ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၁၃ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစ္စရေး
  • ဩစတြေးလျ
  • ဂရိ
  • အမေရိကန်ပြည်ထောင်စု
  • မာဒါဂက်စကာ
  • သမ္မာကျမ်းစာကို သင်မည်မျှ ကောင်းစွာသိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါ၏အမှုတော်ထမ်းရန် သန္နိဋ္ဌာန်ချခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နိုးလော့!—၂၀၁၃
န ၂/၁၃ စာ. ၃

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အစ္စရေး

အင်တာနက်သတင်းတစ်ခု (Haaretz.com) အရ၊ မွေးရာပါမသန်မစွမ်းဖြစ်တာကို မှန်ကန်အောင်မစစ်ဆေးမိလို့ ကိုယ်ဝန်ဖျက်မဖျက်ဆိုတာ မိဘတွေကို ရွေးချယ်ခွင့်မပေးမိခဲ့တဲ့ ဆေးဝန်ထမ်းတွေကို အဲဒီမသန်မစွမ်းကလေးက တရားစွဲဆိုခွင့် မရှိတော့ဘူး။ ဒါပေမဲ့ မွေးရာပါမသန်စွမ်းတဲ့ဒီကလေးအတွက် အပိုကုန်ကျစရိတ်၊ ကလေးဘဝတစ်လျှောက်လုံးအတွက် လိုအပ်တဲ့အကုန်အကျတွေအတွက် မိဘတွေကတော့ အဲဒီဆေးဝန်ထမ်းတွေကို တရားစွဲပြီး လျော်ကြေးတောင်းဆိုခွင့်ရှိတယ်။

ဩစတြေးလျ

ဩစတြေးလျမှာ စုံတွဲ ၁၀ တွဲမှာ ၈ တွဲက လက်မထပ်ခင် အတူနေထိုင်ကြတယ်။

ဂရိ

ဂရိ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ စာရင်းဇယားအရ ၂၀၁၁ ခုနှစ် ပထမငါးလအတွင်းမှာပဲ ဂရိနိုင်ငံမှာ မိမိကိုယ်ကိုယ်သတ်သေသူဟာ ၂၀၁၀ ခုနှစ် ပထမငါးလနဲ့ နှိုင်းယှဉ်ရင် ၄၀ ရာခိုင်နှုန်း ပိုများလာကြောင်း ဖော်ပြတယ်။ အဲဒီအချိန်က ဂရိနိုင်ငံမှာ ၂၀၁၁ ခုနှစ် စီးပွားရေးပျက်ကပ်စတင်ချိန်နဲ့ တစ်ထပ်တည်းဖြစ်တယ်။

အမေရိကန်ပြည်ထောင်စု

အဖွဲ့အစည်းတစ်ခု(Natural Resources Defense Council)ရဲ့ ဖော်ပြချက်တစ်ရပ်မှာ တစ်နိုင်ငံလုံးရဲ့ အစားအစာ ၄၀ ရာခိုင်နှုန်းနီးပါးဟာ အလဟဿဖြစ်နေတယ်။ ဥပမာ၊ ခန့်မှန်းချက်တစ်ခုအရ ကောက်ပဲသီးနှံတွေရဲ့ ၇ ရာခိုင်နှုန်းကို မရိတ်သိမ်းကြဘူး၊ စားသောက်ဆိုင်တွေမှာ ပြင်ဆင်ပေးတဲ့အစားအစာ ၁၇ ရာခိုင်နှုန်းကို မစားဘဲလွှင့်ပစ်လိုက်တယ်၊ မိသားစုတွေဟာ ဝယ်လာတဲ့အစားအစာတွေရဲ့ ၂၅ ရာခိုင်နှုန်းခန့်ကို လွှင့်ပစ်လေ့ရှိတယ်။

မာဒါဂက်စကာ

ကမ္ဘာ့အသေးဆုံးပုတ်သင်ညိုကို မကြာသေးခင်က မာဒါဂက်စကာမှာ တွေ့ ရှိခဲ့ကြတယ်။ အရှည်ဆုံး ၁.၁ လက်မပဲရှိပြီး တချို့အကောင်တွေဆိုရင် လက်သည်းထိပ်ပေါ်မှာ နေနိုင်လောက်အောင် သေးတယ်။ သူတို့နေထိုင်တဲ့နေရာက ထိခိုက်ပျက်စီးလာတဲ့အတွက် ဒီအကောင်လေးတွေဟာ မျိုးသုဉ်းမယ့်အန္တရာယ် ကျရောက်နေတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ