ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၇/၈ စာ. ၃
  • အကြောက်လွန်ခြင်းဝေဒနာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြောက်လွန်ခြင်းဝေဒနာ
  • နိုးလော့!—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူ့အသိုင်းအဝိုင်းအကြောက်လွန်မှုကို ထိန်းချုပ်ခြင်း
    နိုးလော့!—၁၉၉၉
  • အားလုံးက သင့်ကိုသာဝိုင်းကြည့်နေကြသည်ဟု ထင်ရသောအခါ
    နိုးလော့!—၁၉၉၉
  • အလိုလိုထိတ်လန့်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း
    နိုးလော့!—၁၉၉၇
  • စိုးရိမ်စရာ ရှိသမျှကို ယေဟောဝါဆီ ပုံအပ်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၉
န၉၉ ၇/၈ စာ. ၃

အကြောက်လွန်ခြင်းဝေဒနာ

“အကြောက်လွန်ခြင်းသည် နောက်ပြောင်စရာတစ်ခုဖြစ်လေ့ရှိသည်။ သို့သော် ‘ရယ်စရာ’ ကိစ္စတစ်ခုတော့မဟုတ်ပေ။”—စိုးရိမ်ကြောင့်ကြမှုဝေဒနာများအတွက် ကုသရေးဌာနတစ်ခု၏ ဒါရိုက်တာ ဂျာရင်ရော့စ်

“အကြောက်လွန်ခြင်း” ဟူသည့်စကားလုံးသည် အထည်ကိုယ်တစ်ခု၊ အဖြစ်အပျက်တစ်ရပ် သို့မဟုတ် ခံစားချက်တစ်ခုကို အလွန်အမင်း မလျော်မကန်ကြောက်ရွံ့ခြင်းကို ရည်ညွှန်းသည်။ သို့သော် ဤအခြေအနေကိုမှတ်သားဖော်ပြသည့် ကြောက်ရွံ့မှုနှင့် အထီးကျန်မှုတို့ကို အနက်ဖွင့်ဆိုချက်တစ်ခုတည်းနှင့် ဖော်ပြ၍မရနိုင်ပါ။ အနှစ်နှစ်ဆယ်ကျော် အကြောက်လွန်ဝေဒနာအတွက် ကုသမှုခံယူခဲ့ရသူ ရာအန်းဒူးမန့်က ဤသို့မှတ်ချက်ချသည်– “အကြောက်လွန်သူများသည် အခြေအနေများကို ရှောင်ရှားနိုင်ရန် အိမ်တွင်းပုန်းလာကြသည်၊ သို့မဟုတ် အမြဲပင်ရင်တထိတ်ထိတ်နှင့် စိုးရိမ်ကြောင့်ကြနေရပေမည် သို့မဟုတ် စိုးရိမ်ကြောင့်ကြမှုကိုလျော့ပါးသွားစေရန် အရက်နှင့်အဖော်ပြုပေမည်၊ ယင်းကြောင့် ပြဿနာများထပ်တက်လာနိုင်သည်။”

အကြောက်လွန်ခြင်းတို့ကို စိုးရိမ်ကြောင့်ကြမှုဝေဒနာa ဟုခေါ်သည့် နာမကျန်းမှုအုပ်စုထဲတွင် ထည့်ထားသည်။ အမေရိကန်ပြည်ထောင်စုတွင် အရွယ်ရောက်သူဦးရေ၏ ၁၂ ရာခိုင်နှုန်းသည် သူတို့၏အသက်တာတစ်ချိန်ချိန်တွင် အကြောက်လွန်ဝေဒနာကို ရင်ဆိုင်ခံစားရမည်ဟု ခန့်မှန်းထားသည်။ ယင်းတို့အနက်အများစုမှာ နှစ်နှင့်ချီပြီး ကျိတ်၍ခံနေကြပေလိမ့်မည်။ အမေရိကား စိုးရိမ်ကြောင့်ကြမှုဝေဒနာများဆိုင်ရာ အဖွဲ့အစည်းက ဖော်ပြသည်မှာ “အကြောင်းမလှစွာဖြင့် အကြောက်လွန်ဝေဒနာခံစားရသူ လေးပုံသုံးပုံသည် အကူအညီမဲ့နေကြသည်။ အကြောက်လွန်ဝေဒနာသည်များစွာသည် ရှက်သောကြောင့် အကူအညီတောင်းဖို့ တွန့်ဆုတ်နေကြသည်။ အခြားသူများမူ မိမိတို့ဘာဖြစ်နေသည်၊ အဘယ်နေရာတွင် အကူအညီတောင်းရမည်ကိုမသိကြပေ၊ အချို့တို့သည် ကုသမှုခံရမည်ကိုပင် ကြောက်နေကြသည်။”

သိရှိထားသည့် အကြောက်လွန်ဝေဒနာမျိုးရာနှင့်ချီ၍ရှိသည်၊ သို့သော် ကျွမ်းကျင်သူများက များသောအားဖြင့် ယင်းတို့ကို သုံးစုခွဲထားသည်။ ရိုးရိုးအကြောက်လွန်ခြင်းသည် အင်းဆက်ပိုးများ၊ တိရစ္ဆာန်များ၊ လေကြောင်းခရီးသွားခြင်း၊ အလုံပိတ်နေရာများတွင် ရှိနေခြင်းကဲ့သို့သော အရာတစ်ခု သို့မဟုတ် အခြေအနေတစ်ရပ်အပေါ် မူတည်သည်။ လဟာပြင်အကြောက်လွန်ခြင်းသည် များသောအားဖြင့် အထိတ်တလန့်ဖြစ်ခြင်းနှင့် ဆက်နွှယ်၍ဖြစ်တတ်သည်။ ဝေဒနာခံရသူသည် အထိတ်တလန့်ဖြစ်မည်ကိုကြောက်ကာ ယခင်က ဖြစ်ခဲ့ဖူးသည့်နေရာနှင့် အခြေအနေမှန်သမျှကို အတတ်နိုင်ဆုံးရှောင်တတ်သည်။ လူ့အသိုင်းအဝိုင်း အကြောက်လွန်ခြင်းသည် ပရိသတ်ရှေ့တွင် စကားပြောရခြင်းကဲ့သို့သော လူစုလူဝေးနေရာများကို ရှက်ကြောက်ခြင်းဖြင့် လက္ခဏာပြသည်။

ဤသုံးမျိုးထဲတွင် လူ့အသိုင်းအဝိုင်းအကြောက်လွန်ခြင်းတစ်ခုကိုသာ သုံးသပ်ကြည့်ပါ။ သည်ဝါရှင်တန်နီယန်က ဤသို့ဖော်ပြသည်– “မြွေနှင့်လေကြောင်းခရီးသွားခြင်းတို့ကို ကြောက်ခြင်းကဲ့သို့သော ရိုးရိုးအကြောက်လွန်ခြင်းအားလုံးကို စုပေါင်းလိုက်လျှင်ပင် စိတ်ဆင်းရဲမှုကိုဖြစ်စေရာ၌ လူ့အသိုင်းအဝိုင်းအကြောက်လွန်ခြင်းကို မယှဉ်နိုင်ပေ။” တကယ်မှန်၏လော။ မှန်လျှင် အဘယ်ကြောင့် မှန်သနည်း။ ကြည့်ကြစို့။

[အောက်ခြေမှတ်ချက်]

a အခြားစိုးရိမ်ကြောင့်ကြမှုဝေဒနာများမှာ ရုတ်တရက်ထိတ်လန့်ဝေဒနာ၊ ဖျောက်ဖျက်မရနိုင်သည့် ဥပါဒါန်စွဲဝေဒနာ၊ အားလျော့စေသော ထိခိုက်မှုဒဏ်ချက်နောက်ပိုင်း ဖိစီးသည့်ဝေဒနာနှင့် သာမန်စိုးရိမ်ကြောင့်ကြမှုဝေဒနာတို့ဖြစ်သည်။ ထပ်ဆင့်အချက်အလက်များအတွက် နိုးလော့! ဖေဖော်ဝါရီ ၈၊ ၁၉၉၆ [လိပ်] “ဖျောက်ဖျက်မရနိုင်သည့် အပြုအမူ—ယင်းက သင့်အသက်တာကို ထိန်းချုပ်ထားသလော” နှင့် ဩဂုတ် ၈၊ ၁၉၉၇ “အလိုလိုထိတ်လန့်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း” တို့ကိုရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ