ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၂/၀၉ စာ. ၂၄
  • သူ့ယုံကြည်ခြင်းအတွက် ရပ်တည်ခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူ့ယုံကြည်ခြင်းအတွက် ရပ်တည်ခဲ့
  • နိုးလော့!—၂၀၀၉
နိုးလော့!—၂၀၀၉
န ၁၂/၀၉ စာ. ၂၄

သူ့ယုံကြည်ခြင်းအတွက် ရပ်တည်ခဲ့

◼ မကြာသေးခင်က ပွဲတော်ရာသီအတွင်းတွင် ခုနစ်နှစ်အရွယ်ပထမတန်းကျောင်းသူ မော်ဂန်သည် ခရစ္စမတ်နှင့်ပတ်သက်သည့်အကြောင်းကိုဖတ်ပြရန် တာဝန်ရခဲ့သည်။ ဤပွဲတော်သည် ကျမ်းစာနှင့်မကိုက်ညီဟု သူခံစားရကြောင်း ဆရာမအားပြောပြခဲ့သည်။ သူ့စိတ်ကို အနှောင့်အယှက်မဖြစ်စေသည့်အကြောင်းအရာကို ရွေးချယ်ဖတ်ပြနိုင်ကြောင်း ဆရာမက ကြင်နာစွာခွင့်ပြုခဲ့သည်။

နောက်ပိုင်း ကျောင်းတွင်ဆုပေးပွဲကျင်းပခဲ့ရာ မော်ဂန့်မိသားစုသည် တက်ရောက်ဖို့ဖိတ်ကြားခံခဲ့ရသည်။ ယုံကြည်ခြင်းအတွက် ခိုင်ခိုင်မြဲမြဲရပ်တည်ခဲ့သည့် မိမိ၏ရဲစွမ်းသတ္တိကြောင့် အဆိုပါအခန်းအနားတွင် ဆုရသောအခါ မော်ဂန်အံ့သြခဲ့ရသည်။ အဆိုပါရဲစွမ်းသတ္တိကို မည်သို့ပြုစုပျိုးထောင်ခဲ့ကြောင်း အမေးခံရသည့်အခါ ကြီးမြတ်သောဆရာထံမှသင်ယူပါ စာအုပ်ကို မိသားစုနှင့်အတူတကွဖတ်ကြပြီး ယင်းစာအုပ်ရှိ ယေရှုခရစ်၏ဘ၀အသက်တာနှင့်သွန်သင်ခြင်းမှ သင်ခန်းစာများရရှိခဲ့ကြောင်း သူရှင်းပြခဲ့သည်။

ဤ ၂၅၆ စာမျက်နှာရှိသောစာအုပ်တွင် ပုံဥပမာများစွာပါရှိပြီး မိဘနှင့်သားသမီး များ အပြန်အလှန်ဆွေးနွေးနိုင်သည့်ပုံစံမျိုးဖြင့် ပြင်ဆင်ထားသည်။ ယင်းတွင် “ဘာကြောင့်လိမ်မပြောသင့်တဲ့အကြောင်း၊” “ပါတီပွဲအားလုံးကို ဘုရားသခင်ကြိုက်သလား” နှင့် “ကြောက်စိတ်ကို အောင်နိုင်ဖို့အကူအညီ” စသည့်အခန်းများပါရှိသည်။

ဤတွင်ဖော်ပြထားသောစာအုပ်ကို သင်ရလိုပါက ကူပွန်တွင်ဖော်ပြထားသည့်လိပ်စာအတိုင်း သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ဖော်ပြထားသည့် သက်ဆိုင်ရာလိပ်စာအတိုင်း ပူးတွဲပါကူပွန်ကိုဖြည့်စွက်ပြီး စာတိုက်ဖြင့်ပေးပို့ပါ။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ