ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၄ စာ. ၄-၇
  • ကမ္ဘာမြေကြီး ဘယ်လို ဖြစ်ပေါ်လာတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာမြေကြီး ဘယ်လို ဖြစ်ပေါ်လာတာလဲ
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာကြီးကို ပြုလုပ်တဲ့အရှင်
  • ဘုရားသခင်က စကြဝဠာကိုပြုလုပ်ဖန်ဆင်းတဲ့အခါ အချိန်ဘယ်လောက်ကြာခဲ့သလဲ
  • ဘုရားသခင်က ဆင့်ကဲဖြစ်စဉ်သုံးပြီး ဖန်ဆင်းခဲ့တာလား
  • ဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့ အထောက်အထားများ
  • သမ္မာကျမ်းစာ ပြောဆိုရာ
    နိုးလော့!—၂၀၂၁
  • သိပ္ပံပညာသည် ကမ္ဘာဦးကျမ်းမှတ်တမ်းနှင့် ဆန့်ကျင်သလော
    နိုးလော့!—၂၀၀၆
  • သိပ္ပံပညာနှင့် ကမ္ဘာဦးကျမ်းမှတ်တမ်း
    သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော
  • ဖန်ဆင်းခြင်း
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၃/၁၄ စာ. ၄-၇
စကြဝဠာ

မျက်နှာဖုံးအကြောင်းအရာ

ကမ္ဘာမြေကြီး ဘယ်လို ဖြစ်ပေါ်လာတာလဲ

သန်းနဲ့ချီတဲ့လူတွေဟာ စကြဝဠာရဲ့အစနဲ့ ပတ်သက်ပြီး သမ္မာကျမ်းစာပြောဆိုရာကို ဖတ်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၅၀၀ ခန့်က ရေးသားခဲ့တဲ့ လူသိများတဲ့မှတ်တမ်းကို ဒီစကားစုလေးနဲ့ အစပြုထားပါတယ်– “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။”

ဒါပေမဲ့ အမည်ခံခရစ်ယာန်ခေါင်းဆောင်တွေနဲ့ ဖန်ဆင်းခြင်းကို ယုံကြည်တဲ့သူတချို့က ဖန်ဆင်းခြင်းမှတ်တမ်းနဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာပြောဆိုချက်ကို လွဲမှားစွာနားလည်ထားကြတယ်။ အဲဒီအချက်ကို လူများစွာက မသိကြဘူး။ ဒီလိုလွဲမှားစွာနားလည်မှုတွေက သိပ္ပံပညာနဲ့ မကိုက်ညီဘူး။ သူတို့ရဲ့လွဲမှားတဲ့ ပြောဆိုချက်တွေက သမ္မာကျမ်းစာထဲမှာ မပါဘူးဆိုပေမဲ့ လူများစွာက အဲဒီအချက်ကို မသိတဲ့အတွက် ကျမ်းစာပါ ဖန်ဆင်းခြင်းမှတ်တမ်းကို ပုံပြင်လို့ပဲ ယူမှတ်သွားကြတယ်။

လူအများစုဟာ ဖန်ဆင်းခြင်းနဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာအမှန်တကယ်ပြောဆိုတာကို မသိရှိကြဘူး။ စကြဝဠာရဲ့အစနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ယုတ္တိရှိရှိ၊ ကျိုးကြောင်းညီညွတ်စွာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကျမ်းစာဖော်ပြချက်က သိပ္ပံပညာနဲ့လည်း ကိုက်ညီမှုရှိတယ်။ ကမ္ဘာမြေကြီး ဖြစ်ပေါ်လာတာနဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာဖော်ပြချက် အမှန်ကို သင် သိရှိလာတဲ့အခါ အံ့အားသင့်သွားမှာ သေချာပါတယ်။

ကမ္ဘာကြီးကို ပြုလုပ်တဲ့အရှင်

အနန္တ

သမ္မာကျမ်းစာရဲ့ ဖန်ဆင်းခြင်းမှတ်တမ်းကို အရာအားလုံးကို ဖန်ဆင်းတဲ့အရှင်၊ အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်ရှိတယ်ဆိုတဲ့ အချက်အပေါ် အခြေခံထားပါတယ်။ ဘုရားသခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ၊ ဘာအရည်အသွေးတွေရှိသလဲ။ ဘုရားသခင်က လူ့သမိုင်းတစ်လျှောက်မှာ နာမည်ကြီးခဲ့တဲ့ နတ်ဘုရားတွေနဲ့ လုံးလုံးကွာခြားကြောင်း သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။ ဘုရားသခင်က အရာအားလုံးကို ပြုလုပ်ဖန်တီးတဲ့အရှင်ဖြစ်တယ်။ ဒါပေမဲ့ လူအများစုက ဘုရားသခင်အကြောင်းကို သိပ်မသိကြပါဘူး။

  • ဘုရားသခင်ဟာ ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်။ ဘုရားသခင်ဟာ စကြဝဠာထဲမှာ ရည်ရွယ်ချက်မရှိ လွင့်မျောချင်ရာလွင့်မျောနေတဲ့၊ အသိဉာဏ်ကင်းမဲ့တဲ့ တန်ခိုးစွမ်းအားတစ်ခု မဟုတ်ပါဘူး။ ကိုယ်တော်ဟာ ခံစားချက်၊ စိတ်ကူးစိတ်သန်း၊ ရည်ရွယ်ချက်တွေရှိတဲ့အရှင် ဖြစ်ပါတယ်။

  • ဘုရားသခင်မှာ အတိုင်းအဆမဲ့တန်ခိုးနဲ့ ဉာဏ်ပညာရှိပါတယ်။ ဒီအချက်ကို ကမ္ဘာမြေကြီးအပါအဝင် သက်ရှိသတ္တဝါတွေရဲ့ ထူးခြားဆန်းကြယ်တဲ့ ပုံစံဒီဇိုင်းတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

  • စကြဝဠာထဲမှာရှိတဲ့ အရာအားလုံးကို ဘုရားသခင် ဖန်ဆင်းခဲ့တယ်။ ကိုယ်တော့်မှာ ရုပ်ခန္ဓာကိုယ် မရှိဘူး။ ဘုရားသခင်ဟာ မျက်စိနဲ့မြင်လို့မရတဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်ပါတယ်။

  • ဘုရားသခင်တည်ရှိမှုကို အချိန်နဲ့တိုင်းတာလို့မရပါဘူး။ ဘုရားသခင်မှာ အစလည်းမရှိဘူး၊ အဆုံးလည်းမရှိဘူး။ ကိုယ်တော်ဟာ အမြဲတည်ရှိနေပြီး ထာဝစဉ်တည်ရှိသွားမှာဖြစ်ပါတယ်။

  • ဘုရားသခင်မှာ ယေဟောဝါဆိုတဲ့ ကိုယ်ပိုင်အမည်နာမရှိပါတယ်။ အဲဒီအမည်ကို သမ္မာကျမ်းစာမှာ အကြိမ်ထောင်နဲ့ချီ သုံးစွဲရေးသားထားပါတယ်။

  • ဘုရားသခင်ဟာ လူသားတွေကိုချစ်ပြီး ဂရုစိုက်တဲ့ အရှင်ဖြစ်တယ်။

ဘုရားသခင်က စကြဝဠာကိုပြုလုပ်ဖန်ဆင်းတဲ့အခါ အချိန်ဘယ်လောက်ကြာခဲ့သလဲ

နာရီ

ဘုရားသခင်ဟာ “ကောင်းကင်နှင့်မြေကြီးကို” ပြုလုပ် ဖန်ဆင်းတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ စကြဝဠာကိုဖန်ဆင်းတဲ့အခါ အချိန်ဘယ်လောက်ကြာခဲ့တယ်၊ ဘယ်လိုနည်းစနစ်တွေကို အသုံးပြုခဲ့တယ် ဆိုတာကိုတော့ အဲဒီဖော်ပြချက်ကနေ မသိနိုင်ပါဘူး။ ဒါဆိုရင် တချို့သူတွေယုံကြည်သလို ဘုရားသခင်ဟာ စကြဝဠာကြီးကို ၂၄ နာရီရှိတဲ့ ၆ ရက်တည်းနဲ့ ပြုလုပ်ဖန်ဆင်းခဲ့တယ်ဆိုတဲ့ ယူဆချက်ကကော။ ဒီယူဆချက်က သိပ္ပံပညာနဲ့ လုံးဝကိုဆန့်ကျင်ကွဲလွဲနေတဲ့အပြင် ကျမ်းစာကို တလွဲအဓိပ္ပာယ်ကောက်ယူထားတာဖြစ်ပါတယ်။ သမ္မာကျမ်းစာ အမှန်တကယ်ပြောဆိုရာကို လေ့လာကြည့်ရအောင်။

တချို့သူတွေယုံကြည်သလို ဖန်ဆင်းခြင်းနေ့ရက်တွေဟာ ၂၄ နာရီရှိတဲ့ ပကတိရက်တွေပဲဆိုတဲ့ ယူဆချက်ကို သမ္မာကျမ်းစာက လက်ခံအတည်ပြုတာ၊ ထောက်ခံတာမျိုး မရှိပါဘူး

  • တချို့သူတွေယုံကြည်သလို ဖန်ဆင်းခြင်းနေ့ရက်တွေဟာ ၂၄ နာရီရှိတဲ့ ပကတိရက်တွေပဲဆိုတဲ့ ယူဆချက်ကို သမ္မာကျမ်းစာက လက်ခံအတည်ပြုတာ၊ ထောက်ခံတာမျိုး မရှိပါဘူး။

  • သမ္မာကျမ်းစာမှာ အချိန်ကာလအမျိုးမျိုးကို ရည်ညွှန်းဖော်ပြဖို့အတွက် “နေ့ရက်” ကို မကြာခဏဆိုသလို အသုံးပြုတယ်။ တချို့ဖော်ပြချက်တွေမှာသုံးတဲ့ အချိန်ကာလက တိတိကျကျသတ်မှတ်လို့မရတဲ့ ရှည်လျားတဲ့ကာလကို ရည်ညွှန်းတယ်။ ကမ္ဘာဦးကျမ်းမှာ တွေ့ရတဲ့ဖန်ဆင်းခြင်းမှတ်တမ်းကလည်း ဒီသဘောအတိုင်း ရေးသားထားတာ ဖြစ်ပါတယ်။

  • ကျမ်းစာထဲမှာပါတဲ့ ဖန်ဆင်းရာနေ့ရက် ၆ ရက်ကလည်း နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။

  • ဖန်ဆင်းခြင်း ပထမနေ့ရက်စတင်တဲ့အချိန်မှာ လူသူကင်းမဲ့တဲ့ ကမ္ဘာကြီးအပါအဝင် စကြဝဠာကြီးတစ်ခုလုံးကို ဘုရားသခင် ပြုလုပ်ဖန်ဆင်းထားပြီးသား ဖြစ်နေပြီ။

  • ဖန်ဆင်းရာနေ့ရက် ၆ ရက်က လူသားတွေနေထိုင်နိုင်အောင် ကမ္ဘာမြေကြီးကို ဘုရားသခင်ပြင်ဆင်ပေးတဲ့ ရှည်လျားတဲ့ကာလကို ရည်ညွှန်းနေတာဖြစ်ပါတယ်။

  • သမ္မာကျမ်းစာပါ ဖန်ဆင်းခြင်းမှတ်တမ်းက စကြဝဠာသက်တမ်းနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းတွက်ချက်မှုနဲ့လည်း မဆန့်ကျင်ပါဘူး။

ဘုရားသခင်က ဆင့်ကဲဖြစ်စဉ်သုံးပြီး ဖန်ဆင်းခဲ့တာလား

အဆင့်ဆင့် ဆင့်ကဲဖြစ်ပေါ်လာပုံ

သမ္မာကျမ်းစာကိုမယုံတဲ့သူတွေက ရည်ရွယ်ချက်မဲ့၊ အသိဉာဏ်မဲ့၊ သက်မဲ့ဓာတုဖြစ်စဉ်ကနေ သက်ရှိတွေဖြစ်ပေါ်လာတယ်ဆိုတဲ့ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ကြတယ်။ မိမိဘာသာ အသစ်ပွားနိုင်စွမ်းရှိတဲ့ ဘက်တီးရီးယားလိုမျိုး သေးငယ်တဲ့သက်ရှိကနေတစ်ဆင့် ဒီနေ့ခေတ်မှာတည်ရှိနေတဲ့ သက်ရှိမျိုးစိတ်အားလုံး ဆင်းသက်ပေါက်ဖွားလာတယ်လို့ စဉ်းစားကြည့်ပါ။ ဒီလိုသာဆိုရင် မယုံနိုင်လောက်အောင် အံ့သြရှုပ်ထွေးစရာကောင်းတဲ့ လူသားတွေဟာ ဘက်တီးရီးယားကနေ ဆင်းသက်လာတယ်လို့ ဆိုရမလိုဖြစ်နေပြီ။

ဆင့်ကဲသီအိုရီကို သမ္မာကျမ်းစာယုံကြည်တဲ့သူတွေကလည်း လက်ခံကြတယ်။ ဘုရားသခင်ဟာ သက်ရှိတွေကို ဖန်ဆင်းတဲ့ အခါ ဆင့်ကဲဖြစ်စဉ်အတိုင်း ရိုးရှင်းသေးငယ်တဲ့သက်ရှိလေးကို ဦးဆုံးဖန်ဆင်းတယ်။ အဲဒီသက်ရှိလေးကို ထိန်းကျောင်းလမ်းညွှန်ပေးပြီး အဆင့်မြင့်တဲ့ သက်ရှိဖြစ်တဲ့အထိ အဆင့်ဆင့်ဖြစ်ပေါ်စေတယ်လို့ သူတို့ယုံကြည်ကြတယ်။ ဒါပေမဲ့ ဒါဟာ သမ္မာကျမ်းစာပြောဆိုရာ မဟုတ်ပါဘူး။

သမ္မာကျမ်းစာပါ ဖန်ဆင်းခြင်းမှတ်တမ်းက အမျိုးအနွယ်တစ်ခုအတွင်းမှာပဲ မျိုးကွဲအမျိုးမျိုး ပေါက်ပွားတယ်ဆိုတဲ့ သိပ္ပံလေ့လာတွေ့ရှိချက် နဲ့လည်း မဆန့်ကျင်ပါဘူး

  • သမ္မာကျမ်းစာအရ ယေဟောဝါဘုရားသခင်ဟာ အပင်တွေနဲ့ တိရစ္ဆာန်တွေကို မျိုးစိတ်အလိုက် ဖန်ဆင်းခဲ့ပါတယ်။ ဒါ့အပြင် စဉ်းစားဆင်ခြင်နိုင်စွမ်း၊ မေတ္တာ၊ ဉာဏ်ပညာ၊ တရားမျှတမှုတွေပိုင်ဆိုင်တဲ့၊ အပြစ်ပြောစရာမရှိအောင်ကောင်းမွန်တဲ့ လူယောက်ျားနဲ့လူမိန်းမကိုလည်း ဖန်ဆင်းခဲ့ပါတယ်။

  • ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ အပင်နဲ့တိရစ္ဆာန်တွေဟာ သူတို့ရဲ့အမျိုးအနွယ်ထဲမှာပဲ မျိုးကွဲလေးတွေ အမျိုးမျိုးပေါက်ပွားလာကြပါတယ်။ အဲဒီမျိုးစိတ်တစ်ခုတည်းက မျိုးကွဲလေးတွေဟာ ပုံစံအရွယ်အစားတွေ မတူညီကြပါဘူး။

  • သမ္မာကျမ်းစာပါ ဖန်ဆင်းခြင်းမှတ်တမ်းက အမျိုးအနွယ်တစ်ခုအတွင်းမှာပဲ မျိုးကွဲအမျိုးမျိုးပေါက်ပွားတယ်ဆိုတဲ့ သိပ္ပံလေ့လာတွေ့ရှိချက်နဲ့လည်း မဆန့်ကျင်ပါဘူး။

ဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့ အထောက်အထားများ

၁၈၅၀ ပြည့်နှစ်လောက်မှာ ဗြိတိသျှဇီဝဗေဒပညာရှင် အဲလ်ဖရက်ဒ် ရပ်စယ်လ် ဝေါလေ့စ်က သက်ရှိတွေဟာ ဆင့်ကဲဖြစ်စဉ်ကြောင့်ဖြစ်လာတယ်လို့ပြောတဲ့ ချားလ်စ် ဒါဝင်ရဲ့သီအိုရီကို သဘောတူခဲ့တယ်။ ဒါပေမဲ့ ဒီကျော်ကြားတဲ့ ဆင့်ကဲအယူဝါဒသမားက “စကြဝဠာမှာရှိတဲ့ကြယ်တွေ၊ ကမ္ဘာမြေကြီးအပါအဝင် လူ့ခန္ဓာကိုယ်က သွေးကြောစနစ်၊ ဆဲလ်ဖွဲ့စည်း တည်ဆောက်ပုံတွေ . . . ကို သေသေချာချာ လေ့လာသုံးသပ်ကြည့်တဲ့အခါ စဉ်းစားဆင်ခြင်ဉာဏ်ရှိသူတွေကတော့ ဒီအရာတွေကို ပြုလုပ်ဖန်တီးခဲ့ပြီး ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ဉာဏ်ကြီးရှင်တစ်ပါး ရှိကိုရှိရမယ်လို့ ကောက်ချက်ချပါလိမ့်မယ်” လို့ပြောဆိုခဲ့ပါတယ်။

ဝေါလေ့စ် ဒီလိုမပြောခင် နှစ်ပေါင်းနှစ်ထောင်လောက်ကတည်းက သမ္မာကျမ်းစာမှာ အခုလိုပြောထားပါတယ်– “ကမ္ဘာလောကကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်မှစ၍ လူတို့သည် ကိုယ်တော်၏ ထာဝရတန်ခိုးတော်နှင့် ဘုရားသခင်၏အဖြစ်တော်တည်းဟူသော မျက်မြင်မရသောဂုဏ်အင်္ဂါ များကို ကောင်းစွာ သိနားလည်နိုင်လေသည်။ သူတို့သည် ဤသို့ သော ကိုယ်တော်၏ဂုဏ်အင်္ဂါလက္ခဏာများကို မမြင်နိုင်သော်လည်း သိနိုင်ကြ၏။ ယင်းသို့သိနိုင်ခြင်းမှာ သူတို့သည် ဘုရားသခင် ဖန်ဆင်းတော်မူသောအရာများကို တွေ့မြင်နိုင်သောကြောင့်ဖြစ်၏။” (ရောမ ၁:၂၀၊ ခမ) သင်လည်း ဖန်ဆင်းခြင်းလက်ရာတွေဖြစ်တဲ့ သေးငယ်တဲ့မြက်ပင်စိမ်းစိမ်းလေးကနေ ကြီးမားကျယ်ပြောလှတဲ့ စကြဝဠာကြီးအကြောင်းကို တစ်ခါတစ်ခါ အချိန်ယူပြီး စဉ်းစားသုံးသပ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဖန်ဆင်းရှင်ရှိတယ်ဆိုတာကို သိလာမှာဖြစ်တယ်။

‘တကယ်လို့ အရာအားလုံးကိုဖန်ဆင်းတဲ့ မေတ္တာရှင်ဘုရားသခင်ရှိတယ်ဆိုရင် ဘာဖြစ်လို့ ဆင်းရဲဒုက္ခတွေ ဖြစ်နေရတာလဲ။ ကမ္ဘာကြီးအပါအဝင် လူသားတွေကို ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားလိုက်ပြီလား။ အနာဂတ်မှာ ဘာတွေဆက်ဖြစ်လာမလဲ’ လို့ သင် စဉ်းစားမိနိုင်ပါတယ်။ ဘာသာရေးသွန်သင်ချက်တွေ၊ လူ့အယူအဆတွေကြောင့် တိမ်မြှုပ်ပျောက်ကွယ်နေတဲ့ သမ္မာကျမ်းစာရဲ့ အဖိုးတန်တခြားအကြောင်းတွေကို လူပေါင်းများစွာ မသိရှိသေးပါဘူး။ ဒီမဂ္ဂဇင်းကိုထုတ်ဝေတဲ့ ယေဟောဝါသက်သေတွေက သင့်ကို ကျမ်းစာအမှန်တကယ်သွန်သင်ပေးတာကို ဆန်းစစ်နိုင်အောင်၊ ဖန်ဆင်းရှင်အကြောင်းအပြင် လူသားတွေရဲ့ အနာဂတ်အလားအလာတွေကို ပိုမိုသိရှိလာအောင် ဝမ်းသာအားရ ကူညီပေးလိုကြပါတယ်။

ကမ္ဘာပေါ် သက်ရှိတွေ နေနိုင်အောင် ပြင်ဆင်ပေးပုံ

  • အစအဦး၌

    ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းခဲ့တယ်။ —ကမ္ဘာဦး ၁:၁။

  • အဆင်းသဏ္ဌာန်မရှိ၊ မည်းမှောင်နေတဲ့ ကမ္ဘာဂြိုဟ်

    အမှောင်ထု

    ကမ္ဘာမြေကြီးက ပုံသဏ္ဌာန်မသဲကွဲ၊ အမှောင်ထုဖုံးလွှမ်းနေပါတယ်။—ကမ္ဘာဦး ၁:၂။

  • နေ့ ၁– အလင်း၊ နေ့နဲ့ည

    ပထမနေ့

    အလင်းရောင်ကို ကမ္ဘာ့လေထုထဲ ထိုးဖောက်ဝင်ရောက်စေပါတယ်။ တကယ်လို့ ကမ္ဘာပေါ်ကနေ စောင့်ကြည့်နေသူသာရှိခဲ့မယ် ဆိုရင် နေ၊ လကိုတော့ တွေ့မြင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ နေ့နဲ့ည ဆိုတာကိုတော့ ကောင်းကောင်းခွဲခြားနိုင်ပြီဖြစ်တယ်။—ကမ္ဘာဦး ၁:၃-၅။

  • နေ့ ၂– ဟင်းလင်းပြင်

    ဒုတိယနေ့

    ကမ္ဘာမြေကြီးဟာ ရေထုတွေ၊ ရေခိုးရေငွေ့တွေနဲ့ ဖုံးလွှမ်းနေပါတယ်။ ရေထုနဲ့ ရေခိုးရေငွေ့ကို ပိုင်းခြားလိုက်ပြီး အဲဒီကြားမှာ ဟင်းလင်းပြင်တစ်ခုကို ဖန်ဆင်းလိုက်ပါတယ်။ အဲဒီ ဟင်းလင်း ပြင်ကြီးကို သမ္မာကျမ်းစာက “မိုးကောင်းကင်” လို့ ခေါ်ဆိုထားပါတယ်။—ကမ္ဘာဦး ၁:၆-၈။

  • နေ့ ၃– ကုန်းမြေနဲ့ အပင်များ

    တတိယနေ့

    ရေတွေ တဖြည်းဖြည်းကျစေပြီး ကုန်းမြေပေါ်လာစေပါတယ်။ ကမ္ဘာမြေကို နေရောင်ခြည်ကျရောက်ဖို့ သိပ်သည်းနေတဲ့လေထုကလည်း ပိုရှင်းလင်းလာပါတယ်။ တချို့သီးပင်စားပင်လေးတွေပေါက်စေပြီး ဒီဖန်ဆင်းရာတတိယနေ့နဲ့ နောက်ဖန်ဆင်းရာနေ့ရက်တွေမှာ အပင်မျိုးစိတ်အသစ်တွေလည်း ပေါက်လာပါတယ်။—ကမ္ဘာဦး ၁:၉-၁၃။

  • နေ့ ၄– အလင်းပေးတဲ့ ကောင်းကင်တန်ဆာများ

    စတုတ္ထနေ့

    နေနဲ့ လကို ကမ္ဘာမြေပြင်ပေါ်ကနေ ပိုမိုရှင်းလင်းစွာ မြင်ရလာပြီ။—ကမ္ဘာဦး ၁:၁၄-၁၉။

  • နေ့ ၅– ငါးနဲ့ မိုးကောင်းကင်ငှက်များ

    ပဉ္စမနေ့

    ဘုရားသခင်ဟာ ရေနေ သတ္တဝါနဲ့ မိုးကောင်းကင်ငှက်တွေကို အမျိုးအနွယ်အလိုက် မျိုးပွားနိုင်စွမ်းပေးပြီး ဖန်ဆင်းခဲ့တယ်။—ကမ္ဘာဦး ၁:၂၀-၂၃။

  • နေ့ ၆– ကုန်းနေသတ္တဝါနဲ့ လူသား

    ဆဋ္ဌမနေ့

    ကုန်းနေသတ္တဝါ အကြီးအငယ်ကို ဖန်ဆင်းခဲ့တယ်။ ခြောက်ရက်မြောက်နေ့မှာ ကမ္ဘာပေါ်က ဖန်ဆင်းရာတွေထဲမှာ အထူးခြားအပြောင်မြောက်ဆုံးဖြစ်တဲ့ ပထမလူသားမောင်နှံကို ဘုရားသခင် ဖန်ဆင်းခဲ့တယ်။—ကမ္ဘာဦး ၁:၂၄-၃၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ