ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၄ စာ. ၁၀-၁၁
  • အယ်လ်ဆာဗေးဒေါသို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အယ်လ်ဆာဗေးဒေါသို့ အလည်တစ်ခေါက်
  • နိုးလော့!—၂၀၁၄
နိုးလော့!—၂၀၁၄
န ၃/၁၄ စာ. ၁၀-၁၁
အယ်လ်ဆာဗေးဒေါရှုခင်း

သူတို့မြေ၊ သူတို့ဓလေ့

အယ်လ်ဆာဗေးဒေါသို့ အလည်တစ်ခေါက်

အယ်လ်ဆာဗေးဒေါမြေပုံ

လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ နီးပါးက စပိန်လူမျိုးတွေဟာ အခု အယ်လ်ဆာဗေးဒေါလို့ သိထားတဲ့ နယ်မြေကို ရောက်ရှိလာခဲ့ပါတယ်။ အယ်လ်ဆာဗေးဒေါမှာ နေထိုင်ခဲ့ကြတဲ့ အဓိကလူမျိုးစုတွေက သူတို့ရဲ့နယ်မြေကို ကူစ်ကက်လန် လို့ခေါ်ဆိုခဲ့ကြပြီး “ရတနာတိုင်းပြည်” လို့အဓိပ္ပာယ်ရှိပါတယ်။ ဒီနေ့ အယ်လ်ဆာဗေးဒေါမှာ နေထိုင်သူတွေဟာ မူလတိုင်းရင်းသားတွေနဲ့ လာရောက်အခြေချနေထိုင်တဲ့ ဥရောပသားတွေကနေတစ်ဆင့် ဆင်းသက်လာသူတွေ ဖြစ်ပါတယ်။

အယ်လ်ဆာဗေးဒေါလူမျိုးတွေဟာ အလုပ်ကြိုးစားမှု၊ ရင်းနှီးဖော်ရွေမှုတွေကြောင့် လူသိများတယ်။ သူတို့ဟာ ယဉ်ကျေးပျူငှာကြပြီး ရိုသေလေးစားမှုလည်း ရှိကြတယ်။ လူတွေဟာ စကားလက်ဆုံမပြောခင်၊ အလုပ်မစခင်မှာ တစ်ယောက်ကိုတစ်ယောက် မင်္ဂလာနံနက်ခင်း လို့ အဓိပ္ပာယ်ရတဲ့ “ဘွယ်နော့စ်ဒီရဲ့စ်” နဲ့ မင်္ဂလာနေ့လည်ခင်း လို့ အဓိပ္ပာယ်ရှိတဲ့ “ဘွယ်နော့စ်တာဒဲစ်” စတဲ့ စကားတွေနဲ့ နှုတ်ဆက်ပြောဆိုကြတယ်။ အယ်လ်ဆာဗေးဒေါနိုင်ငံရဲ့ ကျေးလက်ဒေသတွေနဲ့ မြို့ငယ်လေးတွေမှာဆိုရင် လမ်းမှာတွေ့တဲ့အခါ တစ်ယောက်ကိုတစ်ယောက် နှုတ်မဆက်ဘဲသွားတာကို ရိုင်းပြတဲ့ အပြုအမူအဖြစ် ရှုမြင်ကြတယ်။

အမျိုးသမီးတစ်ဦး ကော်ဖီသီးဆွတ်ခူးနေ

ကော်ဖီစိုက်ပျိုးခြင်းက အယ်လ်ဆာဗေးဒေါနိုင်ငံရဲ့ သမိုင်းကြောင်းမှာ အကြီးအကျယ်သြဇာလွှမ်း

အယ်လ်ဆာဗေးဒေါလူမျိုးတွေရဲ့ အနှစ်သက်ဆုံးအစားအစာကတော့ ပြောင်းမှုန့် ဒါမှမဟုတ် ဆန်မှုန့်နှစ်ထဲမှာ အမဲသား၊ ပဲ၊ ဒိန်ခဲနဲ့ တခြားအရာတွေ အစာသွတ်ထားတဲ့ ပူပူးစာ ဖြစ်ပါတယ်။ ပူပူးစာကို ခရမ်းချဉ်သီးအချဉ်ရည်အပြင် ဂေါ်ဖီ၊ မုန်လာဥ၊ ကြက်သွန်နီတို့ကို ငရုပ်သီး၊ ရှာလကာရည်နဲ့ ရောသုတ်ထားတဲ့ ကာတီဒိုနဲ့တွဲဖက်ပြီး စားကြတယ်။ တချို့က ဇွန်း၊ ခက်ရင်းနဲ့စားကြပေမဲ့ ရိုးရာဓလေ့ကတော့ လက်နဲ့စားတာ ဖြစ်ပါတယ်။

Pupusas

အယ်လ်ဆာဗေးဒေါလူမျိုးတွေရဲ့ အနှစ်သက်ဆုံးအစားအစာ ပူပူးစာ

လို့စ် တဲစီရို့စ် ရေတံခွန်

လို့စ် တဲစီရို့စ် ရေတံခွန်၊ ဆူချီတိုတိုမြို့

ဒီအချက်ကို သိပါသလား။ အယ်လ်ဆာဗေးဒေါနိုင်ငံဟာ မီးတောင် ပေါများတဲ့နိုင်ငံ ဖြစ်ပါတယ်။ မီးတောင်ပေါင်း ၂၀ ကျော်ရှိပြီး တချို့က မီးတောင်ရှင်တွေဖြစ်တယ်။ လို့စ် တဲစီရို့စ် ရေတံခွန်ဟာ မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဆဋ္ဌဂံပုံစံရှိတဲ့ ကျောက်ဆောင်တွေပေါ်ကနေ စီးဆင်းနေပါတယ်။

အယ်လ်ဆာဗေးဒေါနိုင်ငံမှာ ယေဟောဝါသက်သေ ၃၈,၀၀၀ ကျော်ရှိပြီး အသင်းတော် ၇၀၀ နီးပါးခန့်ရှိပါတယ်။ ယေဟောဝါသက်သေတွေဟာ ကျမ်းစာလေ့လာလိုသူ ၄၃,၀၀၀ ခန့်ကို စပိန်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ အယ်လ်ဆာဗေးဒေါ လက်သင်္ကေတပြ ဘာသာစကားတွေနဲ့ ကူညီပေးနေကြပါတယ်။

အချက်အလက်အကျဉ်း

  • လူဦးရေ– ၆,၂၆၇‚၀၀၀

  • မြို့တော်– ဆန်ဆာဗေးဒေါ

  • ရုံးသုံးဘာသာစကား– စပိန်ဘာသာစကား

  • ရာသီဥတု– ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကုန်းတွင်းမြေပြန့်ဒေသတွေမှာ ပူနွေးပြီး၊ တောင်ပေါ်ဒေသတွေမှာ အေးမြ

  • နယ်မြေအနေအထား– တောင်ကုန်း၊ တောင်တန်း အများစုမှာ ညီညာပြန့်ပြူးတဲ့ ကုန်းပြင်မြင့်တွေရှိ

ဉာဏ်စမ်းပဟေဠိ

မှားလား၊ မှန်လား ဖြေပါ။

  1. အယ်လ်ဆာဗေးဒေါနိုင်ငံဟာ ဗဟိုအမေရိကမှာ အသေးငယ်ဆုံးနိုင်ငံဖြစ်တယ်။

  2. အယ်လ်ဆာဗေးဒေါနိုင်ငံဟာ ဗဟိုအမေရိကမှာ လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်တယ်။

  3. အယ်လ်ဆာဗေးဒေါနိုင်ငံရဲ့ အစားအစာတွေက အရမ်းစပ်တယ်။

  4. ကော်ဖီစိုက်ပျိုးခြင်းက အယ်လ်ဆာဗေးဒေါနိုင်ငံရဲ့သမိုင်းကြောင်းမှာ ဩဇာလွှမ်းမိုးခဲ့တယ်။

အဖြေ– က၊ ခ၊ ဃ မှန်၊ ဂ မှား။ နိုင်ငံခြားခရီးသည်တွေက အယ်လ်ဆာဗေးဒေါနိုင်ငံရဲ့ အစားအစာတွေက သိပ်မစပ်ဘဲ စားလို့အနေတော်ဖြစ်ကြောင်း ပြောဆိုကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ