ပြစ်မှုကျူးလွန်သည့်ဆယ်ကျော်သက်များ—အကြောင်းရင်းများ
သက်ငယ်ပြစ်မှုများသည် ဆင်းရဲသောမိသားစုများမှ ဖြစ်ပေါ်လေ့ရှိပြီး “ဂုဏ်အသရေရှိသော” မိသားစုများမှကလေးများသည် ရာဇဝတ်မှုပြုခဲသည်ဟူသော သမားရိုးကျသဘောထားမျိုး သင်၌ရှိသလော။ အာရှတွင် ဖြစ်ရပ်များက အချို့သူများအတွက် ထိုသဘောထားကို ခံယူပုံပေါ်သည်။ “ထိုသို့မဟုတ်တော့ချေ။ ဂုဏ်အသရေရှိသောအိမ်ထောင်စုများမှ များသည်ထက်များလာနေသော ဆယ်ကျော်သက်များသည် ခိုးယူ၊ အကြောင်းမဲ့ဖျက်ဆီး၊ မူးယစ်ဆေးသုံးစွဲကာ ပြည့်တန်ဆာဖြစ်လာကြသည်ဟု အာရှတစ်ခွင်မှ ရဲတပ်ဖွဲ့စာရင်းဇယားများနှင့် အမှုတွဲများကဖော်ပြကြောင်း” အေးရှားမဂ္ဂဇင်းကဆိုသည်။
သာဓကအနေနှင့် ဂျပန်နိုင်ငံတွင် ရာဇဝတ်ပြစ်မှုကြီးများကြောင့် ထိန်းသိမ်းခံရသော ဆယ်ကျော်သက်ထက်ဝက်သည် အလယ်အလတ်လူတန်းစားမှဖြစ်ကြသည်။ ဗန်ကောက်၌လည်း အလားတူပင်။ မူဟီတာလေ့ကျင့်ရေးကျောင်း၏ကျောင်းအုပ် အယ်ဒီစိုင်း အဟာပနန်ကဤသို့ဆိုသည်– “ယခင်က ဆယ်ကျော်သက်ပြစ်မှုမှာ အများအားဖြင့် ငွေမရှိသောကြောင့်ဖြစ်သည်။ ယနေ့ ဤနေရာတွင်ရှိသော ဆယ်ကျော်သက် ၅၀ ရာခိုင်နှုန်းကျော်ကျော်မှာ ငွေကြေးအခက်အခဲမရှိသော အလယ်အလတ်တန်းဝင်ငွေရှိသည့် အိမ်များမှဖြစ်ကြသည်။”
အချို့က ထိုသို့ ဖြစ်ရခြင်းမှာ အလုပ်လုပ်ကြသည့်မိခင်များ၊ ကွာရှင်းမှုနှုန်းမြင့်မားလာခြင်းနှင့် ရုပ်ပစ္စည်းမက်မောခြင်းတို့ကြောင့်ဖြစ်သည်ဟု အပြစ်တင်ကြသည်။ စင်ကာပူနိုင်ငံ ဆယ်ကျော်သက်ထိန်းသိမ်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး အယ်ဒီဂျေကပ်ကဤသို့ဆိုသည်– “ပကတိအကြောင်းရင်းမှာ မိဘများကွာရှင်းထားသော၊ သို့မဟုတ် ကြင်ဖော်မဲ့မိဘများရှိသော သို့မဟုတ် မိဘနှစ်ဦးစလုံးအလုပ်လုပ်နေရပြီး ကလေးများလျစ်လျူရှုခံကြရသော သာမန်အနေအထားမဟုတ်သော နေအိမ်များဖြစ်ကြသည်။ ကလေးငယ်များသည် အကျင့်စရိုက်စံနှုန်းများကို အိမ်မှသင်ယူကြသည်။”
သမ္မာကျမ်းစာက ကျွန်ုပ်တို့ခေတ်တွင် လူငယ်များအတွင်း ပုန်ကန်မှုတိုးများလာမည့်အကြောင်း ကြိုတင်ဖော်ပြခဲ့သည်။ (၂ တိမောသေ ၃:၁၊ ၂) သို့သော် ထိုစာအုပ်သည်ပင် မိသားစုများကို ၎င်းတို့၏စီးပွားရေးအခြေအနေ မည်သို့ပင်ရှိရှိ နီးနီးကပ်ကပ်ရှိဖို့ လိုအပ်သည့်စံနှုန်းများကိုပေးနိုင်သည်။ “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ သင်ကြားခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်အောင်ဆုံးမခြင်းများအတွက် အကျိုးရှိ” သောကြောင့် သမ္မာကျမ်းစာကိုစူးစမ်းလေ့လာထိုက်သည်။ (၂ တိမောသေ ၃:၁၆၊ ကဘ) အာရှတိုက်ရှိ—အမှန်အားဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ—ယေဟောဝါသက်သေများသည် မိသားစုလိုက် ကျမ်းစာလေ့လာရာတွင် အကျိုးများခံစားနေကြရသည်။ သင်လည်း အလားတူပြုဖို့ ကူညီပေးရန် သူတို့ဝမ်းသာကြပါမည်။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
သင့်ရွေးချယ်မှုဖြစ် —ပြစ်မှုကျူးလွန်ခြင်း သို့မဟုတ် ဘုရားသခင့် မျက်နှာသာတော်ရခြင်း