ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၀၈ စာ. ၂၁
  • အသက်ရှည်ခြင်း အိုကီနာဝါ၏ လျှို့ဝှက်ချက်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်ရှည်ခြင်း အိုကီနာဝါ၏ လျှို့ဝှက်ချက်လော
  • နိုးလော့!—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဥရောပနဲ့ပတ်သက်ပြီး သတိပြုမိရာ
    နိုးလော့!—၂၀၁၅
  • အာဟာရ မျှတအောင် ဘယ်လို စားမလဲ
    လူငယ်များအမေး
  • ငါဘယ်လို ဝိတ်လျှော့နိုင်မလဲ
    လူငယ်များအမေး
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
    နိုးလော့!—၂၀၀၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၈
န ၁၁/၀၈ စာ. ၂၁

အသက်ရှည်ခြင်း အိုကီနာဝါ၏ လျှို့ဝှက်ချက်လော

ဂျပန်မှ နိုးလော့! စာရေးသူ ပေးပို့သည်

◼ ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းတွင် ၂၀၀၆ ခုနှစ်၌ လူဦးရေ ၁.၃ သန်းရှိရာ အသက်ရာကျော်သူ ၇၄၀ နီးပါး ရှိမည်ဖြစ်ကြောင်း ခန့်မှန်းရသည်။ ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြသည်။ ဤအချက်က ဒေါက်တာ မာကိုတို ဆူဇူကီး ဦးဆောင်သော အိုကီနာဝါ အသက်ရာကျော်သူများအား လေ့လာမှုအရ လူ ၁၀၀,၀၀၀ တိုင်းတွင် အသက်ရာကျော်သူ အယောက် ၅၀ ခန့် ရှိကြောင်း ဖော်ပြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံအများစု၌ လူ ၁၀၀,၀၀၀ တွင် လူ ၁၀ ဦးမှ ၂၀ ဦးကြားတွင်ရှိသည်ဟု ယူဆကြသည်။

“ကမ္ဘာပေါ်တွင် အသက်ရာကျော်သူများကို အကြာရှည်ဆုံးဆက်တိုက်လေ့လာနေသည်” ဟုဆိုသည့် အဆက်မပြတ်လေ့လာမှုက “အသက်ရာကျော်သူများသည် အလွန်ကျန်းမာကြ” ကြောင်းတွေ့ ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသည်ကို အဖြေရှာရန် ဆူဇူကီးနှင့်အဖွဲ့သည် အသက် ၇၀ နှင့် ထိုထက်အသက်ကြီးသော အိုကီနာဝါကျွန်းသူကျွန်းသားများစွာအပါအဝင် အသက်ရာကျော်သူ ၉၀၀ ကျော်တို့၏ ဘဝပုံစံနှင့် မျိုးရိုးဗီဇတို့ကို ဆန်းစစ်လေ့လာခဲ့ကြသည်။ အဆိုပါသက်ကြီးရွယ်အိုတို့သည် အသက်အရွယ်ကြောင့် ပိန်သော်လည်း ကျန်းမာသန်စွမ်းကြကြောင်း၊ သွေးလွှတ်ကြောများ ပိတ်ဆို့မှုမရှိကြောင်းနှင့် ကင်ဆာနှင့်နှလုံးရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာလျော့နည်းကြောင်း သုတေသီများ တွေ့ ရှိခဲ့ကြသည်။ ထို့ပြင် အသက် ၉၀ ကျော်ရှိသူတို့၏ စိတ်ယိုယွင်းမှုသည် အခြားဖွံ့ဖြိုးပြီးနိုင်ငံများရှိ သက်တူရွယ်တူများ၏ စိတ်ယိုယွင်းမှုနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်သာရှိသည်။ လျှို့ဝှက်ချက်မှာအဘယ်နည်း။

အဓိကအကြောင်းရင်းတစ်ခုမှာ မျိုးရိုးဗီဇဖြစ်သည်။ သို့သော် ဆေးရွက်ကြီးကို ရှောင်ကြဉ်ခြင်း၊ အရက်ကို တော်သင့်ရုံသောက်သုံးခြင်းနှင့် ဓာတ်စာများစားသုံးခြင်း ကဲ့သို့သော အခြားအကြောင်းရင်းများလည်းပါဝင်သည်။ အိုကီနာဝါကျွန်းသူကျွန်းသားများ၏ စားနေကျအစားအသောက်တွင် ကယ်လိုရီလျော့နည်းပြီး ဟင်းသီးဟင်းရွက်များနှင့်သစ်သီးများ၊ သဘာဝအမျှင်များနှင့် အကျိုးပြုသောအဆီ (အိုမီဂါ-၃၊ တစ်မျိုးတည်းမပြည့်ဝပျော်အဆီ) အလွန်များပြားစွာ ပါဝင်လေ့ရှိသည်။ ၎င်းတို့သည် ၈၀ ရာခိုင်နှုန်းခန့်သာ စားသောက်သည့် အကျင့်ရှိကြသည်။ “သင်ဟာ ဗိုက်ပြည့်သွားပြီလို့ ပထမဆုံးအကြိမ်ခံစားရတဲ့အချိန်မှာ စားတာကို ရပ်လိုက်သင့်တယ်။ ဗိုက်ပြည့်ကြောင်းကို မိနစ် ၂၀ လောက်ကြာပြီးမှ အစာအိမ်က ဦးနှောက်ကို အချက်ပြတယ်” ဟု လေ့လာရာတွင်ဦးဆောင်သော သုတေသီများထဲမှတစ်ဦးဖြစ်သူ ဒေါက်တာ ဘရက်ဒ်လေး ဝေးလ်ကော့စ်ကပြောသည်။

အိုကီနာဝါကျွန်းသူကျွန်းသားများသည် ဥယျာဉ်စိုက်ပျိုးခြင်း၊ နေ့စဉ်လမ်းလျှောက်ခြင်း၊ ရိုးရာအကများကခြင်း သို့မဟုတ် အခြားသောလုပ်ဆောင်မှုများ ပြုလုပ်ခြင်းအားဖြင့် ကာယပိုင်းအရ တက်ကြွလှုပ်ရှားနေကြသည်။ အသက်ရာကျော်သူတို့၏ စရိုက်လက္ခဏာများကို စမ်းသပ်လေ့လာကြည့်သောအခါ ၎င်းတို့သည် အကောင်းမြင်သဘောထားနှင့် ပြောင်းသာလဲသာရှိကြကြောင်း ဖော်ပြခဲ့သည်။ ထိုသူတို့သည် ဖိစီးမှုများကို ကောင်းစွာကိုင်တွယ်နိုင်ကြပြီး အထူးသဖြင့် အမျိုးသမီးများသည် “လူမှုဆက်ဆံရေးတွင် အလွန်ဝင်ဆံ့ကြ” ကြောင်း ဖော်ပြခဲ့ကြသည်။

အသက်ရှည်ဖို့အတွက် “နတ်ဆေးလုံးမရှိပါ” ဟု ဝေးလ်ကော့စ်ကပြောသည်။ လေ့လာမှုတွင် ဖော်ပြခဲ့သည့်အတိုင်း အသက်ရှည်ခြင်းအပေါ် မျိုးရိုးဗီဇ၊ ဓာတ်စာ၊ လေ့ကျင့်ခန်း၊ အလေ့အကျင့်ကောင်းများနှင့် “ဖိစီးမှုများကို တော်မှန်သော နည်းလမ်းများဖြင့် ရင်ဆိုင်ဖြေရှင်းခြင်း” တို့က အကျိုးသက်ရောက်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ