ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၁ စာ. ၂
  • စာမျက်နှာ ၂

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာမျက်နှာ ၂
  • နိုးလော့!—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ကလေးများကို နို့စို့အရွယ်မှ စလေ့ကျင့်ပေးခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • အကြံဉာဏ်ကောင်းရယူပါ
    နိုးလော့!—၂၀၀၇
  • မိဘစိတ်နှလုံးကိုရွှင်လန်းစေခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၁
န ၁၀/၁၁ စာ. ၂

စာမျက်နှာ ၂

တာဝန်သိတတ်တဲ့ကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်ခြင်း

မိဘတွေဟာ ရတနာအလား အဖိုးတန်လှတဲ့ မွေးကင်းစကလေးငယ်ကိုကြည့်တဲ့အခါ သူတို့မစဉ်းစားချင်တဲ့အရာတစ်ခုရှိတယ်။ ဒါပေမဲ့ အဲဒါက အမှန်တရားတစ်ခုပါ၊ အဲဒါကတော့ ဒီကလေးလေးဟာ တဖြည်းဖြည်းကြီးလာပြီး နောက်ပိုင်း အရွယ်ရောက်လာတဲ့အခါ သူ့ခြေထောက်ပေါ်သူ ရပ်တည်သွားမယ်ဆိုတဲ့အချက်ပဲ။ ဒီလိုပဲဖြစ်လာရမှာဖြစ်တယ်၊ အကြောင်းက ကျမ်းစာမှာ “ယောက်ျားသည် ကိုယ်မိဘကိုစွန့်” မယ်လို့ဖော်ပြထားတဲ့အတွက်ပဲ။ (ကမ္ဘာဦး ၂:၂၄) မိန်းကလေးဆိုရင်လည်း အလားတူပဲဖြစ်တယ်။

ဒါပေမဲ့ အရွယ်ရောက်တဲ့ကိုယ့်သားသမီး အိမ်ကနေခွဲထွက်သွားချိန်မှာ မိဘတွေဟာ ပျော်သလိုလို၊ ဝမ်းနည်းသလိုလိုနဲ့ကျန်ရစ်ခဲ့ရပြီး ဒီလိုတွေးမိတတ်ကြတယ်– ‘ငါ့ကလေးကို ငါ ကောင်းကောင်းကြည့်ရှုစောင့်ရှောက်ခဲ့ရဲ့လား။ သူ အလုပ်မြဲပါ့မလား၊ နေစရာရောရှိပါ့မလား၊ ကိုယ်ရဲ့ဝင်ငွေနဲ့ အဆင်ပြေပြေရပ်တည်နိုင်ပါ့မလား။’ မိဘတွေ အစိုးရိမ်ဆုံးကတော့ ‘ငါတို့သင်ပေးထားတဲ့စံနှုန်းတွေနဲ့အညီ သူတို့တွေနေသွားပါ့မလား’ ဆိုတာပဲ။—သု. ၂၂:၆; ၂ တိမောသေ ၃:၁၅။

ကလေးတွေကို အသက်အရွယ်အလိုက် ကောင်းစွာသွန်သင်ဆုံးမဖို့ ကျမ်းစာမှာပါတဲ့အကြံပေးချက်တွေက မိဘတွေကို ဘယ်လိုကူညီနိုင်သလဲဆိုတာ ဒီအထူးထုတ် နိုးလော့! က ဖော်ပြပေးပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ