ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၀၇ စာ. ၂၄
  • ဘုရားသခင် အမှန်ပင် ဂရုစိုက်တော်မူသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင် အမှန်ပင် ဂရုစိုက်တော်မူသလော
  • နိုးလော့!—၂၀၀၇
နိုးလော့!—၂၀၀၇
န ၁/၀၇ စာ. ၂၄

ဘုရားသခင် အမှန်ပင် ဂရုစိုက်တော်မူသလော

◼ဘုရားသခင်သာရှိမည်ဆိုလျှင် လူသားများ ဤမျှဆင်းရဲခက်ခဲနေသည်ကို ကိုယ်တော်ခွင့်ပြုမည်မဟုတ်ဟု လူအများက ကောက်ချက်ချကြသည်။ အချို့မေးလေ့ရှိသော မေးခွန်းတစ်ခုမှာ “ကျွန်တော်တို့ လိုအပ်နေတဲ့အချိန်မှာ ဘုရားသခင်ဘယ်ရောက်နေသလဲ” ဟူ၍ဖြစ်သည်။ လူသားတို့သည် အလွန်ဆိုးရွားသော ဆင်းရဲခက်ခဲမှုများကို လူ့သမိုင်းတစ်လျှောက် ခံစားခဲ့ကြရပြီး သေခြင်းတရားကိုပင် အလူးအလဲခံစားကြရသည်။

တစ်ချိန်တည်းတွင် သက်ရှိများ၏ အံ့ဖွယ်ဖွဲ့စည်းမှုနှင့် ဒီဇိုင်းတို့က ဂရုစိုက်သော ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း အထင်အရှားသက်သေထူပါသည်။ ကျွန်ုပ်တို့ကိုဂရုစိုက်သော ဘုရားသခင်သည် ဤမျှဆိုးရွားသောဆင်းရဲခက်ခဲမှုများကို အဘယ်ကြောင့် ခွင့်ပြုထားတော်မူရသနည်း။ ဘုရားသခင်အား တော်မှန်သည့်နည်းဖြင့် ကျွန်ုပ်တို့ ဝတ်ပြုကိုးကွယ်မည်ဆိုလျှင် ဤအရေးကြီးသောမေးခွန်း၏ ကျေနပ်လောက်ဖွယ်အဖြေကို ရရှိပါလိမ့်မည်။ ယင်းကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။

ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော ဘရိုရှာတစ်စောင်ရယူရန် သင့်ကို ကျွန်ုပ်တို့ ဖိတ်ခေါ်ပါသည်။ “ဘုရားသခင်သည် အဘယ်ကြောင့် ဆင်းရဲခက်ခဲမှုများကို ခွင့်ပြုတော်မူသနည်း၊” “ပုန်ကန်မှု၏ရလဒ်ကား အဘယ်အရာဖြစ်ခဲ့သနည်း” ဟူသောအပိုင်းများကို သေချာစွာဆန်းစစ်ကြည့်ခြင်းဖြင့် ကျေနပ်လောက်သောအဖြေများ သင်ရရှိပါလိမ့်မည်။

ဘရိုရှာတစ်စောင် တောင်းခံလိုပါက ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှတစ်ဆင့်ပေးပို့ပါ။

□ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော ဘရိုရှာတစ်စောင်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ