ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၀၇ စာ. ၁၆
  • ငါဘာကြောင့် မူးမေ့သွားတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါဘာကြောင့် မူးမေ့သွားတာလဲ
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွေးဖြင့်အသက်ကယ်ခြင်း—အဘယ်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • သွေး–အသက်ရှင်ရေးအတွက် အချက်အချာ
    သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
  • သွေး
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၄/၀၇ စာ. ၁၆

ငါဘာကြောင့် မူးမေ့သွားတာလဲ

ဆရာဝန်က ကျွန်တော်ရဲ့မျက်လုံးဖိအားကို တိုင်းချင်တယ်။ အဲဒီလိုတိုင်းတဲ့အခါ ကျွန်တော်ရဲ့မျက်ဆန်ကို ကိရိယာတစ်ခုနဲ့ထိရမှာဖြစ်တယ်။ ဘာဖြစ်လာမယ်ဆိုတာ ကျွန်တော်သိတယ်။ အဲဒီလို အမြဲဖြစ်နေကျပဲ။ သူနာပြုတစ်ဦးက သွေးစစ်ဖို့ သွေးနမူနာထုတ်ယူတဲ့အခါမှာလည်း အဲဒီလိုဖြစ်တယ်။ တစ်ခါတလေ ထိခိုက်ဒဏ်ရာရတဲ့အကြောင်း ပြောရုံနဲ့ ကျွန်တော် မူးမေ့သွားတယ်။

ဗြိတိသျှမှတ်တမ်းတစ်ခုအရ ကျွန်တော်တို့ထဲက ၃ ရာခိုင်နှုန်းလောက်ဟာ အထက်မှာဖော်ပြခဲ့တဲ့ အခြေအနေတစ်ခုခုကိုကြုံရတဲ့အခါ မူးမေ့သွားလေ့ရှိတယ်။ သင်လည်း အဲဒီလိုဝေဒနာသည်တစ်ဦးဖြစ်မယ်ဆိုရင် မူးမေ့မသွားအောင် ကြိုးစားပေမဲ့ အရာမထင်ဖြစ်ခဲ့ပါလိမ့်မယ်။ လူရှေ့သူရှေ့မှာ မူးမေ့မသွားအောင် သန့်စင်ခန်းထဲသွားဖို့ သင် ကြိုးစားခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ နည်းလမ်းကောင်းတစ်ခုမဟုတ်ဘူး။ လမ်းပေါ်မှာ သင် ရုတ်တရက်မူးမေ့ပြီး ထိခိုက်ဒဏ်ရာရနိုင်တယ်။ အကြိမ်ပေါင်းများစွာ မူးမေ့လုမတတ်ဖြစ်ခဲ့ဖူးလို့ အဲလိုဖြစ်ရတဲ့အကြောင်းရင်းကို စူးစမ်းရှာဖွေဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။

ကူညီတတ်တဲ့ဆရာဝန်တစ်ဦးနဲ့ ဆွေးနွေးပြီး စာအုပ်တချို့ကို ဖတ်ရှုလေ့လာကြည့်တဲ့အခါ ဦးနှောက် ဗေးဂတ်နဗ်ကြောလှုပ်ရှားမှုလွန်ကဲတဲ့အတွက် ဒီလိုဖြစ်တာလို့ ကျွန်တော်သိခဲ့ရတယ်။ ထိုင်ရာကနေ ထလိုက်လို့ အနေအထားပြောင်းသွားတဲ့အခါမှာ သွေးစီးဆင်းမှုကို ထိန်းညှိပေးတဲ့ သွေးလှည့်ပတ်မှုစနစ် ချွတ်ယွင်းတာဖြစ်မယ်လို့ ယူဆရတယ်။

သွေးကိုမြင်ရတဲ့အခါ ဒါမှမဟုတ် သင့်မျက်စိကို စမ်းသပ်နေတဲ့အခါမျိုးမှာ အလိုအလျောက်အလုပ်လုပ်နေတဲ့ အာရုံကြောဖွဲ့စည်းမှုစနစ်က သင်ထိုင်နေ ဒါမှမဟုတ်မတ်တတ်ရပ်နေပေမဲ့ သင်လဲလျောင်းနေတဲ့အခါမှာ လုပ်ဆောင်သလိုမျိုး လုပ်ဆောင်တယ်။ ဦးဆုံး၊ စိုးရိမ်ပူပန်မှုကြောင့် နှလုံးခုန်မြန်တတ်တယ်။ အဲဒီနောက် သင့်သွေးခုန်နှုန်းဟာ ရုတ်တရက် သိသိသာသာကြီးနှေးလာပြီး သင့်ခြေထောက်က သွေးကြောတွေဟာ ဖောင်းလာမယ်၊ ဒါမှမဟုတ် ကျယ်လာမယ်။ အဲဒီအခါ သင့်ခြေထောက်တွေဘက်ကို သွေးစီးဆင်းတာများပြီး သင့်ဦးခေါင်းဘက်ကိုတော့ သွေးကသိပ်မစီးတော့ဘူး။ သင့်ဦးနှောက်ဟာ အောက်ဆီဂျင်အလုံအလောက်မရတော့တဲ့အတွက် သင်မူးမေ့သွားတယ်။ အဲဒီလိုမဖြစ်ရလေအောင် ဘယ်လိုကာကွယ်နိုင်မလဲ။

သင့်သွေးကိုစစ်ဖို့ ထုတ်ယူနေတဲ့အခါ တခြားဘက်ကို အာရုံလွှဲထားနိုင်တယ်။ ဒါမှမဟုတ် လဲလျောင်းနေနိုင်တယ်။ ဖော်ပြခဲ့တဲ့အတိုင်း ဦးနှောက်ဗေးဂတ်နဗ်ကြောလှုပ်ရှားမှု လွန်ကဲလာတော့မယ်ဆိုရင် အများအားဖြင့် သတိပေးလက္ခဏာတွေကို သင်သိရှိနိုင်တယ်။ ဒါကြောင့် သင် မူးမေ့မသွားခင် တစ်ခုခုလုပ်ဖို့ အချိန်ရလေ့ရှိတယ်။ ဆရာဝန်တွေက သင့်ကို လဲလျောင်းပြီး ခြေထောက်ကို ကုလားထိုင်ပေါ်မှာ တင်ထားဖို့ ဒါမှမဟုတ် နံရံကို ထောက်ကန်ထားဖို့ အကြံပြုကြတယ်။ အဲဒီလိုလုပ်ရင် သွေးဟာ ခြေထောက်ကို မစီးတော့တဲ့အတွက် ဦးနှောက်ဗေးဂတ်နဗ်ကြောလှုပ်ရှားမှု လွန်ကဲတဲ့ဖြစ်စဉ် မဖြစ်နိုင်တော့ဘူး။ မိနစ်အနည်းငယ်အတွင်းမှာ သင် နေသာထိုင်သာရှိလာလိမ့်မယ်။

ဒီအချက်အလက်တွေက ကျွန်တော့်ကို အထောက်အကူပြုသလို သင့်ကိုလည်း အထောက်အကူပြုမယ်ဆိုရင် ဦးနှောက်ဗေးဂတ်နဗ်ကြောလှုပ်ရှားမှု လွန်ကဲလာတော့မယ်ဆိုတဲ့ သတိပေးလက္ခဏာတွေကို သင် သိရှိနိုင်ပါလိမ့်မယ်။ အဲဒီနောက် သင် ချက်ချင်းပြုမူလုပ်ဆောင်ပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။—ဆောင်းပါးရှင်ရေးသားပေးပို့သည်။

[စာမျက်နှာ ၁၆ ပါ အကျဉ်းဖော်ပြချက်]

ဆေးဘက်ဆိုင်ရာစစ်ဆေးမှုခံယူနေစဉ် လှဲနေခြင်းသည် အကူအညီဖြစ်စေနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ