ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၂ စာ. ၃၂
  • သင်လိုအပ်ရာ သမ္မာကျမ်းစာထဲမှာရှိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်လိုအပ်ရာ သမ္မာကျမ်းစာထဲမှာရှိ
  • နိုးလော့!—၂၀၁၂
နိုးလော့!—၂၀၁၂
န ၉/၁၂ စာ. ၃၂

သင်လိုအပ်ရာ သမ္မာကျမ်းစာထဲမှာရှိ

◼ ယေဟောဝါသက်သေတွေ ဖြစ်ကြတဲ့ ပြင်သစ်စကားပြော ဇနီးမောင်နှံက မြေထဲပင်လယ်က ကော်စီကာကျွန်း၊ ဘေဂျာစီအိုမြို့ တိုက်ခန်းအဆောက်အဦတစ်ခုကို သွားရောက်ခဲ့တယ်။ ယူရို ၄၀၀ ပါပြီး နာမည်နဲ့လိပ်စာ မတပ်ထားတဲ့ စာအိတ် တစ်အိတ်ကို ကြမ်းပြင်မှာ သူတို့ တွေ့ ရှိခဲ့တယ်။ ဇနီးသည်က သူတို့ဆက်လုပ်ခဲ့တာကို ဒီလိုရှင်းပြတယ်- “စာအိတ်ကျပျောက်သွားသူ ဒီဖုန်းနံပါတ်ကို ခေါ်ဆိုနိုင်ပါတယ်လို့ ရေးထားတဲ့ စာတိုလေးတစ်စောင်ကို ဧည့်ခန်းက လူထုကြော်ငြာသင်ပုန်းမှာ ကျွန်မတို့ ကပ်ထားခဲ့တယ်။”

နောက်နေ့ညနေမှာ အမျိုးသမီးတစ်ဦး ဖုန်းဆက်လာတယ်။ သူက ပိုက်ဆံပျောက်သွားသူဖြစ်ကြောင်း သက်သေပြပြီးနောက် သက်သေခံဇနီးမောင်နှံနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့တယ်။ တစ်ယောက်ယောက်က သူ့ပိုက်ဆံပြန်ပေးတာကို အရမ်းအံ့အားသင့်သွားလို့ ပန်းစည်းတစ်စည်းနဲ့ ရောက်လာတယ်။ သူပျောက်သွားတဲ့ စာအိတ်ထဲမှာ သူ့လုပ်အားခတွေ ပါသွားတယ်။ နောက်နေ့မှာ သူက တစ်လကြာ အားလပ်ခွင့်ယူပြီး ထွက်သွားတယ်။

ငွေပြန်ပေးတဲ့ သက်သေခံဇနီးမောင်နှံရဲ့ ကြင်နာမှုအတွက် ထပ်မံကျေးဇူးတင်တဲ့အနေနဲ့ သူအဝေးမှာရှိနေတုန်း ပို့စ်ကတ်တစ်ခု ပို့ပေးခဲ့တယ်။ အမျိုးသမီးက အားလပ်ခွင့်ယူပြီး ပြန်ရောက်လာတဲ့အခါ သက်သေခံနှစ်ဦးက သူ့ဆီလည်ပတ်ပြီး မိသားစုဘဝမှာ၊ နေ့စဉ်ကျင့်ကြံပြုမူပုံတွေမှာ ကျမ်းစာရဲ့ လက်တွေ့ကျမှုအကြောင်း ပြောဆိုဆွေးနွေးခဲ့ကြတယ်။ ဒါကို သူ စိတ်ဝင်စားခဲ့တယ်။

မောင်နှံစုံက သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကိုသုံးပြီး “သင့်မိသားစုဘဝကို ပျော်ရွှင်စေနိုင်ပုံ” အခန်းက အချက်အနည်းငယ်ကို ဆွေးနွေးခဲ့တယ်။ အမျိုးသမီးက စွဲမှတ်သွားပြီး အံ့အားသင့်သွားတယ်။ သူ ဒီလိုပြောတယ်– “အံ့သြဖို့ကောင်းလိုက်တာ။ ကျွန်မလိုအပ်တာအားလုံး ကျမ်းစာထဲမှာ ရှိနေတယ်။” အဲဒီနောက် အခမဲ့အိမ်တွင်းကျမ်းစာလေ့လာမှုကို လက်ခံခဲ့တယ်။

သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်မှာ မိသားစုအသက်တာအကြောင်းသာမက ဘုရားသခင်၊ ယေရှုခရစ်နဲ့ပတ်သက်တဲ့ အမှန်တရား၊ သေဆုံးသွားသူများ ဘယ်နေရာမှာ ရောက်ရှိနေသလဲ၊ ဘုရားသခင်က ဆင်းရဲဒုက္ခကို ဘာကြောင့်ခွင့်ပြုထားသလဲနဲ့ လူတွေစိတ်ဝင်စားတဲ့ တခြားအကြောင်းအရာတွေကို ဆွေးနွေး ထားတယ်။ အောက်ပါကူပွန်ကိုဖြည့်ပြီး ဖော်ပြထားတဲ့လိပ်စာ ဒါမှမဟုတ် ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၅ မှာပါတဲ့ သင့်တော်ရာလိပ်စာကို ပေးပို့ပြီး အဲဒီစာအုပ်ကို တောင်းခံနိုင် ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ