၁၉.၆ သန်းထုတ်ဝေပြီး ၅၆ မျိုးကို တစ်ပြိုင်တည်းပုံနှိပ်ထုတ်ဝေလျက်ရှိသည်။ ဤမဂ္ဂဇင်းကို မှန်မှန်ဖတ်ရှုလိုပါက ကျေးဇူးပြု၍ သင့်ဒေသရှိယေဟောဝါသက်သေများအား ဖုန်းဖြင့် သို့မဟုတ် ဒေသခံနိုင်ငံတော်ခန်းမသို့ဆက်သွယ်ပါ၊ သို့မဟုတ် စာမျက်နှာ ၅ ရှိအနီးစပ်ဆုံးလိပ်စာသို့စာရေးပါ။