ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၂/၁၄ စာ. ၁၀-၁၁
  • မျက်ပြူးကိုယ်သေး သတ္တဝါလေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မျက်ပြူးကိုယ်သေး သတ္တဝါလေး
  • နိုးလော့!—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထူးဆန်းလှတဲ့ သင့်ခန္ဓာကိုယ်အတွက် ကျေးဇူးတင်ပါ
    နိုးလော့!—၂၀၁၁
  • ယုံကြည်ခြင်းအစွမ်း
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
  • တောကြီးမျက်မည်းထဲ၌ သားပေါက်လေးကို ပြုစုပျိုးထောင်ပေးခြင်း
    နိုးလော့!—၂၀၀၂
  • မြင်းခြေထောက်
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၁၂/၁၄ စာ. ၁၀-၁၁
တာရှာမျောက်ငယ်လေး

မျက်ပြူးကိုယ်သေး သတ္တဝါလေး

အများစုကတော့ ချစ်စရာလေးလို့ပြောပြီး တချို့ကျတော့လည်း ထူးဆန်းတယ်ဆိုပြီး ပြောတယ်။ သူ့မှာ ခြေတံရှည်ရှည်၊ နူးညံ့တဲ့အမွေးတွေရှိပြီး ပြူးပြောင်နေတဲ့ မျက်လုံးကြီးတွေရှိတယ်။ ကိုယ်ခန္ဓာက ငါးလက်မလောက်ပဲရှိပြီး ကိုယ်အလေးချိန်က လေးအောင်စလောက်ပဲရှိတယ်။ အဲဒါက ဘာအကောင်လေးလဲ။ တာရှာလို့ခေါ်တဲ့ မျောက်အငယ်စားတစ်မျိုးဖြစ်တယ်။

ဖိလစ်ပိုင်တာရှာမျောက်ငယ်လေးကို အနီးကပ်လေ့လာကြည့်ရအောင်။ သူ့ရဲ့ မျက်စိ၊ နားရွက်၊ လက်၊ ခြေထောက်နဲ့ အမြီးတွေက သူ့ရဲ့သေးငယ်တဲ့ ခန္ဓာကိုယ်နဲ့စာရင် ကြီးမားနေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီတစ်မူထူးခြားနေတဲ့ အကောင်လေးအကြောင်းကို အနီးကပ် လေ့လာကြည့်မယ်ဆိုရင် အံ့ဩစရာကောင်းတဲ့ လက်ရာကိုတွေ့မြင်နိုင်တယ်။

အကြားအာရုံ– တာရှာမျောက်ငယ်ရဲ့ နားရွက်တွေက စက္ကူလိုပဲ ပါးလွှာတဲ့အပြင် လိပ်လို့၊ ဖြန့်လို့ရသလို အသံသဲ့သဲ့လေးတွေကိုလည်း ကြားနိုင်ကြတယ်။ ဒါကြောင့် တောကြောင်တွေရဲ့ သားကောင်ဖြစ်သွားတာမျိုးကို ရှောင်နိုင်သလို ကိုယ်တိုင်ကလည်း သားကောင်တွေကို နားစွင့် ခြေရာခံနိုင်ကြတယ်။ ညအမှောင်ထဲမှာတောင် ပုရစ်၊ ခြ၊ ပိုးတောင်မာ၊ ငှက်နဲ့ ဖားတွေရဲ့ အသံတွေကိုလည်း ကြားနိုင်၊ ခြေရာခံနိုင်တယ်။ အဲဒီအခါ ပြူးကျယ်ဝိုင်းစက်တဲ့မျက်လုံးတွေနဲ့ သားကောင်ရှိရာကို ဦးတည်သွားတယ်။

မြဲမြဲဆုပ်ကိုင်– တာရှာမျောက်ငယ်တွေမှာ သစ်ကိုင်းငယ်လေးတွေကိုတောင် မြဲမြဲဆုပ်ကိုင်နိုင်တဲ့ အံ့ဩစရာကောင်းတဲ့ လက်ကလေးတွေရှိတယ်။ သူ့ရဲ့လက်ချောင်းထိပ်တွေမှာ တာယာမှာပါတဲ့ အက်ကြောင်းတွေလို အက်ကွဲရာလေးတွေရှိတယ်။ တာရှာမျောက်ငယ်တွေဟာ အိပ်နေချိန်မှာတောင် မြဲမြဲဆုပ်ကိုင်ထားကြတယ်။ အမြီးရှည်ရှည်ရဲ့အောက်ဘက်အပိုင်းမှာ အမြောင်းလေးတွေရှိနေတာကြောင့် အိပ်ပျော်နေတာကနေ နိုးတဲ့အချိန်အထိ နဂိုအတိုင်း ပုံစံမပျက်ရှိနေအောင် ကူညီပေးတယ်။

အမြင်အာရုံ– ဘယ်နို့တိုက်သတ္တဝါမှာမှ ခန္ဓာကိုယ်အရွယ်အစားနဲ့ယှဉ်ရင် သူ့လိုမျိုးမျက်လုံးတွေ ကြီးမားနေတာမျိုး မရှိပါဘူး။ တာရှာမျောက်ငယ်ရဲ့ မျက်လုံးတွေက ဦးနှောက်ထက် ပိုပြီးကြီးမားနေတာကို တွေ့ရတယ်။ တာရှာမျောက်ငယ်ရဲ့ မျက်လုံးတွေက စွေကြည့်လို့မရဘဲ အရှေ့တည့်တည့်ကိုသာ ကြည့်နိုင်လို့ အဲဒီ အကောင်လေးက ချွတ်ယွင်းချက်ကြီးနဲ့လို့ မဆိုနိုင်ဘူး။ သူ့ရဲ့လည်ပင်းက ဘေးဘီကိုကြည့်နိုင်အောင် ၁၈၀ ဒီဂရီလှည့်နိုင်စွမ်း ရှိပါတယ်။

လျင်မြန်ဖျတ်လတ်မှု– တာရှာမျောက်ငယ်က သူ့ရဲ့အရပ်အရှည်ထက် အဆ ၄၀ ကျော်လောက်ရှိတဲ့ ပေ ၂၀ အကွာအဝေးအထိ ခုန်နိုင်တဲ့ အင်အားရှိတာကို တွေ့ရတယ်။ ညအချိန်မှာ သားကောင်ရှာလေ့ရှိပြီး သူရဲ့လက်တွေနဲ့ သားကောင်ကို မိမိရရ ဖမ်းဆွဲနိုင်တာကိုလည်း တွေ့ရတယ်။

တာရှာမျောက်ငယ်တွေကို လှောင်အိမ်တွေနဲ့ မွေးဖို့မလွယ်တာက ပိတ်လှောင်မှုကို မနှစ်သက်တဲ့အပြင် အစားကြီးတဲ့အတွက်ကြောင့်လည်း ဖြစ်တယ်။ ဒါပေမဲ့လည်း ထူးခြားဆန်းကြယ်တဲ့ ဒီသတ္တဝါလေးတွေဟာ ဖိလစ်ပိုင်လူမျိုးတွေရဲ့ အသည်းစွဲဖြစ်နေတုန်းပါပဲ။ ဒီချစ်စရာကောင်းတဲ့ တောတွင်းနေ မျက်ပြူးကောင်လေးတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း အားလုံးဟာ တကယ့်ကို အံ့ဩစရာကောင်းလှတယ်။

တာရှာမျောက်ငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်း

လက်ဖဝါးပေါ်မှာ တင်ထားတဲ့ တာရှာမျောက်ငယ်လေး

၁၉၉၇ ခုနှစ်မှာ ဖိလစ်ပိုင်အစိုးရက ဖိလစ်ပိုင်တာရှာမျောက်ငယ်တွေဟာ “အထူးထိန်းသိမ်းစောင့်ရှောက်” ခံရတဲ့ မျိုးစိတ်ဖြစ်တယ်လို့ ကြေညာခဲ့တယ်။ ဒါကြောင့် သူတို့ကို ဖမ်းဆီးတာ၊ သူတို့ နေတဲ့နေရာတွေကို ဖျက်ဆီးပစ်တာ၊ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးတာကတောင် တရားမဝင်ဘူး။ တာရှာမျောက်တွေက ဖိလစ်ပိုင်လူမျိုးတွေရဲ့ ချစ်ခင်ယုယမှုကို ခံရပြီး ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေကိုလည်း ဆွဲဆောင်နိုင်စေတုန်းပါပဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ