ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၀၉ စာ. ၈-၉
  • မိဘများ မည်သို့ ကူညီပေးနိုင်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘများ မည်သို့ ကူညီပေးနိုင်သနည်း
  • နိုးလော့!—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျောင်းကဖိစီးမှုကို ငါ ဘယ်လို ကိုင်တွယ်ရမလဲ
    နိုးလော့!—၂၀၀၈
  • ကျောင်းမှာဖိစီးမှုကြုံရင် ဘယ်လိုဖြေရှင်းရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ‘ကျွန်တော့်မှာ လုပ်စရာတွေ အရမ်းများလွန်းတယ်’
    နိုးလော့!—၂၀၀၉
  • ဘော်ဒါကျောင်း၌ သင့်ကလေးကို ထားသင့်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၉
န ၄/၀၉ စာ. ၈-၉

မိဘများ မည်သို့ ကူညီပေးနိုင်သနည်း

အမေရိကန်နိုင်ငံရှိ ပညာရေးအဖွဲ့အစည်းတစ်ခုသည် အထက်တန်းကျောင်းသားများအား ဤသို့အားပေးတိုက်တွန်း၏– “ကန့်သတ်ထားသည်ထက် ကျော်လွန်အောင် ကိုယ့်ကိုယ်ကို မပြတ်အားထုတ်လိုစိတ် တင်ပြပါ။” မိမိတို့၏ပန်းတိုင်များသို့ မရမနေ တက်လှမ်းရန် လှုံ့ဆော်ခံရသည့် လူငယ်တချို့သည် မိမိတို့အစွမ်းခွန်အား၏ ကန့်သတ်ချက်ထက်ကျော်၍ ပိုမိုလုပ်ဆောင်ကြသည်။ ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သည့် မက်ဒလင်း လီဗိုင်းက ဤသို့ရေးသားခဲ့၏– “အရှိန်အဟုန်တိုးမြှင့်ပေးသည့် အတန်းများ၊ ကျောင်းပြင်ပ လုပ်ဆောင်မှုများ၊ အထက်တန်းကျောင်း သို့မဟုတ် ကောလိပ်အတွက် အချိန်မတန်မီ ကြိုတင်ပြင်ဆင်ခြင်း၊ လေ့လာမှုများတွင် တိုးတက်စေရန် အစွမ်းကုန်ကူညီပေးနိုင်သည့် အထူးအလွတ်သင်ဆရာများနှင့် ကျူရှင်ဆရာများကြားတွင် လူငယ်များစွာမှာ မိမိတို့၏ကျန်းမာရေးကို ထိခိုက်စေသည်အထိ အလုပ်များလွန်းနေကြ၏။” ထိုသို့သောကျောင်းသားများသည် ကာယပိုင်းနှင့်စိတ်ပိုင်းတွင် ဝေဒနာခံစားရနိုင်ပါသည်။

သင့်ကလေး ကျောင်း၌ရင်ဆိုင်နေရသည့် စိတ်ဖိစီးမှုနှင့်ပတ်သက်၍ သင်စိုးရိမ်နေပါက သင်ကိုယ်တိုင် ကျောင်းသို့သွားပါ။ ဆရာဆရာမများ၊ အကြံပေးပုဂ္ဂိုလ်များ၊ စီမံအုပ်ချုပ်သူများနှင့် စကားပြောပါ။ သင်တွေ့ရှိရာကို သူတို့အား ပြောပြပါ။ သင်၌ ထိုသို့လုပ်ပိုင်ခွင့်ရှိပါသည်။

မိဘများသည် မိမိတို့သားသမီးများ ကြီးပြင်းလာသည်နှင့်အမျှ သူတို့၏တိုးတက်မှုကို အာရုံစိုက်ရန် သမ္မာကျမ်းစာက အားပေးထားသည်။ ရှေးအစ္စရေးနိုင်ငံတွင် မိဘများအား မောရှေ ဤသို့မိန့်ကြားခဲ့၏– “ထိုစကား [ဘုရားသခင့်ပညတ်များ] ကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။”—တရားဟောရာ ၆:၇။

သင့်ကလေး၏ပညာရေးကို အထူးစိတ်ဝင်စားခြင်းသည် ၎င်း၏ကိုယ်ရေးကိုယ်တာကိစ္စတွင် ဝင်စွက်ဖက်နေခြင်းမဟုတ်ချေ။ ယင်းက သင့်ကလေးသည် သင်၏မေတ္တာပါသော ထောက်မမှုကိုရရှိကြောင်း ဖော်ပြ၏။ ထို့ ပြင် သင့်ကလေး ကျောင်း၌ရင်ဆိုင်နေရသော စိတ်ဖိစီးမှုကို လျော့နည်းစေရာတွင် အကျိုးများစွာရရှိနိုင်ပါသည်။

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

သင့်ကလေး၏ စိတ်ဖိစီးမှု အခြေအနေအကြောင်း ၎င်း၏ ဆရာဆရာမများ၊ အကြံပေး ပုဂ္ဂိုလ်များနှင့် ပြောဆိုပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ