စိတ်သောကရောက်နေသည့် လူငယ်တစ်ဦးအတွက် အကူအညီ
မက္ကဆီကိုနိုင်ငံတွင် အသက် ၁၃ နှစ်အရွယ် ကျောင်းသူလေး စီဘီအာသည် ကျောင်းသို့ အတန်းဖော်တစ်ဦး မကြာခဏ ငိုငိုပြီး လာတတ်သည်ကို သတိပြုမိခဲ့သည်။ ထိုကျောင်းသူလေးအား နှစ်သိမ့်ရန် သူကြိုးစားခဲ့၏။ တစ်နေ့တွင် စီဘီအာ၏ အတန်းဖော်က မိမိ၏ဖခင်သည် အရက်သမားတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူကို ရိုက်နှက်ကြောင်း ရင်ဖွင့်ခဲ့သည်။
စီဘီအာက ဤသို့ပြောပြသည်– “ကျွန်မရဲ့အတန်းဖော်က သူ အသက်မရှင်ချင်တော့ဘူး၊ ကိုယ့်ကိုယ်ကို သတ်သေဖို့တောင် ကြိုးစားခဲ့တယ်လို့ ကျွန်မကို ပြောပြတယ်။ သူ့ကို ဘယ်သူမှ မချစ်ကြဘူး။ အထီးကျန်ဖြစ်နေတယ်လို့ ပြောပြတယ်။ သူ့ကို အရမ်းချစ်တဲ့ ပုဂ္ဂိုလ်တစ်ပါးရှိတယ်၊ အဲဒီပုဂ္ဂိုလ်ဟာ စကြဝဠာမှာ အရေးအပါဆုံးပုဂ္ဂိုလ် ဖြစ်တယ်လို့ ကျွန်မ ပြောပြတယ်။ အဲဒီနောက် လူသားတွေအတွက် ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို ကျွန်မ ရှင်းပြလိုက်တယ်။”
နောက်ပိုင်းတွင် စီဘီအာသည် သူ၏အတန်းဖော်ကို လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်ပေးကာ နေ့တိုင်း ကျောင်းခေတ္တရပ်နားချိန်တွင် အတူလေ့လာကြသည်။ ထိုမိန်းကလေးသည် တစ်သီးပုဂ္ဂလနေရာမှ တဖြည်းဖြည်း ပြောင်းလဲလာကာ အခြားသူများနှင့် ရယ်ရယ်မောမော စကားပြောဆိုလှာသည်။ ထိုမိန်းကလေးက စီဘီအာထံ ဤသို့စာရေးခဲ့သည်– “သင့်ရဲ့ခင်မင်မှုနဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ သင်ဟာ ကျွန်မ အမြဲလိုချင်ခဲ့တဲ့ အစ်မနဲ့တူတယ်။ အခုတော့ ယေဟောဝါဆိုတဲ့ ပုဂ္ဂိုလ်တစ်ပါးဟာ ကျွန်မကို ဂရုစိုက်နေတယ်ဆိုတာ သိရပြီ။”
လူငယ်များအမေး စာအုပ်မှ အကျိုးရရှိမည့် လူငယ်တစ်ဦးကို သင် သိကောင်းသိပေမည်။ ယင်းစာအုပ်ရှိ အခန်း ၃၉ ခန်းတွင် အောက်ပါအကြောင်းအရာများ ပါဝင်သည်– “မိတ်ဆွေစစ် ဘယ်လိုဖွဲ့နိုင်မလဲ။” “လက်မထပ်မီ သံဝါသပြုတာကို ဘယ်လိုပြောမလဲ” နှင့် “အချစ်စစ်အချစ်မှန်ဖြစ်မှန်း ငါဘယ်လိုလုပ် သိနိုင်မလဲ။” ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ကူပွန်ပေါ်တွင် ဖော်ပြထားသည့် လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့၍ ဤစာအုပ်ကို မှာယူနိုင်ပါသည်။ (g06 10-BU)